ကဲလို့အကောင်းဆုံး နေရာတွေ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာတစ်ဝန်းက မြို့များ

Image by Rudy and Peter Skitterians from Pixabay

လူတွေကအပျော်အပါးကို တော်တော်ကြိုက်ကြတဲ့ သတ္တဝါတစ်မျိုးပါ။ ဘော်ဒါအပေါင်းအသင်းတွေ ဆုံလာရင် တစ်နေရာရာသွားပြီး စားသောက်ကြ၊ သီချင်းဆိုကြ နဲ့စိတ်ညစ်စရာတွေကို ခဏတာဖြေဖျောက် တတ်ကြပါတယ်။ ပျော်စရာထက် စိတ်ညစ်စရာပိုများတဲ့ ဒီလူ့ဘဝကြီးမှာ ကိုယ့်ကိုကိုယ် ပျော်အောင်ထားတတ်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာ ကဲလို့အကောင်းဆုံးလို့ သတ်မှတ်လို့ရတဲ့ ကမ္ဘာပေါ်မှာကဲလို့အကောင်းဆုံး နေရာတွေရှိတယ်လို့ သတ်မှတ်ခံထားတဲ့ မြို့တွေကိုကို စာဖတ်ရင်း အလည်သွားလိုက်ကြရအောင်။

၁။ Bangkok
bangkok.com

ထိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Bangkok မြို့ကတော့ သူများနဲ့မတူတဲ့ ပျော်စရာ နေရာတွေအစုံရှိတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေကြားမှာရေပန်းစားပါတယ်။ ထူးခြားတဲ့ အစားအသောက်တွေ၊ ကလပ်တွေ နဲ့ ထိုင်းလူမျိုးတွေရဲ့ထူးခြားတဲ့ လူနေမှုပုံစံတွေက လာရောက်ပျော်ပါးဖို့ကောင်းတဲ့နိုင်ငံဖြစ်လာစေတာပါ။

ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ သူတွေအတွက် ညဘက်မှာပုံအမိုက်စားတွေရိုက်ဖို့ Chinatown မှာရှိတဲ့ Soi Nana ကအကောင်းဆုံးနေရာတစ်ခုပါ။ ဒီနေရာမှာ အေးဆေး chill ချင်တဲ့သူတွေအတွက်လည်း Bar ကောင်းကောင်းလေးတွေရှိပါတယ်။ အာရှရဲ့အကောင်းဆုံး Bar ၅၀ စာရင်းမှာ Bangkok ကBar တွေပါဝင်ပြီးတော့ Bamboo Bar က နံပါတ် ၈ နေရာမှာချိတ်ပါတယ်။

၂။ Bercelona
BarcelonaHome.Com

Bercelona လို့ပြောလိုက်တာနဲ့ ပျော်စရာကောင်းတဲ့ Bar တွေ Club တွေကိုအရင်မျက်လုံးထဲမြင်လာမိမှာပါ။

သာယာတဲ့ရာသီဥတုကို ပိုင်ဆိုင်ထားတာလည်းဖြစ်လို့ Outdoor ပါတီတွေ၊ Rooftop Bar တွေကတော့အမြဲလိုလိုမြင်တွေ့နေရမှာပါ။

READ
လည်ပတ်ချင်စရာကောင်းတဲ့ ကိုရီးယားရဲ့ အကြီးဆုံးအပန်းဖြေဥယျာဉ်ကြီိး
၃။ Beirut
SMF/Unsplash

Luxury Hotel တစ်ခုဖြစ်တဲ့ Four Season Hotel တည်ရှိရာ Beirut မြို့ကလည်း ချန်ထားခဲ့လို့မရတဲ့မြို့တစ်ခုပဲဖြစ်ပါတယ်။ ဒီမြို့ကနေ ပင်လယ်ရဲ့အလှ၊ ကမ်းခြေမှာ ဆော့ကစားနေကြတဲ့မြင်ကွင်းတွေနဲ့ မိုးလင်းကနေမိုးချုပ်ထိ ကဲနေတဲ့သူတွေကိုတွေ့နိုင်မှာပါ။

၎။ Berlin
Splinlist/Pexels

နေ့တိုင်းဟာပွဲတော်ပါပဲ ဒါက ဂျာမနီနိုင်ငံ Berlinမြို့ကိုရောက်ရင် ခံစားမိစေမယ့် အရသာပါ။ weekend တွေမှာ ကဲချင်ရင် club ကိုအနည်းဆုံး ၁၀ခု အေးဆေး အသာလေးရွေးပြီးသွားကဲလိုက်လို့ရပါတယ်။ Bar တွေမှာလည်း အဝတ်အစားကန့်သတ်ဝတ်ဆင်စေတာမျိုးမရှိပါဘူး။ ဝတ်ချင်သလိုဝတ်၊ ပျော်ချင်သလိုပျော်လို့ရပါတယ်။

၅။ Cape Town
CapeT/Pexels

Cape Town မြို့က သွားချင်စရာကောင်းလောက်အောင်သဘာဝအတိုင်းလှပတဲ့နေရာတစ်ခုပါ။ Cape Town မြို့ကို ရောက်ရင် Bar ကိုသီးသန့်ရှာဖွေသွားစရာမလိုပါဘူး။ အမြဲလိုလို ဂီတဖျော်ဖြေပွဲတွေရှိပြီးတော့ ဒီပွဲတွေမှာ သောက်ရင်း စားရင်း ဝင်ကဲလို့ရပါတယ်။ ညဘက် အပြင်လျောက်လည်ရင်လည်း Cape Town Club တွေကပေးတဲ့ ထူးခြားတဲ့ ခံစားမှုတစ်ခုရရှိဦးမှာပါ။

၆။ Las Vegas
Adani/Unsplash

Las Vegas ကတော့ထွေထွေထူးထူးပြောနေစရာမလိုလောက်အောင် ပျော်ပါးစရာတွေပေါတဲ့ လူ့နိဗ္ဗာန်လို့ ပြောကြပါတယ်။ ပါတီ လုပ်ဖို့နေရာအကောင်းဆုံး လို့စဉ်းစားမိတာနဲ့ Las Vegas ကို ထိပ်ဆုံးကပြေးမြင်ကြရလောက်အောင် ကျော်ကြားပြီးသားပါ။ ရုပ်ရှင်တွေထဲမှာလည်း ကာစီနို၊ ကလပ်၊ဘား ဒါတွေနဲ့ပတ်သတ်ပြီး ရိုက်ရင် Las Vegas မှာပဲ ရိုက်ကြတဲ့အထိ ပျော်ပါးဖို့သက်သက်ဖန်ဆင်းပေးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

READ
ရင်သပ်ရှုမောဖွယ် ရေခဲမြို့တော်ကြီးအဖြစ် တွေ့မြင်ရတဲ့ ကမ္ဘာ့အကြီးဆုံး ဆောင်းပွဲတော်
၇။ Miami
Vice/Pexels

လိုချင်တာမှန်သမျှတစ်နေရာတည်းရမှာ Miami လို့တောင်ပြောလို့ရပါတယ်။ ပင်လယ်ကမ်းခြေ ရဲ့ အရသာကိုခံစားရင် သောက်စရာတစ်ခုခုနဲ့ နေပူစာလှုံကြတာ အရှင်လတ်လတ် နိဗ္ဗာန်ရောက်တာနဲ့တူပါတယ်။ မော်ဒယ်လ်တွေ နာမည်ကြီး အားကစားသမားတွေပါ Miami မှာလာအပန်းဖြေကြတာဖြစ်တဲ့ အတွက် မျက်စိလည်းအစာကျွေးရင်းကောင်းကောင်းကြီး အနားယူ နိုင်ပါတယ်။

၈။ Seoul
Angela/Pexels

Seoul ကတော့ မြန်မာလူမျိုးတွေနဲ့မစိမ်းတဲ့ မြို့ပါ။ အထူးသဖြင့် ကိုရီးယားဇာတ်ကားကြည့်ဖူးသူတိုင်း Seoul မြို့ကို မသိတဲ့သူမရှိသလောက်ရှားပါတယ်။ ကိုရီးယားလူမျိုးတွေက အလုပ်ကို အသားကုန်လုပ်ပြီး အနားယူရင်လည်း သူများတွေထက်ပိုကဲပါတယ်။ တစ်နေ့တာပင်ပန်းသမျှတွေကို Bar၊ Club တို့မှာ သောက်ကြစားကြရင်း အနားယူပါတယ်။

၉။ Tel Aviv’s
chicpeaJC/Unsplash

Tel Aviv’s မြို့ကတော့ Non-stop ပျော်ပါးနိုင်တဲ့ မြို့ပါ။ Club တွေ Bar တွေက မိုးလင်းကနေမိုးချုပ် ဖွင့်ထားပြီးတော့ လူတိုင်းဒီမှာ လာရောက်ပျော်ပါးလေ့ရှိပါတယ်။ Tel Aviv’s မြို့က ပျော်ပါးတတ်သူတို့ရဲ့ ဆုံမှတ်တစ်ခုလည်းဖြစ်လို့နေပါတယ်။

လူဆိုတာ ပျော်ပျော်နေတတ်မှ ဘဝမှာလူဖြစ်ရတာတန်မှာပါ။ အမြဲစိတ်ညစ်မနေဘဲ အားတင်းပြီး လူ့ဘဝရတုန်းလေး အပေါ်မှာပြောပြခဲ့တဲ့မြို့တွေကို လည်ဖြစ်အောင်လည်ဖို့တိုက်တွန်းလိုက်ပါရစေ။

Lwin Min

Ref : Wikipedia , TripAdvisor

SHARE