ဖိလစ်ပိုင်နိုင်ငံမှ လည်ပတ်စရာနေရာများ

(၁) Palawan

ဖိလစ်ပိုင်ရဲ့ အလှဆုံးကမ်းရိုးတမ်းဖြစ်တဲ့ ပါလာဝန်ကမ်းခြေဟာ ကမ္ဘာ့လှည့်ခရီးသွားတွေ အများဆုံး ၀င်ထွက်ရာ ဖြစ်ပါတယ်။ တရုတ်ပင်လယ်နဲ့ဆူးလူးပင်လယ်ကြားမှာတည်ရှိတဲ့ ကျွန်းစုနယ်မြေဖြစ်ပြီး မြေအောက်မြစ်မျိုးစုံရဲ့ အလှအပတွေကိုလည်း လှေငယ်လေးတွေနဲ့ လေ့လာကြည့်ရှုနိုင်ပါတယ်။  ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေကျကျန်ခဲ့တဲ့  စစ်သင်္ဘောအပျက်ကြီးကိုလည်း Busuanga ကျွန်းအနီးက ပင်လယ်ရေပြင်အောက်မှာ တွေ့ရနိုင်ပါသေးတယ်။

(၂) Banuae

လှပတဲ့ သဘာဝကို ခံစားချင်ရင်တော့ Banuae ကို သွားရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့
တောင်ပေါ်လှေကားထစ်ဆိုက်ခင်းတွေဟာ ဘယ်ပန်းချီဆရာမှ လိုက်မမီနိုင်တဲ့ သဘာဝ ပန်းချီကားကြီး ဖြစ်ပါတယ်။ မနီလာမြို့ကနေ ဘက်စ်ကားစီးသွားတာနဲ့ ရောက်နိုင်တဲ့ နေရာဖြစ်ပါတယ်။ အလွန်လှပတဲ့ တောတောင်ရေမြေ ရှုခင်းတွေနဲ့
သွားရတာ တန်စေမယ့် ခရီးဖြစ်ပါတယ်။

(၃) Cebu

ကမ်းလွန်ကျွန်းစုပေါင်း 167 ခုနဲ့ ၀န်းရံဖွဲ့စည်းထားတဲ့ Cebu မြို့တော်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဒုတိယမြောက် အပြည်
ပြည်ဆိုင်ရာ လေဆိပ်ကြီး ရှိရာနေရာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်တို့ရဲ့ ရှေးအကျဆုံး မြို့တော်ကြီးဖြစ်ပြီး မာယာမြို့တော်
ဟောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတော်ကြီးနဲ့ ကျွန်းစုပေါင်းများစွာကို သွားရောက်
လည်ပတ်နိုင်မယ့် ၀န်ဆောင်မှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။

READ
တစ်သက်တာမှာ တစ်ကြိမ်လောက်တော့ ကြုံဖူးသင့်တဲ့ ထူးထူးဆန်းဆန်း ပွဲတော်များ

(၄) Manila

ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်ကြီးဖြစ်တဲ့ မနီလာမှာတော့ ညအလှရှုခင်းတွေ၊ ပြတိုက်တွေ၊ ညပိုင်းဖျော်ဖြေရေးလုပ်ငန်းတွေ
ဒေသခံတို့ရဲ့ ရိုးရာစားစရာတွေ၊ 12 ရာသီမပြတ် စည်ကားနေတဲ့ ရိုးရာပွဲတော်တွေကို နွှဲပျော်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

(၅) Bohol

Cebu ကနေ ရေကြောင်းခရီးတိုလေး သွားလိုက်ရုံနဲ့ Bohol ကျွန်းကို ရောက်နိုင်ပါတယ်။ အလွန်ထူးခြားတဲ့ ကျွန်းဖြစ်ပြီး
Chocolate Hills လို့ တင်စားခေါ်ဝေါ်ကြတဲ့ တောင်ပူစာလေးတွေကို မျက်စိတစ်ဆုံး မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ အလွန်လှပပြီး စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်၊ ပင်လယ်ကနေ ပေးတဲ့ အေးမြလက်ဆက်တဲ့ သဘာဝ လေကို ရှူရိုက်ရင်း
စိတ်ကို လန်းဆန်းစေပါလိ့မ်မယ်။

နတ်စည်တော် (Shwemom)

sm

source : touropia.com

SHARE