၂၀၁၉ ခုနှစ်အတွင်း ဝယ်ဖို့အသင့်တော်ဆုံး ခရီးဆောင် ဓာတ်ပုံ printer ၅ မျိုး

ခရီးတွေဘာတွေလည်း သွားနေရတယ်၊ ဓာတ်ပုံတချို့ကိုလည်း ပရင့်ထုတ်ဖို့ လိုနေတယ်ဆိုရင် ခရီးဆောင် ပရင်တာလေးတွေကို လိုချင်မိကြမှာပါပဲ။ အဲ့လိုအချိန်တွေမှာ ဝိုင်ယာကြိုး အချောင်း ၂၀ လောက်တပ်သုံးရတဲ့ ပရင်တာ အကြီးကြီးတွေကို သွားစဉ်းစားလို့လည်း မရပါဘူး။

အခုခေတ်မှာတော့ ကြိုးတွေဘာတွေ မရှိမှာ ပူစရာမလိုတော့ဘဲ wireless ချိတ်ဆက်မှုနဲ့ အသုံးပြုနိုင်တဲ့ ပရင်တာတွေ ပေါ်နေပါပြီ။ ယင်းတို့အနက်မှာမှ အရည်အသွေးကောင်းတဲ့ ပရင်တာတွေကို ရွေးချယ်ဝယ်ယူနိုင်စေဖို့ Shwemom ကနေ ၂၀၁၉ ရဲ့ အကောင်းဆုံး ခရီးဆောင် ပရင်တာ ၅ မျိုးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Brother PocketJet 763MFi

techradar

ဒီခရီးဆောင် ပရင်တာဟာ A4 ဆိုဒ်အထိ ထုတ်လို့ရပြီး အလျား ၁၀ လက်မ၊ အနံ ၂ လက်မ ရှိတဲ့အတွက် ကျောပိုးအိတ်ထဲ ထည့်သယ်လို့ လွယ်ပါတယ်။ USB 2.0 အပေါက် ပါရှိတဲ့အတွက် လက်ပ်တော့နဲ့ ချိတ်ဆက်နိုင်ပြီး၊ Bluetooth နဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ ဘက်ထရီသက်တမ်းလည်း ခံပြီး အားတစ်ခါသွင်းပြီးတိုင်း ပုံ ၆၀၀ လောက် ထုတ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၈၀ နဲ့ ၅၃၀ ကြားမှာ ရှိပါတယ်။

READ
ဖုန်းတွေ၊ WiFi signal တွေနဲ့ ဓာတ်မတည့်လို့ အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့အမျိုးသမီး

HP Sprocket Photo Printer

techradar

လက်တစ်ဝါးအရွယ်လောက်လေး ရှိတဲ့ ဒီပရင်တာလေးကတော့ ဖုန်းထဲက ဓာတ်ပုံတွေကို အလွယ်တကူထုတ်ဖို့ သင့်တော်တဲ့ ဓာတ်ပုံပရင်တာလေးပါ။ ဓာတ်ပုံတွေကိုတော့ Polaroid ပုံမျိုး ထုတ်ပေးပါတယ်။ ပရင့်လုပ်ဖို့ မင်ကိုမသုံးဘဲ အပူပေး ပုံနှိပ်တဲ့ ပရင်တာ အမျိုးအစားပါ။ ဈေးနှုန်းကတော့ ၆၉ ဒေါ်လာကနေ ၁၁၉ ဒေါ်လာအတွင်း ရှိပါတယ်။

HP OfficeJet 200 Mobile Printer

techradar

ဒီပရင်တာကတော့ အလျား ၁၄ လက်မ၊ အနံ ၇ လက်မနဲ့ ခရီးဆောင် ပရင်တာဆိုဒ်ထဲမှာတော့ အနည်းငယ်ကြီးတယ် ထင်ရပေမယ့် ပုံထွက် တကယ်အရည်အသွေးကောင်းတဲ့ ပရင်တာဖြစ်ပါတယ်။ USB အပေါက်မပါပေမယ့် Wi-Fi နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၃၀၀ ခန့်ရှိပါတယ်။

READ
ကြောက်စရာ review တွေကြောင့် ပစ္စည်းထွက်ရက်ကို ရွှေ့လိုက်ရတဲ့ Samsung Galaxy Fold

Canon PIXMA iP110

techradar

Canon ကနေ ထုတ်ထားတဲ့ ဒီပရင်တာကတော့ ရုပ်ထွက်ကောင်းတဲ့ ဓာတ်ပုံတွေ ထုတ်နိုင်ဖို့ ရည်ရွယ်ထုတ်ထားတာဖြစ်ပါတယ်။ အလျား ၁၂ လက်မ၊ အနံ ၈ လက်မ ရှိပါတယ်။ ပရင့်ထုတ်တဲ့ နှုန်းကတော့ သိပ်မမြန်ပေမယ့် ပုံထွက်ကောင်းတဲ့ ပရင်တာ အမျိုးအစားပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ဝန်းကျင်ဖြစ်ပါတယ်။

Fujifilm Instax Share SP-3

techradar

လက်တစ်ဝါးစာသာသာ အရွယ်အစားရှိတဲ့ ဒီပရင်တာလေးကတော့ Instax Share app ကနေတဆင့် စမတ်ဖုန်းထဲက ဓာတ်ပုံတွေကို စတုရန်းပုံစံ ဓာတ်ပုံလေးတွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ဝန်းကျင် ဖြစ်ပါတယ်။

Ref: Tech Radar

SHARE