နှလုံးသားရှိသူတိုင်း ကြည့်သင့်တဲ့ (၂၀၁၉)ရဲ့ အကောင်းဆုံး အချစ်ဇာတ်ကား( ၉)ကား

Image:imdb & Now & Ever 's fb

ဇာတ်ကားဆိုရင်တော့ အချစ်တွေနဲ့ လွှမ်းခြုံထားတဲ့ ဇာတ်ကားလေးတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ် တွေ အတွက် (၂၀၁၉)ခုနှစ်ရဲ့ အကောင်းဆုံး ရိုမန်တစ်ဇာတ်ကားလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အချစ်၊အချစ်ဟာသ အလွမ်းအဆွေး၊အ ပျော် လေးတွေ နဲ့ ပြည့်နေတဲ့ အချစ်ဇာတ်ကားကောင်းလေးတွေကတော့….

Now and Ever

Now and Ever (ထာဝရနှောင်ကြိုး) Official Trailer

အောက်တိုဘာ ၃၁ ရက်နေ့တွင် ရုံတင်ပြသမည့် ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပုံဖော်ထားသော Now and Ever (ထာဝရနှောင်ကြိုး) ရုပ်ရှင်ဇာတ်ကား Official Trailer!!(ရုပ်ရှင်ပြသရန် ၂၁ ရက်အလို)#ChristinaKyi #ZennKyi #PaingPhyoeThu#MyinSaingTharAungAung #MinNyo #KhinThaZin #JuJueK #YeNaungCho #ZuZueHaneyHtwe#ထာဝရနှောင်ကြိုး#NowandEver#CentralBaseProductions

Posted by Now and Ever – ထာဝရနှောင်ကြိုး on Tuesday, October 8, 2019

(၂၀၁၉)ခုနှစ်ရဲ့ အကောင်းဆုံး အချစ်ဇာတ်ကားတွေထဲက တစ်ကားကတော့ Now and Ever (ထာဝရ နှောင်ကြိုး) ပါ။ပရိသတ်တွေကို ရင်ထဲ ထိ စေမယ့် အချစ်ကားကောင်းလေးပါ။ပရိသတ်တော်တော်များများ လည်း ကြည့်ပြီး ဖြစ်မှာပါ။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ခရစ်စတီးနားခီက ရိုက်ကူးထားပြီး ဇဏ်ခီ နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ သီဟနဲ့ ၀တ်မှုံတို့ရဲ့ နက်ရှိုင်းတဲ့ အချစ်ကို ပရိသတ်ရင်ထဲ အရောက်ပို့ ပေးနိုင်ခဲ့တဲ့ ဇာတ်ကားလေးပါ။

The Sun Is Also a Star

ဒီဇာတ်ကားကတော့ (၂၀၁၉) အမေရိကန် ဆယ်ကျော်သက်ဒရမ်မာဇာတ်ကားပါ။ဒါရိုက်တာကတော့ Ry Russo-Young  ပါ။တစ်ယောက်နဲ့ တစ်ယောက် ချစ်မိသွားတဲ့ လူငယ်စုံတွဲ တစ်တွဲရဲ့ အချစ်ဇာတ်ကားလေးပါ။သူတို့ထဲက တစ်ယောက်ရဲ့ မိသားစုတွေက ပြည်နှင် ဒဏ်ခံရမယ့် အ ရေးနဲ့ ကြုံခဲ့ရတဲ့ အ ကြောင်းလေးပါ။

READ
Shwe FM ညရဲ့ အမိုက်စား ပွဲတက်ဖက်ရှင်များ

Plus One

Plus One ကတော့ ရိုမန်တစ်ဟာသဇာတ်ကားလေးပါ။ဒီဇာတ်ကားထဲမှာတော့ Maya Erskine, Jack Quaid, Beck Bennett တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားကိုတော့  Tribeca Film Festival မှာ ဧပြီ (၂၈)ရက်နေ့က ရုံတင်ပြ သ ခဲ့ပါတယ်။ဒီဇာတ်ကားကနေ Narrative Audience Award ရခဲ့ပါတယ်။

Five Feet Apart

Five Feet Apart ဆိုတဲ့ ဒီဇာတ်ကားကတော့ (၂၀၁၉) အမေရိကန် ရိုမန်တစ်ဇာတ်ကား ပါ။ဒါရိုက်တာကတော့ Justin Baldoni ပါ။ဒီဇာတ်ကားလေးကတော့ တကယ့်အပြင်မှာရှိတဲ့ Dalton ၊ Katie Prager တို့ အ ကြောင်းကို ဇာတ်ကားအဖြစ်ရိုက်ကူးထားတာပါ။သူတို့နှစ်ယောက်လုံးဟာ cystic fibrosis ဆိုတဲ့ မျိုးရိုးဗီဇ ပုံမှန် မဟုတ်တဲ့၊အဆုတ် ကို အဓိက ထိခိုက်ပျက်စီးစေတဲ့ရောဂါကို ရနေသူတွေပါ။တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ် မဟုတ်ပဲ  ခပ်လှမ်းလှမ်း အကွာ အဝေးတစ်ခု ကနေ နေရင်းနဲ့  အချစ်တွေ ပေါက် ဖွားလာတဲ့ ဇာတ်ကားလေးပါ။နှလုံးသားရှိသူတိုင်း ရင့်နင့်အောင် ခံစားရမယ့် အချစ်ကားလေးပါ။

Falling Inn Love

Falling Inn Love ကတော့ ဟာသအချစ်ဇာတ်ကားလေးပါ။ Christina Milian နဲ့  Adam Demos တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။အချစ်ဟာသ မြူးမြူးလေးပါ။

READ
ရိုက်ကူးမှု တရားဝင် ပြီးစီးသွားပြီဖြစ်လို့ မကြာခင် ကြည့်ရှုရတော့မယ့် John Wick 3

The Perfect Date

The Perfect Date ကလည်း အချစ်ဟာသ အမြူးလေးပါပဲ။ပေါ့ပေါ့ပါးပါး အချစ်ဇာတ်ကားလေး တွေကို ကြိုက်တဲ့ သူတိုင်း ရွေးချယ်သင့်တဲ့ ဇာတ်ကားလေးပါ။Noah Centineo, Laura Marano, Camila Mendes တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

After

Josephine Langford နဲ့ Hero Fiennes Tiffin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။မင်းသားရဲ့ ခပ် ဂျစ်ဂျစ် ပုံစံ လေးကတော့ မိန်းကလေးပရိသတ်တွေ ကြွေ တဲ့ ပုံစံမျိုးလေးပါ။Hero Fiennes Tiffin ကတော့ ဒီကားနဲ့ တော် တော်လေး လူကြိုက်များခဲ့ပါတယ်။

Last Christmas

မြန်မာနိုင်ငံမှာပါ ရုံတင်ပြသတဲ့ ဇာတ်ကားလေးပါ။5.12.2019  ရက်နေ့ကစပြီး ရုံတင်ပြသမှာပါ။ဒီဇာတ်ကားထဲမှာတော့ Emilia Clarke  နဲ့ Henry Golding တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။စတိုးဆိုင်ဝန်ထမ်းကောင်မလေးက ထူးဆန်းတဲ့ အမျိုးသားတစ်ယောက်နဲ့ ချစ်သွားကြတဲ့ ဇာတ်ကားလေးပါ။

Always Be My Maybe

ဒီဇာတ်ကားလေးကလည်း အချစ်ဟာသ ဇာတ်ကားလေးပါ။ Ali Wong နဲ့ Randall Park တို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ငယ်သူသူငယ်ချင်း၊ငယ်ငယ်တုန်းက ရုပ်ပျက်ဆင်းပျက် အဆုံးသတ်ခဲ့ရတဲ့ ချစ်ဇာတ်လမ်းလေးပါ။မတွေ့ ဖြစ်တာကြာနေတဲ့ လူနှစ်ယောက် ပြန်တွေ့ရတဲ့ အခါ ဘာတွေ ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ကြည့်ရမှာပါ။

Ref:Wiki

SHARE