မူးယစ်ဆေးဖြတ်ဖို့ ဆေးရုံတက်ပြီး ကုသမှု ခံယူနေတဲ့ ရက်ပ်ပါမလေး Bhad Bhabie

[email protected]

မူးယစ်ဆေးဆိုတာကတော့ လူတိုင်းအတွက်မကောင်းပါဘူး။ ဒီလိုလူတွေထဲကမှ နာမည်ကြီးအနုပညာရှင်တော်တော်များများဟာ မူးယစ်ဆေးကို တော်တော်များများ သုံးစွဲလေ့ရှိပါတယ်။ သူတို့ကိုယ်တိုင်ကပဲ ကြိုက်လို့လား ဒါမှမဟုတ် အောင်မြင်မှုဒဏ်ကို မခံနိုင်လို့လားပဲဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ အသိဆုံးပါ။ အခုလည်း အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အမေရိကန် နာမည်ကြီးရက်ပ်ပါမလေးတစ်ယောက်ဟာ မူးယစ်ဆေးဝါးတွေကြောင့် ဆေးရုံမှာတက်ရောက်ပြီး ဆေးကုသမှုခံနေရကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/B7Cd6IYJsgV/

https://www.instagram.com/p/B1KRsbzgw99/

အဲဒီကောင်မလေးကတော့ Bhad Bhabie ပဲ ဖြစ်ပါတယ်။ Bhad ဟာ အသက်ငယ်ငယ်နဲ့ အောင်မြင်နေတဲ့ အမေရိကန်ရက်ပ်ပါမလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို ပြိုင်ကားတွေ၊ ပိုက်ဆံအထပ်လိုက်နဲ့ ပျော်ပါးနေတဲ့ ပုံတွေကို သူမရဲ့ ဆိုရှယ်မီဒီယာမှာ တင်ပြီး ကြွယ်လေ့ရှိတဲ့ ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Bhad ဟာ ဆေးရုံမှာတက်ပြီး ဆေးကုမှုခံယူနေရတယ်ဆိုတဲ့အကြောင်း သူမရဲ့ Instagram အကောင့်မှာ ပို့စ်တင်ခဲ့ပါတယ်။

READ
ပွဲတစ်ခုမှာ တွေ့ရတဲ့ ပိုင်တံခွန်နဲ့ မခိုင်လေးတို့ သားအမိ

https://www.instagram.com/p/CA-U_hxpLQt/

သူမတင်ခဲ့တဲ့ ပို့စ်မှာတော့ ဘာအကြောင်းကြောင့် ဆေးကုသမှုခံယူနေရတယ်ဆိုတာကိုတော့ ထည့်မရေးခဲ့ပါဘူး။ သူမပရိသတ်တွေကို ဘယ်လောက်ချစ်ကြောင်း၊ အကောင်းဆုံးဆုံးဖြတ်ချက်ချပြီးနောက် ပြန်လာမှာဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ Bhad တစ်ယောက် မူးယစ်ဆေးကိစ္စနဲ့ ဆေးရုံတက်ပြီး ကုသမှုခံယူနေရတယ်ဆိုတာ သိပြီးသားပါပဲ။ ထူးခြားတာတစ်ခုကတော့ အဆိုပါပို့စ်မှာ comment box ကို ပိတ်ထားတာပါပဲ။

https://www.instagram.com/p/Bv2RPbAH8CF/

“မကြာခင် Bhad တစ်ယောက် အကောင်းဆုံးပုံစံနဲ့ သူ့ပရိသတ်တွေဆီကို ပြန်လာမှာပါ။ တစ်ချို့တွေကတော့ သူနဲ့ ပတ်သတ်ပြီး သတင်းအမှားတွေ ဖြန့်နေတာတွေ ရှိပါတယ်။ အဲဒီလောက်အထိတော့ ကျွန်တော်ဘာမှ လိုက်ရှင်းမပြချင်တော့ပါဘူး။ လူတစ်ယောက်ကို ဝေဖန်ဖို့ဆိုတာ လူတစ်ယောက်အတွက် အရမ်းလွယ်တယ်လေ။ အဲဒီအပေါ်မှာ ကျွန်တော်လိုက်ပြီး ခံစားနေမှာ မဟုတ်ပါဘူး” လို့ Bhad ရဲ့ မန်နေ၈ျာဖြစ်သူ Adam Kluger က ပြောကြားခဲ့ပါတယ်။

READ
Taylor နဲ့ သူမရဲ့ မိသားစု အကြောင်းပြောရင်း မျက်ရည်ကျခဲ့တဲ့ Selena Gomez

https://www.instagram.com/p/BtjdBsnHUyl/

Pyi Hein Kyaw

SHARE