တရုတ်မင်းသားကြီး ဂျက်ကီချန်းရဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများ

IMDb/Sony Pictures Entertainment

မင်းသားကြီး ဂျက်ကီချန်းကတော့ ဟာသရုပ်ဆောင်၊အက်ရှင်မင်းသားတစ်ယောက်အဖြစ်နဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ နာမည်ကျော်တဲ့ ကမ္ဘာကျော် စတားတစ်ယောက်ဖြစ်ပါတယ်။ ဂျက်ကီချန်းကို အားပေးကြတဲ့ ပရိသတ်တွေအတွက် မင်းသားကြီး ဂျက်ကီချန်းပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

Bleeding Steel

ဒီကားထဲမှာတော့ ဂျက်ကီချန်းက ဟောင်ကောင်ရဲအရာရှိ Lin Dong အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရဲအရာရှိ Lin Dong ကတော့ သူရဲ့ ပျောက်ဆုံးနေတဲ့သမီးဖြစ်သူက ဇီဝဓါတု နည်းပညာတစ်ခုအတွက် အသုံးချခံနေရတယ်ဆိုတာသိပြီးတဲ့နောက် ဟက်ကာတစ်ယောက်ရဲ့ နည်းပညာအကူအညီကို ရယူပြီး သူ့ရဲ့ သမီးဖြစ်သူကို ကယ်တင်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

The Spy Next Door

ဒီဇာတ်ကားမှာတော့ ဂျက်ကီချိန်းက CIA ရဲ့ လျှို့ဝှက်ထောက်လှမ်းရေး Bob Ho အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Bob Ho ကတော့ အလုပ်ကနေထွက်ပြီး သူရဲ့ကောင်မလေးနဲ့ လက်ထပ်ခဲ့ပါတယ်။ ဒါပေမဲ့တစ်ရက်မှာတော့ သူ့ကောင်မလေးရဲ့ ကလေးတွေကို ထိန်းပေးရင်းနဲ့ ပြဿနာအကြီးကြီးတစ်ခုတက်ခဲ့ပါတယ်။ ကလေးတွေထဲက တစ်ယောက်က ထိပ်တန်းနည်းပညာတစ်ခုကို မှားပြီးတော့ ဒေါင်းလုတ်ဆွဲခဲ့တဲ့နောက် ရုရှားအကြမ်းဖက်တွေက Bob Ho ရဲ့ မိသားစုကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာဖြစ်ပါတယ်။

READ
သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲသို့ တက်ရောက်ခဲ့တဲ့ ဆောင်ဂျွန်ကီ

The Karate Kid

ဒီဇာတ်လမ်းကတော့ မိခင်ဖြစ်သူရဲ့အလုပ်ကြောင့် တရုတ်နိုင်ငံကို ပြောင်းလာရတဲ့ ကောင်လေး Dre Parkerဟာ သူစိမ်းမြေမှာ အနေစိမ်းနေခဲ့ပြီး သူကောင်းကောင်းတက်တာဆိုလို့ ကာရာတေးနည်းနည်းပါးပါးပဲရှိပါတယ်။ ဒါပေမဲ့လည်း သူ့ကို အနိုင်ကျင့်နေတဲ့ ကျောင်းက Chengကို မယှဉ်နိုင်ပါဘူး။ အဲဒီနောက်မှာတော့ Dre ဟာ ကိုယ်ခံပညာရှင် Mr. Han နဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ အခြေအနေတွေ၊စိတ်နေစိတ်ထားတွေ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

CZ12

ဒီဇာတ်လမ်းကတော့ ရတနာရှာဖွေတဲ့ ဂျက်ကီချန်းနဲ့ သူရဲ့ အဖွဲ့သားတွေ ၁၉ ရာစုနှစ်က ဘေဂျင်းနန်းတော်မှာ အခိုးခံလိုက်ရတဲ့ တရုတ်ရာသီခွင်ကြေးခေါင်းကို ပြန်လည်ရှာဖွေတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

The Myth

ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက် သူရဲ့ အရင်ဘဝက စစ်သားတစ်ယောက်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သတ်ပြီး အိပ်မက်တွေ မက်လာခဲ့တဲ့နောက် တရုတ်ပထမဆုံး ဘုရင်ရဲ့ ဂူဗိမ်ာန်ကို သွားရောက်ရှာဖွေဖို့ ဖိတ်ကြားခံရခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ အိပ်မက်ထဲက အဖြစ်အပျက်တွေနေရာတွေ တိုက်ဆိုင်မှုတွေကို သိရှိလာတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

READ
Instagram မှာ ရိုနေကြတဲ့ ရွှေထူးတို့စုံတွဲ

AP

SHARE