ဗီယက်နမ်ရောက်ရင် လည်ပတ်သင့်တဲ့နေရာများ

(၁) Hanoi

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းမှာလည်း ခေတ်မီလှပတဲ့ အဆောက်ဦတွေ၊ တောင်တောင်ရေမြေ ရှုခင်းတွေ၊ ဈေးဝယ်
စင်တာတွေ၊ ပြတိုက်တွေ၊ အထိမ်းအမှတ်ဂူသင်္ချိုင်းတွေ၊ ဥယျာဉ်ကြီးတွေနဲ့ အလွန်လှပတဲ့ မြို့ကြီးဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဆိုပေမယ့် အရွယ်အစားအားဖြင့်တော့ ဒုတိယအကြီးဆုံးသာ ရှိပါတယ်။

(၂) Ha Long Bay

3

အလွန်လှပပြီး အလွန်ပဲ နာမည်ကြီးလှတဲ့ Ha Long Bay ဟာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ တည်ရှိပြီး ဟနွိုင်းမြို့နဲ့  မိုင် 80 လောက်သာ ကွာဝေးပါတယ်။ စိမ်းမြလှပတဲ့ ပင်လယ်ရေပြင်ထဲမှာ သက်တမ်းရင့်ထုံးကျောက်တောင်တွေ ထီးထီးပေါ်ထွက်နေတာကိုက မျက်စိကို တစ်မျိုးအမြင်ဆန်းသစ်စေပါတယ်။ Ha Long Bay မှာရှိတဲ့ ကျွန်းစုတွေပေါ်မှာ လိုင်ဂူတွေ၊ စိမ့်စမ်းတွေနဲ့ အလွန်နေချင်ဖွယ် ကောင်းပါတယ်။

READ
တစ်ပတ်လုံးလုံး ရုပ်ရှင်ကြည့်နိုင်မယ့်ကံထူးရှင်ကို ရွေးချယ်နေတဲ့ ဆွီဒင်ရုပ်ရှင်ပွဲတော်

(၃) Hue

ဗီယက်နမ်ရဲ့ငုရင်နန်းဆက် အဆက်ဆက်မှာ ထီးဖြူသိမ်းပိုက်ကာ မြို့တော်လုပ်ခဲ့တဲ့  Hue မြို့တော်ဟောင်းကြီးကိုလည်း လက်မလွတ်သင့်ပါဘူး။ Hue ဟာ ဗီယက်နမ်တွေ ဂုဏ်အယူရဆုံး ငုရင်မင်းဆက်တွေကို မွေးထုတ်ခဲ့ရာ ဒေသဖြစ်ပြီး ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်အဖြစ် 1802 ခုနှစ်မှ 1945 အထိ တည်ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရေးမူမပျက်ထိန်းသိမ်းထားတဲ့
အနုပညာလက်ရှာတွေ၊ ရှေးဟောင်းအဆောက်ဦတွေဟာ ခိုင်ခန့်စွာ ကျန်ရှိနေပါသေးတယ်။

(၄) Nha Trang

အာရှတိုက်ရဲ့အလှဆုံးပင်လယ်အော်လို့ နာမည်ကြီးနေတဲ့ Nha Trang မှာတော့ ကျယ်ပြန့်လှတဲ့ပင်လယ်ပြင်ကြီး အလှ၊ ဇိမ်ခံဟော်တယ်များ၊ ရေပေါ်ရေအောက် ကစားနည်းမျိုးစုံ၊ စတာတွေအပြင် တောင်တန်းထူထပ်တဲ့ ဒေသဖြစ်တဲ့အ
လျှောက် အပျော်တမ်း တောင်တက်ခြင်း၊ သဘာဝရေကန်တွေမှာ ငါးမျှားခြင်း၊ ရေကူးခြင်းစတာတွေကိုလည်း ပေးစွမ်းနိုင်
တဲ့ နေရာဖြစ်ပါတယ်။

READ
သမုဒ္ဒရာကြီးနဲ့ ၀င်ရိုးစွန်းအလင်းတန်းတွေရဲ့ အလှကို ခံစားနိုင်မယ့် ဟိုတယ်အသစ်

(၅) Ho Chi Minh City

မြို့တော် ဟိုချီမင်းရဲ့ မူလအမည်က ဆိုင်ဂုံဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ လွတ်လပ်ရေးသူရဲ့ကောင်ကြီးဟိုချီမင်းကို ဂုဏ်ပြုတဲ့အနေနဲ့ 1976 ခုနှစ် ဇူလိုင် 2 ရက်နေ့မှာ အစိုးရက ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ ဗီယက်နမ်ရဲ့ အကြီးဆုံး မြို့ကြီးဖြစ်
ပြီး လွတ်လပ်ရေးနန်းတော်၊ ဆိုင်ဂုံခံတပ်၊ မြူနီစီပယ်ဇာတ်ရုံ၊ အထိမ်းအမှတ်ခန်းမ၊ ပြည်သူ့ရင်ပြင်-စတဲ့ အထင်ကရ နေရာ
တွေနဲ့ ဧည့်သည်တွေကို ဧည့်ခံမှာ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom-2

source : touropia.com

SHARE