Romantic ဇာတ်ကားကြိုက်သူတိုင်း လက်မလွှတ်သင့်တဲ့ ဇာတ်ကားများ

ဇာတ်ကားကောင်းတွေကို Shwemom စာဖတ်သူတွေ အတွက် အပတ်စဉ် ရွေးချယ် ဖော်ပြ ပေးနေပါတယ်။ဒီတစ် ပတ် မှာတော့ အချစ်အကြောင်းတွေ ပြောပြီး ၊အချစ်ဇာတ်ကားတွေကို ဝေမျှ ပေးချင်ပါတယ်။ကြည့်ဖူးခဲ့သမျှ အချစ်ဇာ တ်ကားတွေ ထဲကမှ ရင်ထဲကို ထိစေတဲ့ (Admin  အရမ်းကြိုက်တဲ့ ) ဇာတ်ကားတွေကို ဖော်ပြပေးမှာပါ။ကိုယ်ကြို က်တဲ့ ဇာတ်ကား တွေထဲ ကမှ အကြိုက်ဆုံး ဇာတ်ကားတွေကို ရွေးချယ်ပေးထားတာပါ။Shwemom စာဖတ်သူတွေ ရဲ့ ဘ၀မှာ အကြိုက် ဆုံး အချစ်ဇာတ်ကား ကောင်းလေးတွေ ရှိရင်လည်း အချင်းချင်း ပြန်လည် ဝေမျှ ပေးခဲ့အုံးေ နာ်…………

#1 Daisy

ကိုရီးယားရဲ့ အချစ် ရိုမန်တစ် ဇာတ်ကား တွေ ကအရမ်းကို နာမည်ကြီးပါတယ်။ကိုရီးယား အချစ် ဇာတ်ကား ကောင်း တွေ အများကြီးရှိပါတယ်။အဲ့ဒီအထဲကမှ ရွေးချယ်ပေးချင်တဲ့ ဇာတ်ကားကို စဉ်းစားလိုက်တဲ့ အခါမှာတော့ Daisy နဲ့  More than Blue ဆိုတဲ့ ဇာတ်ကားနှစ်ကားပေါ်လာပါတယ်။ဒါပေမယ့် ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ ဇာတ်လမ်း ဇာတ်ကွက်ကို ယှဉ်ကြည့်ရင်တော့ Daisy ဆိုတဲ့ ဇာတ်ကားက ပိုပြီး ရင်ထဲကို ထိစေမှာပါ။Jun Ji-hyun ၊ Jung Woo-sung နဲ့  Lee Sung-jae တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားလေးပါ။Jun Ji-hyun ရဲ့ ပရိသတ် ဆိုရင် တော့ လက်မလွှတ်စတမ်းကြည့်ရမယ်ဇာတ်ကားလေးပါ။စိတ်ကူးယဉ်ပြီး ကိုယ်မျှော်လင့်နေ ခဲ့ရတဲ့ သူ ၊ကိုယ့်ရဲ့ တကယ့်လက်တွေ့ ဘ၀ ထဲကို ၀င်လာတဲ့ သူ..ဒီနှစ်ယောက်ကြား ဘာကို ဘယ်လိုရွေးမလဲဆိုတာကို အချစ် အားပြိုင် မှုတွေ နဲ့ အတူ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။Jun Ji-hyun ရဲ့ နေရာမှာ ကိုယ်သာဆိုရင်ရော ဘယ်သူ့ကို ရွေးချယ်ဖြစ်မလဲ ဆိုပြီး စဉ်းစားလိုက်တိုင်း အဖြေမထွက်တဲ့ ဇာတ်ကားလေးပါ။

# 2 Bajirao Mastani

ဟောလိဝုဒ် အချစ်ဇာတ်ကားတွေထဲကမှ ကြည့်ဖူးခဲ့သမျှ ထဲမှာ အကြိုက်ဆုံးဇာတ်ကားကို ပြောပါဆိုရင်တော့ Bajir ao Mastani  ပါ။ဒီဇာတ်ကားမှာတော့ Ranveer Singh ၊ Deepika Padukone  နဲ့ Priyanka Chopra တို့ ပါဝင်ထားပါတယ်။ဆုတွေလည်း အများကြီးရထားတဲ့ ဇာတ်ကားပါ။ စစ်ပွဲတစ်ရာနွှဲရတာ ပြဿနာမရှိပေမယ့် အချစ်နဲ့ တွေ့တဲ့ အချိန်မှာတော့ သူရဲကောင်းကြီး Peshwa Bajirao( Ranveer Singh ) တစ်ယောက် ဘယ်လိုတွေ ကြုံရမလဲ၊ခင်ပွန်းဖြစ်သူအပေါ် အချစ်ကြီးချစ် ပေမယ့် နောက်ဆုံးမှာတော့ ကိုယ့်ခင်ပွန်းရဲ့ အချစ်ကို တခြားသူတစ်ေ ယာက်ကို ဝေမျှပေးလိုက်ရတဲ့ Priyanka Chopra ၊ ပိုင်ရှင်ရှိမှန်းသိပေမယ့် ဒီအချစ်ကိုမှ တမ်းတမ်းစွဲ ဖြစ်နေတဲ့ Deepika Padukone  တို့ကို ဒီဇာတ်ကား ထဲမှာ တွေ့ ရမှာပါ။ရှေးခေတ်မို့ သူရဲကောင်းေ တွက မိန်းမ အများကြီး ယူလို့ရတယ်ဆိုတဲ့ ပေတံ စံနှုန်းနဲ့ ကြည့်ရင် Feeling တမျိုး  ၊ဒီနေ့ခေတ် တစ်လင်တစ် မ ယား ဆိုတဲ့ ပေတံနဲ့ ပြန်တို င်းပြီး ကြည့်ရင်  Feeling တမျိုး ..မတူညီတဲ့ ရသကို ခံစားရမယ့် ဇာတ်ကားကောင်းလေးပါ။ ရင်နင့်အောင် ချစ်တတ် တဲ့သူ (၃)ယောက် အချစ်မှာ သုံးပွင့် ဆိုင် လာပြီဆိုရင်တော့ ………..

READ
သူမဘ၀ကိုပြောင်းလဲခဲ့ပြီး ဆေးခြောက်လည်း ဖြတ်လိုက်ပြီလို့ ဆိုခဲ့တဲ့ မိုင်လေဆိုင်းရပ်စ်

# 3 First Love

Crush ရှိသူတိုင်း သေချာပေါက် ကြည့်သင့်တဲ့ ဇာတ်ကားပါ။ထိုင်းအချစ်ဇာတ်ကားကောင်းတွေ အများကြီးရှိပေမယ့် အရမ်း ကြိုက်ခဲ့ရပြီး ဘယ်အချိန်ကြည့်ကြည့် မရိုးတဲ့ First Love ဆိုတဲ့ (Crazy Little Thing Called Love) ဇာတ်ကားလေးကို ရွေးပေးချင်ပါတယ်။Mario Maurer  နဲ့ Pimchanok Luevisadpaibul တို့ သရုပ်ဆောင် ထားတာပါ။တော်တော်များများ ကြည့်ဖူးလောက်တဲ့ ဇာတ်ကား လေးပါ။တကယ်လို့ မကြည့်ရသေးရင်တော့ တက ယ်ကောင်းတဲ့ ဇာတ်ကားလေး မို့ သချာ ပေါက်ကြည့်ကြည့်ပါ။ အချစ် တွေကို ဖွင့်ပြောမယ် အကြံနဲ့ သွားပေမယ့် လွဲချော်မှုလေးတွေကြောင့် ကောင်မလေးက အရမ်းခံစားသွား ရတဲ့ ဇာတ် ၀င် ခန်းလေး (ရေကူးကန်  ဇာတ် ၀င်ခန်း) ကတော့ Crush ရှိသူတိုင်းရဲ့ ရင်ကို အထိဆုံး ဇာတ်ဝင်ခန်းလေးပါ။အချစ်က  အမြဲ တမ်း အဆိုးတွေပဲ မပေးသလို အဆိုးတွေပဲ မဖြစ်စေပါဘူး။အချစ်က လူတစ်ယောက်ကို ကောင်းသော ပြောင်းလဲခြင်းတွေလဲ ဖြစ်စေပါတယ်။

READ
ကိုယ်တခြမ်း ဗလာကျင်းဖက်ရှင်နဲ့ ပုရိသတွေကို လည်ပြန်ငေးစေခဲ့တဲ့ J. Lo

#4 Midnight Sun 

အကြိုက်ဆုံး  အမေရိကန် ရိုမန်တစ်ဒရမ်မာဇာတ်ကားကို ပြောပါဆိုရင်တော့ အခုချိန်ထိတော့ Midnight Sun  ပါ။ Message in a Bottle ဆိုတဲ့ ဇာတ်ကားလေးလည်း ကောင်းပေမယ့် (၁၉၉၉)တုန်းက ဇာတ်ကားဆိုတော့ နည်း နည်း ကြာနေပြီမို့ Midnight Sun ကိုပဲ ရွေးလိုက်တာပါ။တော်တော်များများကတော့ ဒီဇာတ်ကားလေးကို ကြည့် ဖူးမှာပါ။Bella Thorne နဲ့ Patrick Schwarzenegger တို့ ပါဝင်ထားပါတယ်။ဒီဇာတ်ကားကတော့ Taiyō no Uta လို့ လူသိများတဲ့ Song to the Sun ဆိုတဲ့ (၂၀၀၆)တုန်းက ဂျပန်ဇာတ်ကားလေးကို အဖြေခံပြီး အမေရိကန် ဗားရှင်းနဲ့ ပြန်ရိုက်ထားတာပါ။အချစ်ဇာတ်ကားကောင်းကောင်းကို ကြိုက်တဲ့ သူတိုင်း လက်မလွှတ် သင့်တဲ့ ဇာတ်ကား လေးပါ။

# 5 The Kissing Booth

ရိုမန်တစ်ဆန်ဆန် ပေါ့ပေါ့ပါးပါး အချစ်ဇာတ်ကားလေးကို ခံစားချင်တယ်ဆိုရင်တော့ The Kissing Booth ဆိုတဲ့ ဇာတ်ကား လေးကို ညွှန်းပေးချင်ပါတယ်။ဆယ်ကျော်သက် အချစ်ရိုမန်တစ် ဟာသ ဇာတ်ကားလေး ပါ။Joey King နဲ့ Jacob Elordi တို့က အဓိက သရုပ်ဆောင်ထားတာပါ။မင်းသားချောချောလေး ပါတဲ့ ဇာတ်ကား ကို ကြိုက်တဲ့ သူတွေ အတွက်တော့ သေချာပေါက် ရွေးချယ်သင့်တဲ့ ဇာတ်ကားလေးပါ။Jacob Elordi တစ်ယောက် မိန်းကလေး ပရိသ တ်တွေ အခိုင်အမာ ရသွားစေတဲ့ ဇာတ်ကားလေးပါ။ရိုမန်တစ် ဟာသ ဆန်ဆန် ဇာတ်ကားလေးကို ကြိုက် တယ်ဆိုရ င်တော့ ဒီဇာတ်ကားလေးကလည်း သေချာပေါက် ကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။

 

#SHWEMOM

SHARE