အိပ်ရာနိုးတဲ့အခါ အမြဲတမ်းလန်းဆန်းတက်ကြွနေဖို့ အကောင်းဆုံးအိပ်နည်းများ

pexels/pixabay

လူတွေက ငယ်ငယ်တုန်းကတော့ နေ့လည်နေ့ခင်း မိဘတွေက တရေးအိပ်လို့ပြောရင် နည်းအမျိုးမျိုးနဲ့ ငြင်းဆန်ကြပါတယ်။ ဒါပေမယ့် အသက်ကြီးလာတော့ နေ့ခင်းပိုင်း အချိန်နည်းနည်းလေး ရရင်ကို တရေးမှေးလိုက်ဖို့ပဲ စိတ်ကူးတတ်လာပါတယ်။ တမှေးအိပ်စက်ခြင်းဟာ လူကို စွမ်းအင်ဖြစ်စေရုံတင်မကပဲ စိတ်ကိုပါ လန်းဆန်းစေပါတယ်။ နေ့လည်ခင်း တမှေးအိပ်ဖို့ အကောင်းဆုံးအချိန်တွေကတော့ နေ့လည် () နာရီကနေ () နာရီကြားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်အတောအတွင်းလေးမှာ အိပ်ပေမယ့် အိပ်တဲ့ကြာချိန်ပေါ်မူတည်ပြီး အကျိုးဆက်တွေပြောင်းလဲသွားတာကို brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

Pexels/pixabay

တစ်ခါတစ်လေ ကိုယ့်မှာ ပင်ပန်းစရာအလုပ်တွေရှိလို့ စွမ်းအင်ထိန်းသိမ်းဖို့အတွက် ကြိုအိပ်ရတာတွေ ရှိပါတယ်။ ဒါမျိုးကိုတော့ ကြိုတင်ပြင်ဆင်ထားပြီးမှ အိပ်တဲ့ တမှေးအိပ်ခြင်းလို့ ခေါ်ပါတယ်။ ညဘက်မှာ ညဆိုင်းအလုပ်လုပ်ရလေ့ရှိသူတွေကတော့ နေ့လည်နေ့ခင်း တရေးတမောအိပ်ရဖို့ ကြိုးစားကြလေ့ ရှိပါတယ်။ ရုတ်တရက် မျက်ခွံတွေလေးလာပြီး ရုတ်ချည်းကို အိပ်ချင်လာတဲ့ အရေးပေါ်တမှေးအိပ်တာတွေလည်း ရှိပါသေးတယ်။

ဒီအခြေအနေမှာတော့ ခန္ဓာကိုယ်ဟာ ပင်ပန်းနွမ်းနယ်နေကြောင်း လက္ခဏာတွေပြနေတဲ့အတွက် မျက်လုံးတောင် မဖွင့်နိုင်တော့ပဲ အရမ်းအနားယူချင်နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ တကယ်လို့များ ကားမောင်းနေတုန်း ခုလိုရုတ်တရက်အိပ်ချင်လာတယ်ဆိုရင်တော့ လမ်းဘေးတစ်နေရာမှာ ကားထိုးရပ်ပြီး တရေးမှေးလိုက်တာဟာ အကောင်းဆုံးပါပဲ။ တရေးအိပ်တဲ့အခါ ကိုယ်အိပ်တဲ့အိပ်ချိန်ပေါ်မူတည်ပြီး အကျိုးသက်ရောက်မှူတွေဟာလည်း ကွာခြားသွားတတ်ပါတယ်။

pixels/John-Mark Smith

(၁၀) မိနစ်မှ မိနစ်(၂၀) အတွင်း

တစ်နေ့တာလုံး တက်တက်ကြွကြွနဲ့ ရှိချင်တယ်ဆိုရင်တော့ (၁၀၂၀) မိနစ်အတွင်း တမှေးအိပ်လိုက်တာက အကောင်းဆုံးပါ။ ပင်ပန်းနွမ်းနယ်မှူတွေကို ပြေပျောက်စေတဲ့အပြင် အာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးတက်စေပါတယ်။ မိနစ်(၂၀) ကြာ အိပ်စက်အနားယူခြင်းဟာ ကိုယ့်ရဲ့စွမ်းဆောင်ရည်နဲ့အတူ စိတ်အခြေအနေကိုပါ တိုးတက်စေတယ်လို့ သိရပါတယ်။

မိနစ် (၃၀)

မိနစ်(၂၀)ကြာ အိပ်စက်အနားယူခြင်းဟာ ခန္ဓာကိုယ်အတွက် အကျိုးရှိပြီး အားဖြစ်တယ်ဆိုပေမယ့် မိနစ်(၃၀) လေက်ထိ ကြာသွားရင်တော့ မကောင်းဘူးလို့ ဆိုပါတယ်။ မိနစ်(၂၀) နောက်ပိုင်းရောက်တဲ့အခါ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဟာ ပိုပြီး နက်နက်ရှိုင်းရှိုင်း အိပ်ပျော်သွားဖို့ လိုအပ်တဲ့အဆင့်ကို ရောက်လာပါပြီ။ ဒါပေမယ့် ဒီလိုအချိန်မှာ ကိုယ်က အိပ်ရာကနေ ထလိုက်တဲ့အတွက် နိုးလာတဲ့အခါ အရင်ကထက်တောင် ပိုပင်ပန်းသလိုဖြစ်နေတာကို တွေ့ရမှာပါ။ ဒါကြောင့် စာဖတ်သူအနေနဲ့ အရမ်းလည်း အိပ်ချင်နေတယ်၊ အကြာကြီးအိပ်ဖို့လည်း အချိန်မပေးနိုင်ဘူးဆိုရင်တော့ မိနစ်(၂၀) လောက်သာ အိပ်စက်ဖို့ သင့်ပါတယ်။

pexels/Acharaporn Kamornboonyarush

မိနစ် (၆၀)

မိနစ်(၄၀) အိပ်စက်အနားယူခြင်းဟာ ရေတိုမှတ်ဥာဏ်ကို တိုးတက်စေပါတယ်။ လေ့လာမှူတစ်ခုမှာတော့ လူအချို့ကို ကတ်တွေပြခိုင်းပြီး ၄င်းကတ်တွေကို မှတ်သားစေပါတယ်။ ပြီးတဲ့နောက် မိနစ် (၄၀) ကြာ အိပ်ခိုင်းလိုက်ပါတယ်။ အိပ်ရာက နိုးတဲ့အခါ ဒီလူတွေကို ကတ်တွေအကြောင်း ပြန်မေးပါတယ်။ ဒီအခါတွေ့ရှိရတာက မိနစ်(၄၀) ကြာအိပ်စက်အနားယူတဲ့လူတွေရဲ့(၈၀) ရာခိုင်နှူန်းဟာ ကတ်တွေကို မှန်ကန်စွာပြောနိုင်ပြီး မအိပ်ရတဲ့လူတွေထဲကတော့ (၆၀) ရာခိုင်နှူန်းလောက်သာ ကတ်တွေကို မှန်ကန်စွာပြောဆိုနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ တစ်နေ့တာအတွင်း လူတွေရဲ့ အမည်နာမတွေ၊ မျက်နှာတွေနဲ့ နေရာတွေကို အသေးစိတ်မှတ်မိချင်တယ်ဆိုရင်တော့ မိနစ်(၄၀၆၀) အထိ အိပ်စက်ဖို့ သင့်ပါတယ်။

မိနစ်(၉၀)

နေ့လည်နေ့ခင်း တမှေးအိပ်အနားယူရာမှာ မိနစ်(၉၀) အိပ်စက်တာကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မိနစ်(၉၀) အနားယူအိပ်စက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာမှတ်ဥာဏ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း မြင့်မားစေပါတယ်။ ဥပမာအားဖြင့် တူရိယာအသစ်တစ်ခုခုကို တီးခတ်တတ်ဖို့သင်ယူနေတဲ့အချိန်၊ ဘာသာစကားအသစ်တစ်ခုကို လေ့လာနေတဲ့အချိန်၊ စက်ပစ္စည်းတစ်ခုကို ဘယ်လိုအသုံးချရမလဲ သင်ယူနေတဲ့အချိန်တွေမှာ မိနစ်(၉၀) ကြာ အိပ်စက်ခြင်းဟာ အများကြီးအထောက်အကူပြုပါတယ်။ တမှေးမအိပ်ခင် သင်ယူစရာရှိတာတွေကို သင်ယူလေ့လာ၊ ပြီးတော့မှ မိနစ်(၉၀) လောက် တမှေးအိပ်လိုက်ပါ။ နိုးလာတဲ့အခါ သင်ယူထားတဲ့အရာတွေကို ပြန်မှတ်မိနေတာ ထူးထူးခြားခြား သိရမှာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE