ရေချိုးပျင်းတဲ့ သူတွေအတွက် ခန္ဓာကိုယ်ကေ အနံ့ဆိုးတွေမထွက်ဖို့ နည်းလမ်းကောင်းများ

Pixabay/Sunny09

သန့်ရှင်းဖို့နဲ့ရောဂါကာကွယ်ဖို့အတွက်ဆိုရင် ရေချိုးတာဟာ အရေးကြီးတဲ့လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ဥပမာ ခရီးသွားနေတဲ့အချိန်မှာ ရေချိုးဖို့မဖြစ်နိုင်တဲ့အချိန်တွေရှိပါတယ်။ အဲ့လိုအခြေအနေတွေမှာ မကောင်းတဲ့အနံ့မထွက် အောင် အလေ့အကျင့်ဖြစ်စေမယ့်အချို့ကို ထိန်းသိမ်းထားတာကောင်းပါတယ်။

ဒါ့ကြောင့် ရေချိုးဖို့ အချိန်မရတဲ့အချိန်မှာ ခန္ဓာကိုယ်ကနေမကောင်းတဲ့အနံ့အသက်တွေမထွက်အောင် ကူညီပေးနိုင်မယ့် နည်းလမ်း(၁၀)ခုကို Bright Side ကနေ ရှာဖွေဖော်ပြလိုက်ပါတယ်။

(၁) ခန္ဓာကိုယ်ကို အဆီလိမ်းပါ။

အကြောင်းအမျိုးမျိုးကြောင့် ရေမချိုးနိုင်တဲ့အချိန်မှာ ခန္ဓာကိုယ်ကနေ မကောင်းတဲ့အနံ့အသက်မထွက်စေဖို့ ရေမွှေးသုံး မယ့်အစား ရေမွှေးအဆီကို လိမ်းပေးပါ။ ဒါမှလည်း ရေမွေးအဆီအနံ့ဟာ ခန္ဓာကိုယ်မှာ အချိန်တော်တော်ကြာတဲ့အထိရှိ နေမှာဖြစ်ပါတယ်။ ဒါ့အပြင် နူးညံ့သိမ်မွေ့တဲ့သဘာဝအနံ့ကိုသာရွေးချယ်အသုံးပြုပြီး တစ်နေ့လုံးသင့်အသားရေကို ပွတ်တိုက်ပေးလိုက်မယ်ဆိုရင် သင့်ဆီကနေ မကောင်းတဲ့ အနံ့အသက်တွေ ထွက်တော့မှာ မဟုတ်ပါဘူး။

(၂) baby wipe တွေကိုသုံးပါ။

Baby wipe ဟာ အတိုင်းအတာတစ်ခုထိကိုသန့်ရှင်းမှုကိုဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ကထွက်တဲ့အနံ့ဆိုး တဲ့ဘတ်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တာကြောင့် Baby wipe ကိုလည်းသုံးသင့်ပါတယ်။

READ
လုပ်ဖော်ကိုင်ဖက်တွေကို အီစီကလီလုပ်ခြင်းက ဖိအားတွေကိုလျော့ကျစေတယ်လို့ဆို

(၃) ချွေးနံ့ပျောက်ဆေးကို ပုံမှန်ထက်ပိုသုံးပါ။

ချိုင်းလိမ်းဆီကို အသုံးပြုတာဟာ သင့်ရဲ့ချွေးနံ့ကိုပျောက်ကင်းစေပါတယ်။ ချိုင်းလိမ်းဆီဟာ ဘတ်တီးရီးယားပိုမွှားတွေကိုသေစေနိုင်တာကြောင့် ချိုင်းလိမ်းဆီဟာလည်း ခန္ဓာကိုယ်အနံ့ဆိုးထွက်မှုကနေ ကာကွယ်ပေးပါတယ်။

Freepik/YLA

(၄)အတွင်းခံကို လဲပေးပါ။

သင့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ချွေးတွေနဲ့ မထားသင့်ပါဘူး။ဒါ့ကြောင့် သင့်ရဲ့အတွင်းခံကိုသာလဲ ၀တ်လိုက်မယ်ဆိုရင် ချွေးကထွက်တဲ့အနံ့အသက်ဆိုးတွေလျော့ပါးစေနိုင်ပါတယ်။

(၅)ခြေအိတ်တွေကို လဲပေးပါ။

သင့်ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ သင့်ရဲ့ခြေထောက်တွေဟာလည်း ချွေးအလွန်ထွက်တဲ့အစိတ်အပိုင်းတစ် ခုဖြစ်တာကြောင့် မနှစ်မြို့ဖွယ်ရာအနံ့ထွက်တတ်ပါတယ်။ဒါ့ကြောင့် ဒီလိုအနံ့ဆိုးတွေကနေ ကာကွယ်ဖို့ သင့်ရဲ့ ခြေအိတ်ကိုလဲ အလျဉ်းသင့်သလိုလဲလှယ်ပေးသင့်ပါတယ်။

(၆) ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးကိုရှောင်သင့်ပါတယ်။

သင့်တို့စားသောက်တဲ့ အစားအသောက်ကနေလည်း သင့်တို့ရဲ့ခန္ဓာကိုယ်ကို အနံ့ဆိုးထွက်စေပါတယ်။ဒါ့ကြောင့် အကောင်းဆုံးကတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကိုသာစားသုံးသင့်ပါတယ်။

(၇) ကျပ်ထုတ်နေတဲ့ အ၀တ်အစားတွေရှောင်ပါ။

ကျပ်ထုတ်နေတဲ့အ၀တ်အစားတွေဟာ သင့်ခန္ဓာကိုယ်ရဲ့နေရာတော်တော်များများနဲ့ထိတွေ့နေတတ်ပါတယ်။ဒီလိုအခြေအနေမှာ ချွေးထွက်လာခဲ့မယ်ဆိုရင် ရလဒ်ကတော့ အနံ့ဆိုးထွက်လာမှာအမှန်ပါပဲ။ ဒါ့ကြောင့် ခန္ဓာကိုယ်ကိုပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အင်္ကျီတွေကိုသာ ရွေးချယ်ဝတ်သင့်ပါတယ်။

READ
ကိုယ့်ကောင်မလေးကိုအမှားလုပ်မိတဲ့အခါ ဘယ်လိုတောင်းပန်မလဲ
Freepik/YAA

(၈)ခြောက်သွေ့တဲ့ ခေါင်းလျှော်ရည်ကို သုံးပါ။

ခြောက်သွေ့တဲ့ခေါင်းလျှော်ရည်ဟာ သင့်ရဲ့ဆံပင်ကိုပြန်လည်ရှင်သန်စေပြီး ချောကျိကျိဖြစ်နေတဲ့အခြေအနေ ကိုရပ်တန့်ပေးပါတယ်။ ဒါ့အပြင် သင့်ရဲ့ဆံပင်ကို ပိုမိုလန်းဆန်းစေပြီး အနံ့အသက်ကောင်းကိုလည်းထွက်စေပါတယ်။

(၉) ခေါင်းစည်းကြိုးကို ၀တ်ဆင်ပါ။

ခြောက်သွေ့တဲ့ခေါင်းလျှော်ရည်ဟာ အခြေအနေအကြောင်းကြောင်းကြောင့် မရှိခဲ့ရင် သင့်ရဲ့ခေါင်းကို ခေါင်းစည်းကြိုးဝတ်ဆင်ထားသင့်ပါတယ်။

(၁၀) အသားအရေကို ရေဓာတ်ဖြည့်ပေးပါ။

အသားအရေကို ရေဓာတ်ဖြည့်ပေးတာဟာ ဆိုးဝါးတဲ့ အနံ့အသက်ထွက်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် ရေကိုလုံလောက်စွာ သောက်သင့်သလို ရေဓာတ်ဖြည့်တဲ့အလှပြင်ပစ္စည်းတွေကိုသုံးပေးခြင်းဖြင့် သင့်ရဲ့အသားအရေကို စိုပြေချောမွတ်စေနိုင်ပါတယ်။

Thae Su

SHARE