ကပ်ရောဂါ အန္တရာယ်ဆိုး အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကား (၆) ကား

Image:imdb

ကပ်ရောဂါ အန္တရာယ်ဆိုး အကြောင်းကို ပုံဖော်ထားတဲ့ ဇာတ်ကားတွေ အများကြီးရှိပါတယ်။တစ်ချို့က ဇွန်ဘီ ၊တစ် ချို့က  ရောဂါ ကပ်ဆိုး အကြောင်းကို ရိုက်ပြီး ပုံဖော် ထားတာပါ။ဒီကားတွေ ကို ကြည့်မယ်ဆိုရင် တော့ အရေး ကြုံ လာရင် မိုက်ရူးရဲဆန်တတ်တဲ့ လူသားတွေ၊အသိဥာဏ်မရှိတဲ့လူသားတွေ နဲ့ ကိုယ်ကျိုး အတ္တတစ်ခုတည်းကိုသာ ကြည့်တတ်တဲ့ လူတွေရဲ့ စရိုက် လက္ခဏာတစ်ချို့ကိုလည်း  တွေ့ရမှာပါ။အ ရေးကြုံလာရင် ဘယ်လို မှန်ကန်စွာ နေထိုင် ရမလဲ ဆိုတာ တွေကိုလည်း ဒီလို ဇာတ်ကားတွေကို ကြည့်ပြီး ယူတတ်ရင် ပညာရ ပါတယ်။

93 Days (2016)

အရင်ဆုံး ရွေးချယ်ပေး ချင်တဲ့ ဇာတ်ကား ကတော့ 93 Days (2016) ဆိုတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား ကိုတော့ ဒါရိုက်တာ Steve Gukas ကရိုက်ခဲ့တာပါ။(၂၀၁၄)တုန်းက နိုင်းဂျီးရီးယားမှာ ဖြစ်ပွားခဲ့တဲ့ အီဘိုလာ(Ebola) အ ကြောင်းကို ရိုက်ထားတာပါ။တကယ့်ဖြစ်ရပ်မှန်ကို ပြန် ရိုက်ကူးထားတာပါ။ Ameyo Adadevoh  ဆိုတဲ့ ဆရာဝန်မ ကတော့ နိုင်ဂျီးရီးယားမှာ အီဘို လာ ဗိုင်းရပ်စ် အကြီးအကျယ် ပြန့် နှံ့ ကူးစက် မယ့် အရေးကို ထိန်းချုပ် ဟန့် တားပေးခဲ့သူပါ။Liberia အစိုးရ ကနေ ဖိအားတွေ ပေး နေတဲ့ ကြားက patient zero ဖြစ်တဲ့ Patrick Sawyer ကို quarantine ရ အောင် လုပ်ခဲ့သူပါ။(၂၀၁၄)သြဂုတ် မှာတာ့ သူ မကိုယ်တိုင်လည်း အီဘိုလာ ကူးစက်ခံခဲ့ရပြီး (၂၀၁၄)သြဂုတ် (၁၉)မှာတော့ ကွယ်လွန်ခဲ့ရပါတယ်။

Carriers (2009)

ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်နေလို့ လူတွေ  သေ နေကြတဲ့ အချိန်မှာ ညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ Brian နဲ့ Danny တို့ဟာ သူတို့ရဲ့ ချစ်သူ တွေနဲ့ အတူတူ  အမေရိကန်  အနောက် တောင်ပိုင်းက ကမ်းခြေ ကို ခရီး နှင်ခဲ့ပါတယ်။လမ်းမှာတော့  တစ်စိမ်းတစ်ယောက်ဖြစ်တဲ့ Frank Holloway နဲ့ ဗိုင်းရစ်ကူးစက်ခံထားရတဲ့ သူ့ရဲ့ သမီး လေး Jodie တို့ နဲ့ ဆုံခဲ့ပါတယ်။မတက်သာတော့ပဲ သားအ ဖနှစ်ယောက်ကို ကူညီဖို့ ဖြစ်လာခဲ့ပါတယ်။အဲ့ဒီ နောက် မှာတော့ ဘယ်လို အခက်အခဲတွေနဲ့ ကြုံရမလဲ ဆိုတာကို ဒီကားထဲမှာ တွေ့ရမှာပါ။

READ
ပရိသတ်စိတ်ဝင်စားမှု မြင့်တတ်နေတဲ့ " တဖက်သတ် "

Flu (2013)

ကပ်ရောဂါ အကြောင်း ရိုက်ထားတဲ့ ကိုရီးယားဇာတ်ကား ကောင်းလေးပါ။ဒါရိုက်တာ Kim Sung-su က ရိုက်ထား တာပါ။ကူးစက်ခံရပြီး (၃၆)နာရီ အတွင်း သေဆုံးတဲ့ H5N1 ကပ်ရောဂါ အကြောင်းကို ရိုက်ထားတာပါ။ဒီကားမှာတော့ Jang Hyuk နဲ့ Soo Ae တို့က အဓိက နေရာက နေ ပါဝင်ထားပါတယ်။မိုက်ရူးရဲ ဆန်ပြီး အသိဥာဏ် မရှိတဲ့ လုပ်ရပ် တွေကို လုပ်နေမယ်ဆိုရင်တော့ တကယ် အရေး ကြုံလာပြီဆိုရင် ဘယ် လောက် ထိ ကြောက်စရာ ကောင်းတဲ့ အဖြစ် ဆိုးနဲ့ ကြုံ ရမလဲ ဆိုတာကို ဒီကားကို ကြည့်ပြီး အသိတရား ယူသင့်ပါတယ်။

Virus (2019)

Virus  က တော့ ဒါရိုက်တာ Aashiq Abu  ရဲ့ လက်ရာပါ။ဇာတ်လမ်းအကျဉ်း ကတော့ Kerala မှာ Nipah viru ကူး စက်တဲ့ အကြောင်းပါ။ Zakariya Mohammed  လို့ ခေါ်တဲ့ လူတစ်ယောက်က အမည်မသိ တဲ့ ဗိုင်းရပ်စ် တစ်မျိုး ကူးစက်ခံခဲ့ရပြီး နာရီ အနည်းငယ်အတွင်းမှာပဲ သေဆုံးခဲ့ပါတယ်။သူကနေ မှ နောက်ထပ် လူ (၁၈) ယောက်ကို ကူးစက်ခဲ့ပါတယ်။ဒီလို  အ ခြေ အနေကို ဘယ်လိုတွေ ထိန်းချုပ်ဖို့ ကြိုးစားမလဲ ဆိုတာ ဒီကားထဲမှာေ တွ့ ရမှာပါ။

World War Z (2013)

World War Z  က တော့ ဇွန်ဘီ ကပ်ရောဂါ ကားပါ။ဇွန်ဘီကားရဲ့ ထုံးစံ အတိုင်း တစ်ယောက်ကို ကိုက်တာနဲ့ အဲ့ လူ ပါ အကူးခံခဲ့ရပါတယ်။ဒီကပ်ဆိုး ကတော့ တစ်ကမ္ဘာလုံး ဖြစ်နေပြီး ဘယ်သွားသွားမ လွတ်ပဲ ဘာလုပ် လို့ လုပ်ရ မှန်း မသိတဲ့ အခြေအ နေမျိုးနဲ့ ရင်ဆိုင်ခဲ့ကြရပြီး ကြိုးစားဖြေရှင်းတဲ့ အကြောင်းလေးပါ။ဒီကားမှာတော့ Gerry Lane (Brad Pitt ) က UN ၀န်ထမ်းဟောင်း အဖြစ် သရုပ်ဆောင်ထားပါတယ်။ကြောက်စရာ ကောင်း လောက် အောင်  တစ်ကမ္ဘာလုံး ဘယ်သွားသွားမ လွတ် လောက်အောင် ကူးစက်နေမှု တွေ  ကို တွေ့ရမှာပါ။အန္တာရယ် ကင်း အောင်  တားထားခါ မှ အော်ကြီးဟစ်ကျယ်နဲ့ သီချင်းတွေ  ကောက်ဆိုလိုက်လို့ ဇွန်ဘီ တွေ က နံရံ ကြီးတွေ ကျော်တက် ပြီး  အကုန် သေ ကုန် ရတဲ့ အဖြစ် ဆိုး နဲ့ ကြုံရတဲ့ ဇာတ်ဝင်ခန်းကို ကြည့်ရင်တော့ သတိ ဆိုတာ ပိုတယ်မရှိပဲ၊ဘာမ ဟုတ်တဲ့ လုပ်ရပ် တွေ က ထင်မှတ် မထားတဲ့ ဆုံးရှုံး မှုတွေ နဲ့ ကြုံ ရ နိုင်တယ်ဆိုတာကို ပြ နေ တာပါ။

READ
ဆဲချင်လည်း ဆဲကြပါ အမှားအတွက်ခံယူဖို့အသင့်ပါပဲလို့ ပြောလိုက်တဲ့ ရွှေထူး

“Pandemic”

Pandemic: How to Prevent an Outbreak  ကတော့ (၂၀၂၀)အမေရိကန်  documentary series တစ်ခုပါ။(၂၀၂၀)ဇန်န၀ါရီ (၂၂) ရက်နေ့က မှ Netflix  ကနေ ပြသခဲ့တာပါ။ဒီဇာတ်ကားမှာတော့ ကပ်ရောဂါ တွေ ကို ဖြစ်လာရင် ဘယ်လို အခြေ အနေ တွေ ဖြစ်နိုင်လဲ၊ဘယ်လို ရင်ဆိုင်ဖြေရှင်းကြရလဲ ဆိုတာကို   ရိုက်ပြ ထားတာပါ။ ဒီဇာတ်ကား ထဲမှာတော့ တကယ့်အပြင်က ကျန်းမာရေးနဲ့ သိပ္ပံဆိုင်ရာ တာဝန်ရှိသူတွေ ပါ ပါဝင်ထားကြပါတယ်။

မိုက်ရူးရဲ ဆန် မ နေကြပဲ ကျန်းမာရေး ၀န်ကြီး ဌာန နဲ့ အစိုးရ ရဲ့ ညွှန်ကြားချက်တွေ ကို လိုက်နာပြီး ဒီကပ်ရောဂါ ဆိုး ကြီး က နေ အားလုံး အတူ လက်တွဲပြီး ကျော်လွှားနိုင်ပါစေ…။

Ref:Wiki

SHARE