အခုဆိုရင်တော့ ဂျပန် ဘာသာစကား ဟာ လူငယ်တွေ ကြားမှာ အရမ်းကို ရေပန်းစားနေပါတယ်။အင်္ဂလိပ်စာ ပြီးရင် ဒုတိယ ရေပန်းအစားဆုံး ဘာသာစကားလို့ တောင် ပြောလို့ရပါတယ်။ဂျပန်ကုမ္ပဏီ တွေ အများကြီး မြန်မာနိုင်ငံမှာ လာရောက် ဖွင့်လှစ်ထားကြတဲ့ အတွက် အလုပ်အကိုင် ဈေးကွက်အတွက် လိုအပ်တဲ့ ဘာသာစကားလို့ တောင်ပြောလို့ရပါတယ်။အင်္ဂလိပ်စာကိုရော ဂျပန်စာကိုပါ ကောင်းကောင်းရတယ်ဆိုရင်တော့ ၀င်ငွေ ကောင်းတဲ့ အလုပ်အကိုင်ကို ရမှာ မြေကြီးလက်ခတ် မလွဲ ပါဘူး။ဂျပန်စာ တော့ သင်ချင်ပါရဲ့ အပြင်မှာ သင်တန်းတက်ဖို့က အဆင်မပြေ ကြဘူး ဆိုတဲ့ သူတွေ အတွက် အလွယ်ကူဆုံး ဂျပန်စာ လေ့လာလို့ရတဲ့ အွန်လိုင်းပေါ်က နေရာ ငါးခုကို ဖော်ပြ ပေးလိုက်ပါတယ်။
NHK World

NHK ဆိုတာကိုတော့ မသိတဲ့ သူမရှိေ လာက်ပါဘူး။TV နဲ့ Radio Station တစ်ခုပါ။သတင်းတွေကို NHK News မှာ ဆိုရင်လည်း သတင်းတွေကို အလွယ်တကူ ဖတ်ရှုလို့ရပါတယ်။ နောက်တစ်ခုကတော့ NHK ဟာ ဂျပန် စာကို လေ့လာသင်ယူနိုင်တဲ့ ဂျပန်စာ learning program တစ်ခုပါ။သူ့မှာဆိုရင်တော့ PDF ဖိုင်တွေ၊Audio တွေ ရော အစုံရှိပါတယ်။quiz တွေ ရော Grammar သင်ခန်းစာတွေကိုပါ အများကြီး ရှိပါတယ်။
URL: http://www.nhk.or.jp/lesson/english/
JapanesePod101

JapanesePod101 ကတော့ ဂျပန်စာကို အကောင်းဆုံး လေ့လာသင်ယူနိုင်တဲ့ နောက်ထပ် နေရာတစ်ခုပါ။ ဂျပန်စာကို အခုမှ စတင်သင်ယူမယ့် beginner level ကနေ advanced level အဆင့် ထိ သင်ခန်းစာတွေ ရှိတာ မို့ အခုမှ စ သင်မယ့် သူတွေ ရော၊တက်မြောက်ထားပြီးသား လူတွေ အတွက် ပါ သင့်တော်ပါတယ်။ဝက်ဘ်ဆိုက်ကေ တာ့ (၇)ရက်စာတော့ Free ရပါတယ်။နောက်ပိုင်း Free မရ ခဲ့ရင်လည်း ပေးရတဲ့ ပိုက်ဆံ နဲ့ တကယ်ပဲ တန်ပါ တယ်။Youtube Channel မှာဆိုရင် တော့ အခြေခံကစပြီး Level အဆင့်ဆင့်ထိ သင်ခန်းစာ Video တွေ ရှိပါ တယ်။Basic ဆိုရင် နာရီ နဲ့ ချီပြီး ကြာတဲ့ သင်ခန်းစာ video ကို download လုပ်ပြီး ကိုယ့်ဟာ ကိုယ် လေ့ လာလို့ရပါတယ်။
URL: http://www.japanesepod101.com/
Tae Kim’s Complete Guide To Japanese
ဒီဆိုက်ဒ် ကတော့ ရိုးရှင်းပြီး အသုံးတည့်တဲ့ နောက်ထပ် ၀က်ဘ် ဆိုက် တစ်ခုပါ။ဂျပန် Grammar တွေ ကို သေချာ ရှင်းလင်း ပေးထားပါတယ်။
URL:http://www.guidetojapanese.org/learn/complete
YouTube

YouTube ကတော့ သင်ခန်းစာတွေကို အကောင်းဆုံး လေ့လာ လို့ ရတဲ့ နေရာတစ်ခုပါ။ဘယ်လို Channel လဲ ဆို တာကို အရင်မရွေးပဲ YouTube မှာ အခြေခံစာ လေ့လာ မယ်ဆိုရင် Search နေရာမှာ Japanese basic “ ဆို တာ လောက်ကို ရိုက်ထည့်လိုက်ရင်ပဲ အောက်မှာ သင်ခန်းစာဗီဒီယိုဖိုင်တွေ အများကြီး ကျလာမှာပါ။အဲ့ဒီအထဲက မှ ကိုယ့်အတွက် အဆင်ပြေမယ့် အရာကို ရွေးချယ်ပြီး SUBSCRIBE နှိပ်ပြီး သင်ခန်းစာတွေကို နေ့စဉ် သင်ယူလေ့လာလို့ရပါတယ်။