ရန်ကုန်မြို့မှာ အသားငါး၊ကုန်စိမ်း တွေ ၀ယ်ယူလို့ အကောင်းဆုံးနေရာများ

Image:shutterstock (By Atstock Productions)

ဒီတစ်ခါမှာတော့ စားသောက်ကုန် ပစ္စည်းတွေကို ၀ယ်ယူလို့ အကောင်းဆုံး နေရာလေးတွေကို Shwemom စာဖတ်သူတွေ အတွက် အကြံပြု ဖော်ပြ ပေးချင်ပါတယ်။ အသားငါးနဲ့ ကုန်စိမ်း တွေကို ၀ယ်ယူလို့ ရတဲ့ အဓိက နေရာအမျိုးအစားက နှစ်ခုရှိပါတယ်။တစ်ခုကတော့ အိမ်ရှင်မ အများစုတို့ အားကိုးရာ နေရာဖြစ်တဲ့ ရပ်ကွက်ဈေးတွေနဲ့ နောက် တစ်ခု ကတော့ City Mart တို့လို  နေရာမျိုးတွေပါ။နှစ်ခု လုံးမှာတော့ အားနည်းချက်၊အားသာချက်တွေ အများကြီးရှိပါတယ်။အာရှနိုင်ငံ တော်တော် များများမှာတော့ အခုချိန် ထိ ရပ်ကွက် ဈေးတွေက ပိုပြီး တွင်ကျယ် နေတုန်းပါ။ရန်ကုန်မှာ ဈေးဝယ်လို့  အကောင်းဆုံး  Wet Market နဲ့ Dry Market တွေကို ဖော်ပြ ပေးချင်ပါတယ်။

#Wet Markets

 

(၁)Yangon Farmers Market


Yangon Farmers Market ကတော့ လက် တလောမှာ ဆိုရင်တော့ ရန်ကုန်မြို့မှာ အရမ်းကို လူ ပြောများနေတဲ့ ဈေးပါ။အဲ့ဒီဈေးကတော့ အမြဲတမ်းမရှိပါဘူး။တစ်ပတ်မှာ တစ်ရက်တည်းပဲ ဖွင့်ပြီး ရောင်းတာပါ။အဓိက ကတော့ လုံးဝဓါတု ကင်းလွတ်တဲ့ Organic ပစ္စည်းတွေကိုပဲ ရောင်းချတာပါ။Yangon Farmers Market ကိုတော့  အပတ်စဉ် စ နေ နေ့တိုင်း ကန်တော်ကြီးထဲက ကရ၀ိတ် နန်းတော်နားမှာ ရောင်းချ ပေးနေတာပါ။ထူးခြားတာလေး တစ်ခု ကတော့ လုံးဝ ပလတ်စတစ်မ သုံးတဲ့ No Plastic ဈေးလေးပါ။အခုဆိုရင်တော့ ဈေးဝယ်သူတွေရဲ့ တောင်းဆို မှု ကြောင့် YFM Pop Up Sunday ကိုပါ  (၂၀၁၉) ဒီဇင်ဘာမှာဆိုရင် အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း မနက် (၈)နာရီ ကနေ (၁၂) နာရီ အထိကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့် မှာပါ   ဖွင့်လှစ် ရောင်း ချ ပေးနေပါတယ်။

READ
လူတိုင်းသိထားသင့်တဲ့ ခရီးသွားရင်းငွေဝင်နေစေမယ့် ရိုးရှင်းတဲ့အလုပ်အကိုင် (၈) ခု

(၂)သီရိမင်္ဂလာဈေး

ကုန်စိမ်းနဲ့ အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေကို ၀ယ်ချင်တယ်ဆိုရင်တော့ သချော ပေါက် ရွေးချယ်သင့်တဲ့ နေရာပါ။မိသားစု နည်းနည်းဆိုရင်တော့ ၀ယ်ရတာ အဆင်မပြေ ပါဘူး။အဲ့ဒီဈေးမှာက ဥပမာ- စပျစ်သီးဝယ်မယ်ဆိုရင် ပိ  ဿာ လုံး ဈေးနဲ့ ရောင်းတာ များပါတယ်။ မိသားစု များမယ်၊အလှူနဲ့ တခြား ပွဲ တစ်ခုခု အတွက် ကုန်စိမ်းတွေ၊အသီးတွေ လိုတယ်ဆိုရင် တော့ သေချာ ပေါက် အဲ့မှာ ၀ယ်ဖို့ အကြံပြု ချင်ပါတယ်။ဘတ်စ်ကားဂိတ် နဲ့လည်း နီးပြီး လမ်းမ ကြီးပေါ်မှာပဲ တည်ရှိတာပါ။သီရိမင်္ဂလာဈေးသစ် (ပိတောက်ချောင်း) ကတော့ ဘုရင့်နောင် လမ်းမ ပေါ်မှာ တည်ရှိပါတယ်။

(၃)ဗဟိုစံပြ ငါး ဈေး

Image: pixabay (by pasja1000 )

လတ်လတ်ဆတ်ဆတ် ငါးတွေကို ၀ယ်ချင်တယ်ဆိုရင်တော့ ဗဟိုစံပြငါးဈေး(ကြည့်မြင်တိုင်) က အကောင်းဆုံးပါ။အဲ့ဒီမှာဆိုရင် လုံးဝကို လတ်ဆတ်တဲ့ ငါး၊ပုစွန် တွေ အများကြီးကို ၀ယ်လို့ရပါတယ်။များသော အားဖြင့် အဲ့ဒီက  ငါး၊ပုစွန် တွေကို ရန်ကုန်မှာရှိတဲ့ တခြားဈေးတွေကို ဖြန့်ဖြူးရောင်းချ တာမို့ ငါးဒိုင်၊ပုစွန်ဒိုင်တွေ ရှိတဲ့ နေရာပါ။များများနဲ့ လတ် လတ်ဆတ်ဆတ်ဝယ်တဲ့ သူတွေ အတွက်  သေချာ ပေါက် ရွေးချယ်သင့်တဲ့ နေရာပါ။

READ
လက်မ ကို လေနဲ့မှုတ်နေရုံနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေသတဲ့

(၄)ကြက်ဘဲ ဈေး

ကြက်ဘဲ  ဈေးက   တော့ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ တည်ရှိပါတယ်။ဘတ်စ်ကား မှတ်တိုင်နဲ့လည်း နီးပြီး တကယ့် အချက်အခြာ ကျတဲ့ နေရာမှာ တည်ရှိပါတယ်။ကြက်သားနဲ့ ဘဲ သား တွေကိုပဲ အများ ဆုံး  ရောင်းချပါတယ်။

(၅)ညဈေး(ကြည့်မြင်တိုင်)

Image:Pixabay (by congerdesign )

ည ဈေး ကတော့ ရန်ကုန်မှာ ညပိုင်း ဖွင့်လှစ်ရောင်းချတဲ့  ဈေးတွေထဲကမှ အစည်ကားဆုံး ဈေးလို့ ပြောလို့ရပါတယ်။ ရုံးသမားတွေ အတွက် တော့ တော်တော်လေး အဆင်ပြေပါတယ်။ညနေ ရုံးပြန် လာရင် အဲ့ဒီ ဈေးမှာ ချက်ပြုတ် ဖို့ အတွက် ၀ယ်စရာ တွေ ကို အစုံ ၀ယ်လို့ရပါတယ်။ညဈေးမှာ ရောင်းတဲ့ သ ရေ စာ ၊အ၀တ်အစား တွေ ကလည်း နာမည်ကြီးပါတယ်။ည နေ လောက် ကနေ ည ပိုင်း အထိ ပစ္စည်းစုံကို ရောင်းချ ပေးေ နတဲ့ ဈေးပါ။

(၆)ဒညင်းကုန်း ဈေး

ဒညင်းကုန်းဈေးကလည်း ကုန်စိမ်းတွေ ကို အတန်ဆုံး  ဈေးနဲ့ ၀ယ်ယူလို့ရတဲ့ နေရာတစ်ခုပါ။ဒညင်းကုန်းဈေးမှာဆို ရင် တော့ ဟင်းသီးဟင်းရွက်တွေကို အတန်ဆုံး ဈေးနဲ့ ၀ယ်ယူလို့ရနိုင်ပါတယ်။ဒညင်းကုန်းဈေး ကတော့ ခရေပင်လမ်းမဘေးမှာ ဒညင်းကုန်းဘူတာနဲ့ကပ်ရပ်တည်ရှိပါတယ်။

Image:pixabay (Alexas_Fotos )

Dry Market 

ဒါကိုတော့ တော်တော်များများ သိပြီးဖြစ်မှာပါ။City Mart ၊Ocean Supermarket ၊Market place တို့လို နေရာမျိုးတွေ မှာ ၀ယ်ယူနိုင်ပါတယ်။တော်တော်များများလည်း လတ်ဆတ်တဲ့ သားငါး၊အသီးအရွက်၊အသီးအနှံ တို့ ကို ၀ယ်လို့ ရပါတယ်။ဒါ့အပြင် မီးဖိုချောင်သုံး ပစ္စည်းတွေကိုလည်း အစုံအလင် ၀ယ်ယူလို့ ရနိုင်ပါတယ်။

#SHWEMOM

 

SHARE