ဆီးချို သွေးချို ဝေဒနာရှင်တွေ အတွက် သရေစာ အမျိုးအစားများ

Image : pixabay/stevepb

ဆီးချို သွေးချို က တော့ အခုဆိုရင် အဖြစ်များတဲ့ သူတွေ တစ်နေ့ တခြားကို ပိုများလာပါတယ်။လူတွေ ရဲ့ နေထိုင် စားသောက်မှု ပုံစံ တွေ က ဆီးချို သွေးချို ရောဂါ ကို လက်ယပ် ခေါ် နေသလို ဖြစ် နေတာပါ။ရောဂါရဲ့  နောက် ဆက် တွဲတွေ က အရမ်းကို ကြောက်ဖို့ ကောင်တာမို့ အစား အ သောက် အေ န အထိုင် ကို တော်တော် လေး ဂရုစိုက် ဆင်ြ ခင်မှ အဆင် ပြေမှာပါ။ ဆီးချိုဝေဒနာရှင် တွေအတွက် သရေစာ အ ဖြစ် ဘယ်လို အရာတွေ ကို စားလို့ရနိုင် လဲ၊ဘာေ တွကို ရှောင်ရမလဲ ဆိုတာ Insider မှာ အခုလို ဖော်ပြထားပါတယ်။

carbohydrate  နည်းတာမျိုးကို ရွေးချယ်ပါ

Image : pixabay/marijana1

ဆီးချို သွေးချို ဝေဒနာရှင်တွေ မဖြစ် မ နေ လုပ်ကို လုပ်ရမှာက Carbohydrate တွေကို ရေ တွက် ပြီး စား မှ ရမှာပါ။ဘယ်လောက် စားလိုက်လဲ ဆိုတာကို ခန္ဓာကိုယ်က အင်ဆူလင် ပမာဏ နဲ့ ချင့် တွက် မှ ရမှာပါ။တကယ်လို့ Carb ကို စားရင် ဂလူးဂို့စ် (Glucose) အဖြစ်နဲ့ လျင်မြန် စွာ ပြောင်းလဲ နိုင်ပါတယ်။ ဒါ ဟာ သွေး ထဲမှာ သကြား ဓါတ် မြင့် လို့ ဖြစ်တာပါ။ဆဲလ် တွေက Glucose ကို စုပ် ယူ လိုက်တဲ့ အခါ မှာ သွေးထဲက သကြားဓါတ် ကျ သွားတာပါ။ဒါပေမယ့် ဆီးချို သွေး ချို ဝေဒနာရှင်ဆိုရင် တော့ ဆဲလ် တွေ က glucose ကို လုံလုံ လောက်လောက် စုပ်ယူ မ ပေးနိုင် ပဲ သွေး ကြော ထဲမှာ သောင် တင် နေတာ ကြောင့် သကြားဓါတ် ပမာဏ တွေကို မြင့်တက် စေတာပါ။ဒီတော့ သွေးထဲက သကြား ဓါတ်ကို ထိန်းညှိချင်ရင် carbohydrates ကို သေချာ ထိန်းညှိ စားသောက်လို့ ဖို့လိုပါတယ်။အဲ့ဒီ အတွက် အဓိက ရွေးချယ်ရမှာက ပရိုတင်း၊အမျှင်ဓါတ်နဲ့ ကျန်းမာရေး အတွက် သင့် တော်တဲ့ healthy fats တွေကို ရွေးချယ် စားသောက် ပေးဖို့ လိုပါတယ်။ပုံမှန် ဆိုရင်တော့ သ ရေစာ တော်တော် များများမှာ carbohydrate တွေ အရမ်းများပါတယ်။ဆီးချို သွေးချို သမားတွေ က တော့ carbohydrate နည်း ပြီး ပရိုတင်းနဲ့ အမျှင်ဓါတ်များတာ မျိုးကို ရွေးချယ်ပေးရမှာပါ။

READ
ဝိတ်ကျချင်သူတိုင်းအတွက် အရေးကြီးတဲ့အချက်

ပရိုတင်းဓါတ်များတာ မျိုးကို ရွေးပါ

Image : pixabay/TesaPhotography

ပရိုတင်းဓါတ်များတာ မျိုးကို စားပါ။ပရိုတင်း တွေက တစ်ရှူးတွေ တည်ဆောက်တဲ့ နေရာ နဲ့ ပြန်ပြင် ဆင် တဲ့ နေရာ တွေ အတွက် လိုပါတယ်။ Diabetes Medicine Journal တစ်ခုက ဖော်ပြ ချက်အရင အင်ဆူ လင်ထိုးနေရတဲ့ လူမျိုးတွေ ဆိုရင် သရေစာ တစ်ခါ စားရင် (၁၂.၅)ဂရမ် ကနေ (၅၀) ဂရမ် အထိ ပရို တင်းစားပေးလို့ ရတယ်လို့ ဆိုပါတယ်။ဒါပေမယ့် သတိပြု ရမှာက  အဆီ နဲ့ carbohydrates တွေ တော့ လုံးဝ ပါလို့ မရပါဘူး။ကြက်ဥ အကြီး နှစ်လုံးမှာဆိုရင် ပရိုတင်း 12.5 grams ပါဝင်ပါတယ်။  ပရိုတင်း အစား သောက် ဆို ရင်တောင်မှ သူ့ မှာ ဘယ်ေ လာက် ဂရမ် ပါလဲ၊ကိုယ့်ရောဂါ အ ခြေအ နေ နဲ့ စားလို့ ရ မရ ဆိုတာ မျိုးက တော့ တွက်ချက် စားသောက် ပါ။ ဘာေ ကြာင့် တွက်စားဖို့ လိုလဲဆိုရင် တော့ ပရိုတင်း 75g  က နေ  100g  အထိ စား ရင် သွေးထဲ သကြား ဓါတ်ကို မြင့် တက် စေပါတယ်။ဒါေ ကြာင့် စားမယ်ဆိုရင် တောင်မှ တွက် ချက် စား မှ ရမှာပါ။

အမျှင်ဓါတ်ပါတာ စား

အမျှင်ဓါတ် ပါတာတွေ က ဗိုက်ပြည့်တယ်လို့ အချိန်ကြာကြာ ခံစားရစေပါတယ်။ဆီးချို သွေး ချို ဝေဒနာရှင်တွေ အနေနဲ့ တစ်နေ့ကို အမျှင်ဓါတ် (၂၀) ဂရမ် ကေ န (၃၅)ဂရမ် အထိ စား လို့ ရပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ

Image : pixabay/Tumisu

ကျန်းမာရေးနဲ့ ညီညွတ် တဲ့ အဆီမျိုးကို ရွေးချယ်  ပေးဖို့ မဖြစ် မ နေ လိုအပ်ပါတယ်။အဲ့ဒီအဆီ တွေ က ခန္ဓာကိုယ်အေ လးချိန် ကို ထိန်းတဲ့ နေရာမှာ လည်း အဆင် ပြေ စေပါတယ်။တစ်ခု သတိ ထားရမှာက အသီးအနှံ ဆိုတိုင်းလည်း အများကြီး စားလို့ မသင့်တော်တာတွေ ရှိပါတယ်။တစ်ချို့ အသီးအနှံ တွေက သကြားဓါတ်များတာ၊အဆီ ပါတာ တွေ ရှိတာ ကြောင့်ပါ။

  • ထောပတ် သီးတစ်လုံး နဲ့ ကြက်ဥ တစ်လုံးမှာဆိုရင် (34g fat)
  • နေကြာစေ့ လက်ဖက်ရည် ခွက်တစ်ခွက်မှာဆိုရင် (24g fat)
READ
မှတ်ဉာဏ်ချို့ယွင်း ရောဂါသည်များအတွက် မှတ်ဉာဏ်ကို ကောင်းမွန်စေတဲ့ နည်းလမ်းတစ်ခု

ဘယ်လိုအရာတွေကို လုံးဝ လုံးဝ ရှောင်ရမလဲ..?

ဆီ ကြော်တွေ၊မုန့်အချိုတွေ ၊အချိုရည်တွေ က တော့  ရှောင်ရမယ်ဆိုတာ တကူးတက ပြော နေ ဖို့ တောင် မလိုပါဘူး။ကိုယ့်ရဲ့ ဆီးချို သွေး ချိုက အင်ဆူလင်ပါ ထိုးနေရတဲ့ အဆင့် မျိုး ဖြစ် နေမယ်၊ဒါ မှမဟုတ် မဖြစ် ခင်တည်းက ကျန်းမာရေးကို ပိုပြီး သေချာ ဂရုစိုက် ချင်တဲ့ သူတွေ အတွက် တော့ တက် နိုင် ရင် ဒီလို အရာတွေကိုပါ ရှောင် ပေးပါ။လုံးဝ မရှောင်နိုင်ရင် တောင် ချင့်ချိန် စားသောက် ပေးပါ။

  • သစ်သီးဖျော်ရည် (လိမ္မော်ရည် တစ်ခွက် မှာ 26 g carbs)
  • သစ်သီးခြောက်  (21g  တစ်ထုပ်မှာ17g carbs)
  • ဂျုံမုန့်ညက် ထောပတ်တွေနဲ့ ဖုတ်ထားတဲ့ မုန့် (အလတ်စား မုန့်တစ်ခုမှာ 26g carbs )
  • Cakes (sponge cake  အလတ်စားတစ်ချပ်မှ 36g)
  • ပေါင်မုန့်ဖြူ တစ်ချပ်မှာ (12g carbs)
Image : pixabay/silviarita

ဆီးချို သွေး ချို  ရောဂါ ဆိုတာ မျိုးက ရေရည် ဂရုစိုက် စား သောက် နေထိုင်နိုင်မှ ရမှာပါ။တစ်ခုခုကို စားခါ နီးတိုင်း သူ့မှာ အဆီ ဘယ်လောက်ပါလဲ၊သကြား Level ဘယ်လောက်ပါလဲ ဆိုတာကို လူတိုင်း ဖုန်း ရှိ နေတဲ့ ခေတ် မို့ အင်တာ နက်မှာ အလွယ်တကူ ရှာ ဖွေ ကြည့်ပြီး ချင့်ချိန် စား သောက် ကြပါ။ ရောဂါဆိုတာ မဖြစ်ခင်တည်းက ကာကွယ်တာ  အကောင်းဆုံးမို့ မဖြစ် သေးရင်လည်း အစောကြီး တည်းက ဂရုစိုက် နေထိုင်စားသောက်ပါ။ဖြစ်နေပြီ ဆိုရင်လည်း အစား အ သောက်ကို သေချာ ချင့်ချိန် စားသောက်နေထိုင်ကြပါ။

#SHWEMOM

SHARE