၂၀၁၉ ခုနှစ်ရဲ့ အရည်အသွေးကောင်းဆုံး Power Bank များ

စမတ်ဖုန်းအသုံးပြုသူတိုင်း power bank ရဲ့ အရေးပါပုံကို နားလည်ကြမှာပါ။ ဒီတစ်ခါမှာတော့ နည်းပညာ မီဒီယာတစ်ခုဖြစ်တဲ့ PC World က review ပေးထားတဲ့ ၂၀၁၉ ခုနှစ်ရဲ့ အရည်အသွေးအကောင်းဆုံး power bank များအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

ဘက်ပေါင်းစုံကနေ အရည်အသွေးမြင့်တဲ့ Power Bank

Macworld

Mophie ရဲ့ Powerstsation Plus XL ဆိုတဲ့ power bank ကတော့ ပေါ့ပါးပြီး ထားရသိုရ သိပ်လွယ်ကူတဲ့ အမျိုးအစားပါ။ 12,000mAh ဘက်ထရီနဲ့ တာရှည်ခံတဲ့အတွက်လည်း လူကြိုက်များပြီး built-in cable ကြိုးလည်း ပါပြီးသားပါ။ ဘက်ပေါင်းစုံက review ကောင်းတဲ့ power bank ဖြစ်တဲ့အတွက်လည်း ဈေးနှုန်းကတော့ မြင့်တဲ့အထဲ ပါပါတယ်။ အမေရိကန်ဒေါ်လာ ၉၉ ဒေါ်လာ ဖြစ်ပါတယ်။

ဘယ်သွားသွားသယ်ဆောင်ရအလွယ်ကူဆုံး Power Bank

Techaeris

Xiaomi ကတော့ အရည်အသွေးမြင့်ပစ္စည်းတွေကို လူတိုင်းတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းချရာမှာ နာမည်ကြီးပါတယ်။ သူ့ရဲ့ Mi Power Bank Pro က ဖော်ပြပါ မှတ်ချက်နဲ့ ကိုက်ညီတဲ့ Mi product တစ်ခုဖြစ်ပါတယ်။ သယ်ဆောင်ရ ပေါ့ပါးလွယ်ကူပြီး ဒီဇိုင်းလည်းလှ၊ ဘက်ထရီလည်း တာရှည်ခံတဲ့ Mi Power Bank Pro ရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာ ဖြစ်ပါတယ်။

READ
အသစ်ထွက်ရှိတော့မယ့် စကားအပြန်အလှန်ပြောနိုင်တဲ့ ရေခဲသေတ္တာအမျိုးအစား

outdoor မကြာခဏထွက်ရပြီး အချိန်သိပ်မရသူတွေအတွက် အကောင်းဆုံး Power Bank

MacSources

သင်က အပြင်မှာပဲ နေတာများပြီး အားသွင်းချိန်လည်း သိပ်မရသူဆိုရင် Sherpa 100AC power bank က အကောင်းဆုံးလို့ ပြောပါရစေ။ USB-C ပေါက် ၂ ပေါက်၊ ပုံမှန် USB ပေါက် ၂ ပေါက် ပါဝင်ပြီး အချိန်အနည်းငယ်အတွင်းမှာ အားပြည့်ပါတယ်။ Qi wireless အားသွင်းပြား၊ U.S. 110V ပလပ်နဲ့ ကြိုးအစုံအလင်လည်း ပါဝင်တဲ့ ဒီ power bank ရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၉၉ ဒေါ်လာ ဖြစ်ပါတယ်။

အကောင်းဆုံး USB-C အပေါက်ပါ power bank

PCMag.com

USB-C အပေါက် အဓိက သုံးရတဲ့ power bank တွေထဲမှာတော့ Anker Powercore+ 26800 PD က အကောင်းဆုံးဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ပုံမှန်ထက်ကြီးပြီး device မျိုးစုံကို အားသွင်းလို့လည်း ရပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၁၀ ဒေါ်လာ ဖြစ်ပါတယ်။

READ
ပိုမိုကြီးမားတဲ့မျက်နှာပြင်အရွယ်အစားနဲ့ စက်တင်ဘာလမှာ ထွက်ရှိတော့မယ့် iPhone XL

Ref: PC World

SHARE