သရဲကားကြိုက်တဲ့ ပရိသတ်တွေအတွက် ထိတ်လန့်ခြောက်ခြားဖွယ် ထိုင်းရုပ်ရှင်ကားကောင်းများ

ထိုင်းရုပ်ရှင်ဇာတ်ကားတွေကတော့ အာရှမှာသာမက ကမ္ဘာတစ်လွှားက ပရိသတ်တွေကြားမှာ အသိအမှတ်ပြုခံထားရတာဖြစ်ပြီး  မတူကွဲပြားတဲ့ ရုပ်ရှင်ရသကို ပေးစွမ်းနိုင်တာကြောင့် ရုပ်ရှင်ပရိသတ်တွေရဲ့ စိတ်ဝင်စားအာားပေးမှုတွေကို ရရှိနေတာဖြစ်ပါတယ်။ ထိုင်းရုပ်ရှင်လောကမှာ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းတဲ့ သရဲကားတွေကတော့ အချစ်၊ဟာသ၊ သဘာဝလွန် စတဲ့ ပုံစံအမျိုးမျိုးနဲ့ ရိုက်ကူးကြပြီး  ဇာတ်လမ်း၊ဇာတ်အိမ်ကလည်း ခိုင်မာမှုရှိလွန်းပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ Shwemom ပရိသတ်တွေအတွက် ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

1.Shutter

ဒီဇာတ်ကားကတော့ အင်္ဂလိပ်ဘာသာနဲ့တောင် ထပ်ပြီး ရိုက်ကူးခဲ့ရလောက်တဲ့အထိ အင်တာနေရှင်နယ်မှာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကောင်မလေးတစ်ယောက်ရဲ့ သေဆုံးမှုမှာ တာဝန်ရှိတဲ့ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ ဓါတ်ပုံတွေထဲမှာ အဲဒီကောင်မလေးကို တွေ့ရလာတဲ့နောက် ဘာတွေ ဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

2.Ladda Land

ဒီဇာတ်ကားကတော့ ဆုရရှိခဲ့တဲ့ သရဲကားတစ်ကားဖြစ်ပြီး အရင်က ဆင်ခြေဖုံးရပ်ကွက်ဖြစ်ခဲ့တဲ့ အိမ်ရာ အသစ်တွေ ဆောက်ထားတဲ့ Laddaland ဆိုတဲ့နေရာကို ပြောင်းလာတဲ့ မိသားစုတစ်စုက ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရပြီး သူတို့ ဘယ်လို ဖြေရှင်းကြမယ်ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

READ
တစ်နေ့တစ်ခြား ပိုပိုပြီး လှသွေးကြွယ်လာတဲ့ ယွန်းယွန်း

3. The Eyes Diary

ဒီဇာတ်လမ်းကတော့ သနားစရာကောင်းတဲ့ မော်တော်ဆိုင်ကယ်သမားလေး Nottရဲ့ ကြေကွဲစရာ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ သူကတော့ မော်တော်ဆိုင်ကယ် အက်စီးဒင့်ကြောင့် သူရဲ့ ကောင်မလေးကို ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ ဒါကတော့ ဇာတ်လမ်းရဲ့ အစပဲရှိပါသေးတယ်။ သူကတော့ သူ့ရဲ့ ကောင်မလေးနဲ့ တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ပြန်တွေ့နိုင်ဖို့အတွက် သေပြီးသူတွေနဲ့ ဆက်သွယ်တဲ့နောက် ဘာတွေ ဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

4. Coming Soon

ဒီဇာတ်လမ်းကတော့ အငြိုးကြီးတဲ့ သရဲရဲ့အကြောင်းဖြစ်ပါတယ်။ ရုပ်ရှင်ရုံတစ်ခုမှာ ရုံတင်နေတဲ့ ရုပ်ရှင်ကို ကြည့်ပြီးတဲ့ ပရိသတ်တွေတိုင်း သရဲခြောက်ခံရပြီး မျက်စိမမြင်ရတဲ့အထိဖြစ်သွားကြပါတယ်။ ဒီအခြေအနေတွေကို ပြန်လည် ထိန်းသိမ်းဖို့အတွက် ဘယ်လို ဖြေရှင်းကြမလဲဆိုတာ စောင့်ကြည့်ကြမှာဖြစ်ပါတယ်။

5. 4bia

ဒီဇာတ်လမ်းကတော့ အပိုင်းလေးပိုင်းပါဝင်တဲ့ ထိုင်း သရဲ စီးရီးဇာတ်လမ်းတွဲဖြစ်ပါတယ်။ Happiness,Tit For Tat,In The Middle,Last Fright ဆိုတဲ့ အပိုင်းလေးပိုင်းပါဝင်တာဖြစ်ပါတယ်။ အပိုင်းတစ်ပိုင်းစီက ဇာတ်လမ်းတစ်ခုစီဖြစ်ပြီး စိတ်ဝင်စား စရာလည်းကောင်းတာကြောင့် ပရိသတ်တွေ အားပေးလိုက်ပါဦးနော်။

READ
လူတွေအတိုင်း ကစားနေခဲ့တဲ့ ချင်ပန်ဇီသားအမိနှစ်ကောင်ရဲ့ ကြည်နူးဖွယ် ဗီဒီယိုလေး 

Source: screenrant

SHARE