ကမ္ဘောဒီယားနိုင်ငံရဲ့ အလှပဆုံးနေရာများ

(၁) Kep ကမ်းခြေ

Kep ကမ်းခြေဟာ ကမ္ဘောဒီယားနိုင်ငံရဲ့ အထင်ကရ ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ ရေငုပ်သမားတွေ၊ ရေနေသဘာဝကို လေ့လာလိုသူတွေ၊ သဘာဝအလှအပကို ခံစားလိုသူတွေအတွက် အလွန်ကောင်းမွန်တဲ့ နေရာဖြစ်ပါတယ်။ Kep ကမ်းခြေနဲ့ အနီးဆုံးမှာရှိတဲ့ Rabbit Island ကလည်း နာမည်ကျော်ကြားလှပြီး သန္တာကျောက်တန်းအလှနဲ့ ထူးခြားတဲ့ သဘာဝပတ်ဝန်းကျင်ကြောင့် ခရီးသွားဧည့်သည်တွေနဲ့ မပြတ်ပါဘူး။

(၂) Banlung ရေကန်ကြီး

Banlung ရေကန်ဟာ ကမ္ဘောဒီးယားရဲ့ အထူးခြားဆုံး ရေကန်ကြီးဖြစ်ပါတယ်။ ခရီးသွားအေဂျင်စီပေါင်းများစွာရဲ့ စွဲဆောင်မှုပြယုဂ်တစ်ခုဖြစ်ပြီး ရေလည်း အလွန်နက်ပါတယ်။ တောင်တောင်ရေမြေထူထပ်တာကြောင့် သဘာဝသားရိုင်းတိရာစ္ဆာန်တွေကို လေ့လာနိုင်ပြီး ဒေသခံကျေးရွာလေးတွေမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ရိုးရာလက်ယက်ကန်းအလှကိုလည်း လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

(၃) Koh Ker

ခမာရှေးဟောင်းမြို့တော်တစ်ခုဖြစ်ခဲ့တဲ့ Koh Ker အေဒီ (928-944) အတွင်းမှာ တည်ခဲ့တဲ့ သမိုင်းဝင်မြိုကတော်ဟောင်း
ကြီးဖြစ်ပါတယ်။ ရှေးခေတ်ဘာသာရေးအဆောက်ဦတွေ၊ ဘုရားကျောင်းကန်တွေကို ယနေတိုင် မပျက်မစီး မြင်တွေ့နိုင်သေးပြီး မီတာ(30) အမြင့်ရှိတဲ့ Prasat Thom ပိရမစ်ပုံစံ ဘု့ရားကျောင်းကြီးကိုလည်း လေ့လာခွင့် ရရှိမှာဖြစ်ပါတယ်။

READ
Gamers တွေရဲ့ စိတ်ကူးယာဉ်နန်းတော်ဖြစ်လာတဲ့ ထိုင်ဝမ်ကဟိုတယ်

(၄) Phnom Penh

ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်းပင်မှာတော့ ပြင်သစ်တို့အုပ်ချုပ်မှုအောက်မှာ ရှိခဲ့စဉ်က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းအစိုးရ အဆောက်ဦတွေ၊ 15 ရာစုနှစ်ကတည်းက လက်ရှိအချိန်ထိ ကျန်ရစ်ဆဲဖြစ်တဲ့ သမိုင်းဝင် အဆောက်ဦတွေ အပြင်၊ ပန်းခြံတွေ၊ ပြတိုက်တွေ၊ ရိုးရာအစားအစာတွေ ရောင်းတဲ့ ညဈေးတန်းတွေ၊ ငွေထည်နဲ့ လက်ဝတ်ရတနာ ရောင်းဝယ်နိုင်တဲ့ စင်တာကြီးတွေဟာလည်း သွားရောက်လည်ပတ်သူတွေကို တန်စေမယ့် အရာတွေ ဖြစ်ပါတယ်။

(၅) Angkor

ကမ္ဘာကျော် အန်ကောဝပ်ကျောင်းတော်ကြီးကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အထင်ရှားဆုံး ခရီးသွားတွေရဲ့ ဆွဲဆောင်မှုဖြစ်ပါတယ်။ အန်ကောမြို့တော်ဟောင်းမှာ တည်ရှိပြီး ခမာခေတ်က ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ ဘုရားကျောင်းကန်တွေကိုလည်း လယ်ကွင်းတွေ၊ တောတောင်တွေအနှံ့မှာ မြင်တွေ့နိုင်ပါသေးတယ်။

နတ်စည်တော် (Shwemom)

READ
သရဲခြောက်တဲ့အိမ်ကြီးကို Tourist တွေ စိတ်ဝင်စားလာအောင် ကြိုးပမ်းနေတဲ့ပိုင်ရှင်များ

sm

SHARE