အားလပ်ရက်မှာ အချိန်ပေး ဖတ်သင့်တဲ့ စာအုပ်(၄) အုပ်

Image:pixabay (by Pexels )

အများပြည်သူပိတ်ရက်တွေ  အိမ်တွင်းအောင်းကြမယ့် သူလေးတွေ အတွက် အိမ်မှာ ဇိမ်ကျကျအေးအေး ဆေးဆေး အနားယူလို့ရမယ့် နည်းလေးတစ်ခုရှိပါတယ်။စာဖတ်ပြီး အနားယူကြည့်ပါ။စာဖတ်ခြင်းက စိတ်ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပါ တယ်။အိမ်မှာ အေးအေး ဆေးဆေး နားပြီး စာဖတ်မယ်စိတ်ကူးထားရင်တော့ ဖတ်လို့ ကောင်းတဲ့ စာအုပ် တစ်ချို့ကို ဝေမျှ ပေးချင်ပါတယ်။ Shwemom စာဖတ်သူတွေ ရော အားလပ်ရက်မှာ ဘာစာအုပ်တွေ ဖတ်ဖြစ်လဲ.? ကိုယ်ကြိုက်တာလေးတွေကိုပဲ ရွေးချယ်ပေးထားတာမို့ တခြားစာအုပ်ကောင်းလေးတွေ ရှိရင်လည်း ဝေမျှ ခဲ့အုံးနော်…။

(၁)ကိုယ်တိုင် သိရှိသွားမှု(ဇဏ်ခီ)

စာစ ဖတ်မယ်ဆိုရင် စာအုပ်အထူကြီးထက် စာအုပ်ပါးပါးလေးနဲ့ အရင် စဖတ်ပြီး အရှိန်ယူတာ အကောင်းဆုံးမို့ ဒီစာ အုပ်လေးကို နံပါတ်တစ်နေရာမှာ ရွေးပေးဖြစတာပါ။ ဇဏ်ခီက သူ့ရဲ့ Fb  မှာ တင်တဲ့ စာလေးတွေ ကို သဘောကျတော့ သူရေးတဲ့ စာအုပ်က ဘယ်လိုလေးများ လဲ ဆိုပြီး စပ်စုချင်စိတ်နဲ့ ၀ယ်ဖတ်မိလိုက်တာပါ။ ဒီစာအုပ်ဟာ အခုဆိုရင် ဒုတိယ အကြိမ် ပြန်ထုတ်ဝေတာပါ။စာအုပ်လေးမှာတော့ စာရေးသူက ပေးထားတဲ့ ခေါင်းစဉ်အတိုင်း သူကိုယ်တိုင် တွေ့ရှိထားတဲ့ အရာလေးတွေကို ပြန်ဝေမျှ ထားတာပါ။မာတိကာ ခေါင်းစဉ် ခွဲ က (၁၈)ခုရှိပါတယ်။ဘာသာရေး နဲ့ ယှဉ်ပြီး သူ့ရဲ့ အတွေးအခေါ် လေးတွေကို ရေးပြထားတာပါ။စာရေးသူနဲ့ ကိုယ် တွေးတဲ့ ပုံတွေ ကတော့ တစ်ရာရာ ခိုင်နှုန်းတော့ ထပ်တူ မကျခဲ့တာတွေ ရှိပါတယ်။အကြိုက်ဆုံး ကတော့  “ Power of One..” ဆိုတဲ့ ခေါင်းစဉ်ေ အာက်မှာ ရေးပြသွားတဲ့ မေတ္တာစွမ်းအား ဆိုတဲ့ အကြောင်းအရာလေး ကိုတော့ တော်တော်လေး သဘောကျမိပါ တယ်။ခြုံပြောရင်တော့ ဖတ်လို့ ကောင်းတဲ့ စာအုပ်လေးပါ။

READ
ခရီးအတူတူမသွားသင့်တဲ့ လူ(၅)မျိုး

(၂)တိမ်နဲ့ချည်တဲ့ ကြိုး(ဂျူး)

အများပြည်သူပိတ်ရက်ရှည်ရနေတဲ့ အချိန် ကိုယ်ဘယ်မှ မသွားရလို့ စိတ်ညစ်နေမယ်ဆိုရင် တော့ “ တိမ်နဲ့ချည်တဲ့ ကြိုး “ စာအုပ်လေးကို ဖတ်ပြီး ချင်းပြည်နယ်ကို အလည်သွားလို့ ရပါတယ်။ဒီစာအုပ်လေးထဲမှာ တော့ ချင်းပြည်နယ်ကို နောက်ခံ ထားပြီး ဇာတ်လမ်းဖွဲ့ ထားတာပါ။စာဖတ်သူကို တကယ်ပဲ ချင်းပြည်နယ်ကို ရောက်သွားသလို မျိုးကို ခံစား ရစေတဲ့ စာအုပ်ကောင်းလေးပါ။စာအုပ်အထဲမှာတော့ မင်းသားကြီး လွင်မိုးရဲ့ လက်ရာ ဓါတ်ပုံလေးတွေ ကို ထည့်ထား ပါတယ်။ဝတ္ထုရဲ့ ဇာတ်လမ်းဇာတ်အိမ် တစ်ခုလုံးကို သဘောကျပေမယ့် နောက်ဆုံးဇာတ်သိမ်းကိုတော့ သိပ်ဘ၀င်မ ကျခဲ့ပါဘူး (ကိုယ့် Feeling ပါ..) ။မဖတ်ဖူးသေးရင် ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်။ဘ၀မှာ တစ်ကြိမ် လောက်တော့ ဖတ်ကြည့်သင့် တဲ့ စာအုပ်ေ ကာင်းလေးပါ။ချင်းပြည်နယ်ကို တစ်ခေါက်ေ ရာက်သွားသလို မျိုးကို ခံစားရစေတဲ့ လေးပါ။

(၃)သုခမြေပုံ (ချမ်းမြေ့ဝင်း)

“ဂရုမစိုက်ခြင်း အနုပညာ” ဆိုတဲ့ စာအုပ်နဲ့ နာမည်ကြီးခဲ့တဲ့ ချမ်းမြေ့ဝင်းရဲ့ နောက်ထပ်လက်ရာကောင်း စာအုပ် ကော င်းတစ်အုပ်ပါ။ပိတ်ရက်မှာ ဘယ်မှ မသွားရလို့ စိတ်ညစ် နေတဲ့ သူတွေ ဒီစာအုပ်ကို ဖတ်ပြီး ကမ္ဘာပတ်လို့ရပါ တယ်။ ဒီစာအုပ်ကတော့ ခရီးသွားမှတ်တမ်း  စာအုပ်တစ်အုပ်လို့ ပြောလို့ရပါတယ်။နိုင်ငံတွေ အများကြီးကို ခရီးသွားရပြီး ရခဲ့ တဲ့ အတွေ့ အကြုံတွေကို နိုင်ငံ အလိုက်  ပြန်လည် ဝေမျှ ထားတာပါ။Eric Weiner ရဲ့  “Bestseller စာအုပ်ေ ကာင်းတစ်အုပ်ဖြစ်တဲ့ “The Geography of Bliss “ ကို ချမ်းမြေ့ဝင်းက ဘာသာပြန်ဆိုထားတာပါ။သာမန် ခရီး သွားမှတ်တမ်းမျိုးမဟုတ်ပဲ ခရီးသွားအတွေ့ အကြုံ နဲ့ သူသွားခဲ့တဲ့ နိုင်ငံတွေမှာ နေထိုင်ကြသူတွေရဲ့ ပျော်ရွှင်ခြင်း အပေါ် ထားတဲ့ ခံယူချက်တွေကိုပါ ဝေမျှ  ပေးထားတာပါ။တကယ်လည်း ဖတ်လို့ ကောင်းတဲ့ စာအုပ်ကောင်းလေးပါ။

READ
ကိုယ့်ကိုယ်ကိုလက်ခံတတ်လာအောင် ကြိုးစားနည်းများ

(၄)သက်တံတို့ဖြင့် ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ (ဂျူး)

တခြားစာအုပ်ကောင်းတွေ လည်း အများကြီးရှိပေမယ့် ဆရာမ ဂျူးရဲ့ ပရိသတ်မို့ နောက်ဆုံး စာအုပ်ကိုလည်း ဆရာမရဲ့ စာအုပ်လေးကိုပဲ ရွေးချယ်ပေးချင်ပါတယ်။ဆရာ မဂျူးကတော့  စာအုပ်တစ်အုပ်ရေးမယ်ဆိုရင် သေချာ လေ့လာပြင်ဆင်ပြီးမှ ရေးတတ်သူပါ။ဒါကြောင့်လည်း ဆရာမရဲ့ စာအုပ်သစ်တစ်အုပ်ကို ဖတ်ခွင့်ရဖို့ ဆိုရင် နှစ်နဲ့ ချီပြီး စောင့်ရတာမျိုးတွေရှိပါတယ်။ဒီစာအုပ်လေးကတော့ (၂၀၁၈) ဇွန်က မှ ထုတ်ဝေထားတဲ့ စာအုပ်လေးပါ။သေချာ အချိန်လေး ပေးနိုင်ပြီဆိုမှ ဖတ်သင့်တဲ့ စာအုပ်လေးပါ။(ဘာလို့ ဒီလို ပြောလဲဆိုရင်တော့ ဖတ်ကြည့်ရင်သိပါလိမ့်မယ် :P)။မြန်မာ့လက်ရက်ကန်းထည်တွေ ရဲ့ အကြောင်း နဲ့ လှပတဲ့ ချစ်ခြင်းမေတ္တာတွေရဲ့အကြောင်းကို ဒီစာအုပ်ထဲမှာ နူးနူးညံ့ညံ့ လှလှပပလေး ပုံဖော်ထားပါတယ်။

#SHWEMOM

SHARE