အချစ်/ဟာသ ရုပ်ရှင်ကားတွေမှ ကြိုက်သူတွေအတွက် ထိုင်းရုပ်ရှင်ဇာတ်ကားကောင်းများ

ထိုင်းရုပ်ရှင်ဇာတ်ကားတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် ရုပ်ရှင်စတိုင်၊အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပြီး အာရှမှာ အောင်မြင်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်ဇာတ်ကားတွေကြားမှာတော့ သူတို့ရဲ့ တမူထူးခြားတဲ့ ဇာတ်အိမ်ဖွဲ့စည်းပုံတွေကြောင့် အချစ်/ဟာသ ရုပ်ရှင်ကားတွေက ပရိသတ်တွေကြားမှာ တော်တော်လေးလူကြိုက်များပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ အချစ်/ဟာသ ရုပ်ရှင်ကားတွေမှ ကြိုက်သူတွေအတွက် ထိုင်းရုပ်ရှင်ဇာတ်ကားကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

1. Brother of The Year

ဒီရုပ်ရှင်ကားကတော့ ပရိသတ်တိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသမီး Yaya, 2PM အဖွဲ့ဝင် Nichkhunနဲ့ မင်းသားကြီး Sunny Suwanmethanont တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီကားလေးကတော့ အစပိုင်းမှာ တော်တော်လေး ဟာသလေးတွေပါပါတယ်။ ကြည့်ရှုသူတိုင်းကို ဇာတ်လမ်းထဲမှာ စီးမြောသွားစေနိုင်တဲ့ ဇာတ်ကားဖြစ်ပြီး ချစ်သူရည်းစားနှစ်ယောက်ရဲ့ အချစ်ကိုသာမက  မောင်နှမနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုပါ ကြည့်ရှုရမှာပါ။

READ
ဒီကနေ့မှာ ကျရောက်တဲ့ သက်မွန်မြင့်ရဲ့ အသက် (၃၆)နှစ်ပြည့် မွေးနေ့
Yahoo Lifestyle Singapore

2. Mr. Hurt

ဒီရုပ်ရှင်ကားထဲမှာလည်း Sunny Suwanmethanont က အဓိကဇာတ်ဆောင်Don Sri-Chang အဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ Don Sri-Chang ကတော့ အချစ်ရေးမှရော အားကစားမှာရော အောင်မြင်တဲ့ တန်းနစ်ကစားသမားတစ်ယောက်ဖြစ်ပေမဲ့ တစ်နေ့မှာတော့ ချစ်သူကောင်မလေးဆီကနေ လက်ထပ်ခွင့်တောင်းရင်း အငြင်းခံလိုက်ရပါတယ်။ သူ့ရဲ့ ချစ်သူကောင်မလေးကတော့ ရောခ့်စတားတစ်ယောက်နဲ့ ဒိတ်ဖို့အတွက် သူ့ကို ငြင်းလိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် လအတော်ကြာ စိတ်ဓါတ်အကြီးအကျယ်ကျသွားခဲ့တဲ့ Don Sri-Chang ဆီကို မတွေ့တာ အတော်လေးကြာနေပြီဖြစ်တဲ့ သူ့ရဲ့ သူငယ်ချင်းမလေးက ရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

www.gscmovies.com.my

3. Friend Zone

ဒီဇာတ်ကားကတော့ လတ်တလောကမှာ မြန်မာနိုင်ငံမှာ ပြသသွားခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ပရိသတ်တွေလည်း တော်တော်လေး အကြိုက်တွေ့ခဲ့ကြပါတယ်။ သူငယ်ချင်းမကျ ရည်းစားမကျ အခြေအနေကြီးထဲမှာ အခက်တွေ့နေတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။

READ
ရင်တွင်းဖြစ် short film လေးရိုက်ကူးနေတယ်ဆိုတဲ့ ဟန်နာယူရီ
thethaiger.com

4. Pee Mak

ဒီရုပ်ရှင်ကားမှာတော့ Davika နဲ့ Mario တို့က အဓိကဇာတ်ဆောင်တွေအဖြစ်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာလည်းကောင်းပြီး ရယ်စရာလေးတွေလည်း ပါလို့ တော်တော်လေး ကြည့်လို့ကောင်းပါတယ်။

google.com

5. First Love

ဒီရုပ်ရှင်ကားကတော့ Crazy Little Thing Called Love ဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေကြားမှာ လူသိများပြီး ဒီဇာတ်ကားကတော့ အချစ်က လူတစ်ယောက်ကို ဘယ်လောက်အထိ ပြောင်းလဲသွားစေပြီး စိတ်ခွန်အားတွေ ပေးနိုင်တယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ၂၀၁၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပေမဲ့ ယနေ့အထိတိုင် အာရှပရိသတ်တွေကြားမှာ နာမည်ကျော်ဆဲဖြစ်ပါတယ်။

 

 

Wikipedia

Source: Google

 

SHARE