ဝမ်းဗိုက်အဆီတွေလောင်ကျွမ်းဖို့ အကောင်းဆုံးနည်းလမ်းများ

ကျန်းမာလှပတဲ့ ခန္ဓ္ဓကိုယ်ဖြစ်ဖို့ အသားဓာတ်၊ ပရိုတင်းဓာတ်၊ ကဆီဓာတ်၊ အမျှဉ်ဓာတ် စသဖြင့် ခန္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓကိုယ်အတွက် လိုအပ်တဲ့ ဓာတ်ပေါင်းစုံနဲ့ ပြည့်စုံနေဖို့လိုပါတယ်။

ဒါပေမယ့် ခန္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓကိုယ်အတွက် အာဟာရဓာတ်တွေ ပြည့်စုံနေဖို့လိုပေမယ့် လိုအပ်တာထက် ပိုလျှံနေမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။အထူးသဖြင့် ၀မ်းဗိုက်ပတ်လည်မှာ အဆီပို(Belly fat)တွေရှိနေမယ်ဆိုရင်တော့ စမတ်ကျတဲ့ ခန္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓကိုယ်လေးဖြစ်ဖို့ အလှမ်းဝေးနေဦးမှာပါ။Shwemom ပရိသတ်ကြီးကို အခုပြောပြပေးမယ့် နည်းလမ်းလေးတွေကတော့အဆီပိုတွေကို ဖယ်ရှားတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ် ပြီး ဘေးကင်းစိတ်ချရတဲ့ နည်းလမ်းလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်အဆီကိုလောင်ကျွမ်းစေခြင်း

မလိုအပ်တဲ့ဝမ်းဗိုက် အဆီတွေကိုဖယ်ရှားတဲ့အခါ သင့် အသက်အရွယ်နဲ့ နှလုံးခုန်နှုန်းပေါ်မူ တည်ပြီး လေ့ကျင့်ခန်း လုပ်တာက သင့်ရဲ့ belly fat တွေကို လောင်ကျွမ်းစေမှာဖြစ်ပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါ  နေ့စဉ် တစ်နာရီနဲ့အထက် လုပ်သွားခြင်း ဖြင့် သင့်ရဲ့belly fatလောင်ကျွမ်းမှုအတွက် လုံလောက်တဲ့ လေ့ကျင့်ခန်းမျိုးကို ရရှိမှာဖြစ်ပါတယ်။

Stair Master (600 calories/hour)
Elliptical (600 calories/hour)
High Intensity Interval Training (HIIT) (800 calories/hr)
ဒါတွေကတော့ ကယ်လိုရီ လောင်ကျွမ်းမှုအဆင့်သတ်မှတ်ချက်တွေဖြစ်ပါတယ်။

READ
အချိန်အခါမဟုတ် နှုတ်ခမ်းကွဲပြီး ခြောက်ရတဲ့ အကြောင်းရင်း (၅)ချက်

သင့်အနေနဲ့သင့်တော်တဲ့ ကယ်လိုရီလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းမျိုးလုပ်မယ်ဆိုရင်တော့

Power Walking (အားထည့်ပြီးလမ်းလျှောက်ခြင်း)(450 calories/hr)
Swimming(ရေကူးခြင်း) (550 calories/hr)
Biking (စက်ဘီးစီးခြင်း)(300 calories/hr)

တို့ပြုလုပ်နိုင်ပါတယ်။

Belly fat burning ကိုအထောက်အကူဖြစ်စေမယ့်အစားအစာများ

ကယ်လိုရီတွေက အဆီတွေကိုဖြစ်စေတဲ့အတွက် ကယ်လိုရီတက်စေတဲ့အစားအစာတွေကို ထိန်းချုပ်စားသုံးခြင်းနဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့အစားအစာတွေကို ရွေးချယ်စားသုံးခြင်းက သင့်ကို အထောက်အကူဖြစ်စေမှာပါ။

သင့်ရဲ့ အစားအစာက ကယ်လိုရီကို လောင်ကျွမ်းစေတဲ့အပြင် ခန္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓကိုယ်အတွက်လုံလောက်တဲ့အာဟာရဓာတ် ကိုပေးတဲ့ အစားအစာဖြစ်ဖို့လည်းလိုအပ်ပါတယ်။ဂျုံ၊ စပျစ်သီး၊ လက်ဖက်စိမ်း၊ ဘယ်ရီသီး၊ ထောပတ်သီး ၊ရှာလကာရှည်နဲ့ ပရိုတင်းဓာတ် ပါတဲ့အစားအစာတွေက မလိုအပ်တဲ့ ၀မ်းဗိုက်အဆီတွေကို ဖယ်ရှားဖို့ အထောက်အကူဖြစ်စေမှာပါ။

နောက်တစ်ချက်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်နေထိုင်မှုပုံစံမျိုးရအောင် လေ့ကျင့်ယူပါ။ဥပမာ-သွားရည်စာကြိုက်တတ်တဲ့သူဆိုရင် ကျန်းမာရေးနဲ့ညီညွတ်စွာထုတ်ပိုးထားတဲ့ သွားရည်စာမျိုးကိုပဲစားသုံးသင့်ပါတယ်။

READ
စိတ်ဖိအားကို တိုးပွားစေသောအစားအစာများ

ဒါ့အပြင် မနက်စာ၊နေ့လည်၊ညစာတို့ကိုလည်း မျှတစွာစားသုံးပါ။

တရေးတမောအိပ်စက်အနားယူပါ

စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကြောင့် ညဘက်တွေမှာအိပ်မပျော်နိုင်ဘဲ ညည့်နက်တာမျိုးကိုရှောင်ကြဉ်သင့်သလို ညဘက် ရုပ်ရှင်၊တီဗွီ ကြည့်တာတွေကလည်း သင့်ရဲ့အိပ်ချိန်တွေကို အနှောက်အယှက်ဖြစ်စေပါတယ်။အိပ်စက်ခြင်းမရှိဘဲ လုပ်နိုင်စွမ်း အားအင်တွေရရှိမှာမဟုတ်လို့အိပ်ရေး၀၀အိပ်သင့်ပါတယ်။ အခုလိုမျိုး အိပ်စက်ချိန်ကို မှန်ကန်စွာသတ်မှတ် ထားမယ်ဆိုရင် အိပ်မပျော်နိုင်ခြင်းကြောင့် အပျင်းပြေ၊အဆာပြေ စားသောက်မှုတွေကြောင့် အဆီပိုတွေတက်လာမှာကို လည်း ကာကွယ်ထားပြီးသားဖြစ်မှာပါ။ဒါ့အပြင် အိပ်စက်ခြင်းက ခန္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓကိုယ်မှာရှိတဲ့ ကြွက်သားတွေရဲ့ကုန်ဆုံးသွားတဲ့ အားအင်တွေကိုလည်း ပြန်လည်အားဖြည့်စေမှာဖြစ်ပါတယ်။

ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ဖို့ သင့်ရဲ့တီဗွီကို ပိတ်လိုက်ပါ။ကိုယ် ကြိုက်တဲ့ စာအုပ်တစ်အုပ် အုပ်ကိုဖတ်တာမျိုးလုပ်နိုင်ပါတယ်။

ဒါမှမဟုတ် အသက်ကိုမှန်မှန်ရှူသွင်းပြီး အလုပ်တွေကိုမေ့ထားလိုက်ပါ။အိပ်ချင်စိတ်မရှိဘူးဆိုရင်တောင် မျက်လုံးတွေကိုမှိတ်ထားလိုက်မယ်ဆိုရင် သင့်ရဲ့အိပ်ချိန်တွေကို အပြည့်အ၀ကာကွယ်နိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ လေ့ကျင့်ခန်း ဒါမှမဟုတ် အစားအသောက်နဲ့အဆီလျှော့ချခြင်း(Diet plan)မလုပ်ခင်မှာ သင့်ရဲ့မိသားစု ဆရာဝန်၊ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ပင်ပါ။

ဖော်ပြပါ နည်းလမ်းများကို သင့်လျော်သလို အသုံးပြုပြီး ကျန်းမာပျော်ရွှင်ကြပါစေ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

SHARE