(၂၀၁၉)ခုနှစ်ရဲ့ ကမ္ဘာ့ထိပ်တန်း မိုးမျှော်တိုက်တွေဆီကို အလည်သွားရအောင် ……

WorldCasinoNews.com

ဗိသုကာပညာရဲ့တစ်ဖြည်းဖြည်းတိုးတက်လာမှုတွေဟာ မိုးမျှော်တိုက်တွေရဲ့ဆောက်လုပ်မှုပုံစံတွေကိုကြည့်တာနဲ့တင် သိနိုင်ပါတယ်။အထပ်မြင့်တိုက်တွေရဲ့တစ်ခုနဲ့တစ်ခုမတူပဲပြောင်းလဲလာတဲ့ဆောက်လုပ်မှုပုံစံတွေကိုကြည့်ရတာ အရမ်းကိုပဉ္စလက်ဆန်ပါတယ်။

Emporis အိမ်ခြံမြေသုတေသနကုမ္ပဏီက ဦးဆောင်ပြုလုပ်တဲ့ နှစ်စဉ်ကျင်းပနေကြ Skyscraper Awards ဆုပေးပွဲမှာ နောက်ဆုံးပေါ်တီထွင်ဆောက်လုပ်နိုင်တဲ့ အဆောက်အအုံဒီဇိုင်းဆုပြိုင်ပွဲမှာ ဒီဇိုင်းပေါင်း(၅၀၀)နီး ပါးလက်ခံရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထဲကမှ (၂၀၁၉)ခုနှစ်ရဲ့ထိပ်တန်းမိုးမျှော်တိုက်(၁၀)ခု ရဲ့စာရင်းကိုရွေးချယ်  ကြေညာခဲ့ပါတယ်။ ဒီရွေးချယ်လိုက်တဲ့ ကမ္ဘာတစ်ဝန်းမှထိပ်တန်းမိုးမျှော်တိုက်(၁၀)ခုကို ပရိသတ်တွေသိစေဖို့ဖော်ပြေ ပးလိုက်ပါတယ်နော်။

10 – Maryland ပြည်နယ်မှာရှိတဲ့ 414 Lightstreet Apartments

Unsplash/Pixelflexled

အမေရိကန်နိုင်ငံ Maryland ပြည်နယ် Baltimore မြို့မှာရှိတဲ့ ဒေါင်လိုက်အဆောက်အအုံပုံစံမိုးမျှော် တိုက်ပဲဖြစ်ပါတယ်။ ဆန်းသစ်တဲ့အခန်းဖွဲ့စည်းပုံစံတွေနဲ့ ဒေါင်လိုက်ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒီအဆောက်အအုံရဲ့အကျယ်ဟာပေ(၅၀၀)ရှိပြီး အထပ်ပေါင်း (၄၄)ထပ်ဆောက်လုပ်ထားတယ်လို့ Emporis ကုမ္ပဏီကပြောပါတယ်။ ဒီအဆောက်အအုံကို ဗိသုကာပညာရှင် Solomon Cordwell Buenzv ကဒီဇိုင်းရေးဆွဲတည်ဆောက်ထား တာဖြစ်ပါတယ်။ Baltimore မြို့ရဲ့သမိုင်းဝင်မိုးမျှောက်တိုက်တစ်ခုဖြစ်ဖို့အတွက် မြို့လယ်ကိုခေတ်သစ်နေရာတစ်ခုဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်စီမံကိန်းကိုချပြီး ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်တယ်လို့ Solomon Cordwell Buenzv ကပြောပါတယ်။

9 – တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာရှိတဲ့ China Zun မိုးမျှော်တိုက်

Wikimedia Commons

China Zun မိုးမျှော်တိုက်ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာရှိပြီး အမြ င့်ဆုံးဆန်ကာတင်စာရင်းထဲမှာပါတဲ့ အဆောက်အအုံတစ်ခုလည်းဖြစ်ပါတယ်။ပေကျင်းမြို့ရဲ့အမြင့်ဆုံးမိုးမျှော်တိုက်ဖြစ်တယ်လို့ Dezeen ဗိသုကာဝဘ်က်ဆိုက်ကဖော်ပြထားပါတယ်။ ဒီအဆောက်အအုံကို အကွေးဒီဇိုင်းနဲ့အထပ်မြင့် ပုံစံဆောက်လုပ်ထားတာဖြစ်ပါတယ်။ဒီအဆောက်အအုံကို Kohn Pedersen Fox Associates ဗိသုကာကုမ္ပဏီ၊ TFP Farrells Limited ကုမ္ပဏီနဲ့ ပေကျင်းသုတေသနဦးစီးဌာနတို့ပူးပေါင်းဒီဇိုင်းရေးဆွဲဆောက်လုပ်ထားတာဖြစ်ပါတယ်။

8 – နယူးယော့ခ်မြို့မှာရှိတဲ့ ARO မိုးမျှော်တိုက်

Twitter/Ameieveraz

ARO မိုးမျှော်တိုက်ဟာ နယူးယော့ခ်မြို့ရဲ့အမြင့်ဆုံးအဆောက်အအုံတော့မဟုတ်ပါဘူး။ဒါပေမယ့် ဒီအဆော က်အအုံဟာ အခြားမိုးမျှော်အဆောက်အအုံတွေထက် အသစ်အသစ်သောဇိမ်ခံတိုက်ခန်းပေါင်းများစွာ နဲ့ဆောက်လုပ်ထားပါတယ်။အဆောက်အအုံရဲ့အပြင်ဘက်ကကြည့်မယ်ဆိုရင် အကွေးပုံစံဒီဇိုင်းနဲ့တိုက်ခန်းပေါင်းများ စွာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီမိုးမျှော်တိုက်မှာ အထပ်ပေါင်း(၆၀)ရှိပြီး အခန်းပေါင်း(၄၂၆)ခန်းရှိပါတယ်။

7 – ဗီယက်နမ် ဟိုချီမင်းမြို့မှာရှိတဲ့ Vincom Landmark 81 မိုးမျှော်တိုက်

READ
မြို့ထဲမှာ သေဆုံးခွင့်မပေးဘဲ တားမြစ်မိန့်ထုတ်ပြန်ထားတဲ့ နော်ဝေမြို့ကလေး
Twitter/Ho Chi Minh City Travel Guide

Vincom Landmark 81 မိုးမျှော်တိုက်ဟာ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာရှိပြီး ပေ(၁၅၁၃)အကျယ်ရှိပါတယ် ။ဒုတိယအမြင့်ဆုံးအဆောက်အအုံအဖြစ်စာရင်းဝင်ခဲ့ပါတယ်။အထပ်ပေါင်း(၈၁)ထပ်ရှိပြီး ဗီယက်နမ်နိုင်ငံရဲ့အမြင့် ဆုံးအဆောက်အအုံတစ်ခုဖြစ်တယ်လို့ Atkins ဗိသုကာကုမ္ပဏီကဖော်ပြခဲ့ပါတယ်။ ဒီမိုးမျှော်တိုက်ဟာ အထပ်ပေါင်းများစွာရှိပြီး မှန်ပြတင်းပေါက်ပေါင်းများစွာနဲ့ ဆန်းသစ်စွာတည်ဆောက်ထားတာကိုတွေ့ရပါတယ်။ ဒီအဆောက်အအုံမှာ ဈေးဝယ်စင်တာတစ်ခု၊ ဟိုတယ်တစ်ခုနဲ့ အခြားလူနေတိုက်ခန်းတွေလည်းရှိပါတယ်။

6 – ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာရှိတဲ့ Monde မိုးမျှော်တိုက်

Twitter/Toronto Rentals

Monde မိုးမျှော်တိုက်ကို ဗိသုကာပညာရှင် Moshe Safdie နဲ့ Quadrangle Architects Ltd ကုမ္ပဏီတို့ ပူးပေါင်းဒီဇိုင်းရေးဆွဲဆောက်လုပ်ထားတာဖြစ်ပြီး အထပ်ပေါင်း(၄၄)ထပ်ရှိပါတယ်။ ဒီအဆောက်အအုံမှာနေထိုင်သူတွေအိမ်အပြင်ဘက်မှာရှိတဲ့ မြို့ပြဘ၀ကိုခံစားနိုင်ဖို့အတွက် အထပ်တိုင်းမှာ ဆင်ဝင်လေးတွေကိုဆောက်လုပ်ပေးထားတာကိုတွေ့ရပါတယ်။

5 – Colorado ပြည်နယ်မှာရှိတဲ့ 1144 Fifteenth မိုးမျှော်တိုက်

Pixels/pickard

1144 Fifteenth မိုးမျှော်တိုက်ဟာ အမေရိကန်နိုင်ငံ Colorado ပြည်နယ် Denver မြို့မှာရှိတဲ့ ရုံးအဆောက်အ အုံတစ်ခုဖြစ်ပါတယ်။ဒီအဆောက်အအုံမှာ ရုံးအလုပ်ခန်းများစွာရှိတဲ့အပြင် fitness center တစ်ခု၊ နားနေခန်းတစ်ခုနဲ့ ၀န်ထမ်းတွေအနားယူလို့ရတဲ့နေရာတွေကိုလည်းထားပေးထားပါတယ်။ Pickard Chilton Architects, Inc. ကုမ္ပဏီနဲ့  Kendall/Heaton Associates Inc. ကုမ္ပဏီတို့ပူးပေါင်းပြီး မှန်တွေနဲ့အလှ ဆင်တည်ဆောက်ထားတာဖြစ်ပါတယ်။

4 – ထိုင်ဝမ်မှာရှိတဲ့ Nan Shan Plaza မိုးမျှော်တိုက်

Twitter/Arketipo

Nan Shan Plaza မိုးမျှော်တိုက်ကို Mitsubishi Jisho Sekkei Inc.ကုမ္ပဏီနဲ့ ထိုင်ဝမ်ဗိသုကာပညာရှင်အဖွဲ့တို့ ပူးပေါင်းပြီး ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီအဆောက်အအုံဟာ တစ်ကယ်တော့ ကြီးမားတဲ့  ပလာဇာတစ်ခုဖြစ်ပြီး ရုံးခန်းနဲ့ဈေးဝယ်စင်တာတွေရှိပါတယ်။အထပ်ပေါင်း(၄၈)ထပ်ရှိပြီး အဆောက်အအုံ(၂)ခုကိုအလယ်ကပေါင်းကူးတံတားပုံစံမျိုးတည်ဆောက်ထားတာဖြစ်ပါတယ်။

3 – လန်ဒန်မှာရှိတဲ့ 52 Lime Street မိုးမျှော်တိုက်

READ
နောင်နှစ်(၃၀)ခန့်အကြာတွင် ကျွန်းနိုင်ငံအချို့ ရေလွှမ်းမိုးခံရပြီး သမုဒ္ဒရာအောက် ရောက်ဖွယ်ရှိ
Twitter/Hufton+Crow

Kohn Pedersen Fox Associates ဗိသုကာကုမ္ပဏီကဒီဇိုင်းရေးဆွဲဆောက်လုပ်ထားတဲ့ 52 Lime Street မိုးမျှော်တိုက် ဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာရှိပါတယ်။စိတ်ဝင်စားဖွယ်ရုံးအဆောက်အအုံတစ်ခုအဖြစ် သမိုင်းဝင်အောင်တည်ဆောက်ထားတာဖြစ်ပါတယ်။ အထပ်ပေါင်း(၄၂)ထပ်၊ အမြင့်(၆၂၄)ပေရှိတဲ့ အဆောက်အအုံတစ်ခုဖြစ်တယ်လို့ Emporis ကုမ္ပဏီကဖော်ပြခဲ့ပါတယ်။

2 – ပြင်သစ်မှာရှိတဲ့ La Marseillaise မိုးမျှော်တိုက်

Twitter/Michele Clavel

La Marseillaise မိုးမျှော်တိုက်ဟာ အမြင့်ပေ(၄၄၃)ရှိတဲ့အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ဆန်းသစ်တဲ့အရောင်တွေ နဲ့ဖန်တီးတည်ဆောက်ထားတာကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ မိုးမျှော်တိုက်တွေထက်ပိုမိုပေါ်လွင်တာကိုတွေ့ရပါ တယ်။အဆောက်အအုံကို မတူညီတဲ့အရောင်အမျိုးပေါင်း(၃၀)နဲ့ခြယ်သထားတာဖြစ်ပါတယ်။ဗိသုကာပညာရှင် Jean Nouvel နဲ့ Tangram Architects ဗိသုကာကုမ္ပဏီတို့ပူးပေါင်းဒီဇိုင်းဆွဲတည်ဆောက်ထားတဲ့အဆောက်အ အုံတစ်ခုလည်းဖြစ်ပါတယ်။

1 – တရုတ်နိုင်ငံ Macau ပြည်နယ်မှာရှိတဲ့ MGM Cotai မိုးမျှော်တိုက်(အပြင်ဘက်)

twitter/Casion.org

MGM Cotai မိုးမျှော်တိုက်ဟာ အမြင့်ဆုံးအဆောက်အအုံတစ်ခုတော့မဟုတ်ပါဘူး။တရုတ်လက်ဝတ်ရတ နာသေတ္တာတွေကိုဆင့်ပြီးတင်ထားတဲ့ပုံစံအတိုင်းဒီဇိုင်းဆွဲဆောက်လုပ်ထားတာဖြစ်ပါတယ်။ အဆောက်အအုံတစ်ခုနဲ့ တစ်ခုဆီ ကိုချိတ်ဆက်ထားတဲ့ပုံစံအတိုင်းဆောက်လုပ်ထားတာဖြစ်ပြီး အပန်းဖြေစခန်းတစ်ခုအဖြစ်တည်ဆောက်ထား တာဖြစ်ပါတယ်။အမေရိကန်ဒေါ်လာ(၃.၄)ဘီလီယံကုန်ကျခဲ့တယ်လို့ Kohn Pedersen Fox Associates ကုမ္ပဏီနဲ့ Wong Tung & Partners Limited ကုမ္ပဏီတို့ပူးပေါင်းတည်ဆောက်ထားတာဖြစ်ပါတယ်။

1 – တရုတ်နိုင်ငံ Macau ပြည်နယ်မှာရှိတဲ့ MGM Cotai မိုးမျှော်တိုက်(အတွင်းဘက်)

twitter/KPF

MGM Cotai မိုးမျှော်တိုက်အဆောက်အအုံထဲမှာ အပြင်မှာတွေ့မြင်ရတာထက်သဘောကျဖို့ကောင်းတဲ့ ဇိမ်ခံဟို တယ်ခန်းတွေနဲ့ casino တစ်ခုလည်းရှိပါတယ်။

Thae Su

SHARE