တောင်-မြောက်ကိုရီးယားတို့ ပူးပေါင်းယှဉ်ပြိုင်မယ့် “ဆောင်းရာသီအိုလံပစ်”

ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲကို Pyeongchang မြို့မှာကျင်းပခဲ့ရာ ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေ၊ အမေရိကန် ဒုတိယသမ္မတ Mike Pence နဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ညွှန့်ပေါင်းအသင်းဟာ United Korea အလံတော်တစ်ခုအောက်မှာ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်မှ သမ္မတကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်လည်း ဒီဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး၊ ကမ္ဘာကျော်အကစတိုင်ဖြစ်တဲ့ “Gangnam Style” အကနဲ့လည်း တင်ဆက်ခဲ့ပါတယ်။ တောင်ကိုရီးယား ရွှေတံဆိပ်ဆုရှင် Yuna Kim က အုံလံပစ်မီးရှုးတိုင်ကို ထွန်းညှိပေးခဲ့ပြီး၊ အောက်မှာ ဖော်ပြထားတာတွေကတော့ အိုလံပစ်ပွဲတော်ရဲ့ အကောင်းဆုံး မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။

(၁) တောင်ကိုရီးယားအလံကိုင်အဖွဲ့

(၂) ရာသီခွင်ပုံစံ တင်ဆက်မှု

(၃) အမေရိကန် ကိုစားပြုအသင်း

(၄) အမေရိကန် ဒုသမ္မတ

(၅) ကိုရီးယားညွန့်ပေါင်းအသင်း

(၆) John Lennon ရဲ့ “Imagine” သီချင်းတင်ဆက်မှု

(၇) Olympic flag

(၈) မဆုံးနိုင်တဲ့ အကပဒေသာ

(၉) တောင်ကိုရီးယားသမ္မတ၊ မြောက်ကိုရီးယားသမ္မတရဲ့ ညီမတို့ ရင်းရင်းနီးနီး

နတ်စည်တော် (Shwemom)

READ
ကမ္ဘာတစ်ဝှမ်းက အန္တရာယ်အများဆုံး အလုပ်အကိုင် (၁၀)မျိုး

Source : someecards.com

SHARE