LGBT ကို ထောက်ခံအားပေးထားတဲ့ ကမ္ဘာကျော် ရုပ်ရှင်ကားကောင်းများ

flicks.co.nz/google.com/pinterest- Alice Alice-🌹Renee Lawless

ဇွန်လကတော့ လိင်တူချစ်သူတွေကို ဂုဏ်ပြုပေးဖို့အတွက် သတ်မှတ်ထားတဲ့ ပျော်ရွှင်စရာ၊ဂုဏ်ယူစရာ Pride Month ဖြစ်တယ်ဆိုတာ LGBT ချစ်သူတွေတိုင်း သိကြမှာပါ။ ဒါကြောင့် ဒီကနေ့မှာတော့ LGBT ကို ထောက်ခံအားပေးကြောင်း ရိုက်ပြထားတဲ့ ကမ္ဘာကျော် ရုပ်ရှင်ကားကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

Pride

Margaret Thatcher အာဏာရနေတဲ့အချိန် ၁၉၈၄ ခုနှစ် မတ်လလောက်မှာ မိုင်းတွင်းအလုပ်သမားတွေက သပိတ်မှောက်နေခဲ့တာဖြစ်ပါတယ်။ မတ်လကတော့ လန်ဒန်မြို့မှာ Pride Month ဖြစ်တာကြောင့် လိင်တူချစ်သူတွေ ဖွဲ့ထားပြီး gay တွေ lesbian တွေပါဝင်အဖွဲ့ဟာ မိုင်းတွင်းမိသားစုတွေအတွက် ထောက်ပံ့ပေးနိုင်ဖို့ ရန်ပုံငွေစတင်ရှာဖွေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း မိုင်းတွင်း အလုပ်သမားအချိုက သူတို့ရဲ့ အကူအညီကို ငြင်းဆန်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

READ
ဝီလ်စမစ်ရဲ့ ၀င်ငွေ အများဆုံး ဇာတ်ကား (၅)ကား

Milk

ဒီဇာတ်လမ်းကတော့ ဂေးဖြစ်ကြောင်းကို ဝန်ခံခဲ့တဲ့ ပထမဆုံးကယ်လီဖိုးနီးယားပြည်နယ်သား Milk အကြောင်းကို ရိုက်ထားတာဖြစ်ပြီး သူကတော့ အမေရိကမှာ ဂေးတွေအတွက် အခွင့်အရေးတွေ ရအောင်တိုက်ခိုက်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Beautiful Thing

ဒီဇာတ်ကားကတော့ ရှက်တတ်တဲ့ကောင်လေး Jamie နဲ့ အားကစားသမားလေး Ste တို့ရဲ့ ဆယ်ကျော်သက်အရွယ်အချစ်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းကတော့ ရယ်စရာ၊ဝမ်းနည်းစရာ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်အိမ်လေးပါ။

Show Me Love

သွက်လက်ပြီး ပေါ်ပြူလာဖြစ်တဲ့ ခပ်ရှုပ်ရှုပ် ကောင်မလေး Elinနဲ့ မိန်းမချင်းစိတ်ဝင်စားသူဖြစ်လို့ ကျောင်းမှာ အပယ်ခံထားရတဲ့ ခပ်အေးအေး ကောင်မလေး Agnes တို့ရဲ့ ချစ်စရာကောင်းတဲ့ အချစ်ဇာတ်လမ်လေးဖြစ်ပါတယ်။ Agnes ကတော့ Elin အပေါ်ကို စိတ်ဝင်စားနေတာဖြစ်ပြီး သူမရဲ့ ခံစားချက်တွေဖွင့်ဟပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

READ
အချိန်ယူကုသရမယ့် အနေအထားရှိနေတဲ့ ဝေဠုကျော်ရဲ့ ကျန်းမာရေးအခြေအနေ

The Way He Looks

ဒီဇာတ်ကားကတော့ ပေါ်တူဂီဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ နေရတဲ့ မျက်စိမမြင်တဲ့ကောင်လေး Leonardo ဟာ ကိုယ်တိုင်ရပ်တည်နိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်Leonardo ဟာ နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ကြိုးစားခဲ့ပေမဲ့   Gabriel ဆိုတဲ့ကျောင်းသားအသစ်လေးကို သူ့ရဲ့ အတန်းထဲကို ပြောင်းလာတဲ့နောက်မှာတော့ သူရဲ့ အစီအစဉ်တွေ ပြောင်းလဲသွားခဲ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။

April (ShweMoM)

 

SHARE