ဘုရင့်မွေးနေ့အတွက် ပြည်သူဆီက ထူးခြားတဲ့လက်ဆောင်တောင်းခဲ့တဲ့ ဘူတန်ဝန်ကြီးချုပ်

PMOBhutan, instagram/kingjigmekhesar

ကမ္ဘာ့အပျော်ရွှင်ဆုံးနေရာတစ်နေရာလို့သိကြတဲ့ ဗုဒ္ဓဘာသာနိုင်ငံဘူတန်ဟာ နိုင်ငံရဲ့အောင်မြင်မှုကို သူ့စံနှုန်းနဲ့သူတိုင်းတာတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဘူတန်ဘုရင်က (၁၉၇၀) ခုနှစ်မှာ နိုင်ငံသားတွေရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဟာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုထက် ပိုပြီးအရေးကြီးတယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဘူတန်အမည်ရတဲ့ နိုင်ငံငယ်လေးဟာ ဟိမ၀န္တာတောင်တန်းတွေနဲ့ ခြံရံလျက်ရှိပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြားမှာရှိပါတယ်။

PMOBhutan

မကြာသေးခင်ကတော့ ဘူတန်နိုင်ငံဟာ ဘူတန်ဘုရင်အတွက် မွေးနေ့အခမ်းအနားကိုကျင်းပခဲ့ပါတယ်။ ၄င်းအခမ်းအနားမှာတော့ ဘူတန်ဝန်ကြီးချုပ် Lotay Tshering က တစ်နိုင်ငံလုံးကို တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ပြည်သူပြည်သားတွေအားလုံး ဘုရင့်ထံလက်ဆောင်ပေးကြဖို့ ဖြစ်ပါတယ်။

လက်ရှိဘူတန်ဘုရင် Jigme  Khesar Namgyel Wangchuck က ယခုနှစ်ဖေဖော်ဝါရီလကမှ အသက်လေးဆယ်ပြည့်သွားတာပါ။ ဒါကြောင့် ပြည်သူတွေဟာ ဘုရင်ကိုကျေးဇူးတင်ကြောင်းဖော်ပြချင်တယ်ဆိုရင် သစ်ပင်တစ်ပင်စိုက်ပျိုးပြီး အပင်ကို ဂရုစိုက်ပေးဖို့၊ လမ်းဘေးခွေးလေးတစ်ကောင်ကို မွေးစားဖို့နဲ့ ကိုယ်နေတဲ့ရပ်ရွာမှာ အမှိုက်တွေကို စည်းကမ်းရှိရှိစွန့်ပစ်ကြဖို့ စတာတွေကို ပြုလုပ်ပေးပါလို့ ၀န်ကြီးချုပ် Lotay က ပြောသွားခဲ့တာဖြစ်ပါတယ်။

READ
ဒေါင်းဝေဒနာရှင်လေးတွေရဲ့ ပါရမီကိုအားပေးထောက်ပံ့ခဲ့တဲ့ နယူးယောက်က ဖက်ရှင်ရှိုး
David Travin (not the actual photo)

အခုလို ပြည်သူတွေကိုယ်တိုင်က ကျိုးကျိုးနွံနွံနဲ့ ကောင်းကျိုးပြုခြင်းကသာ ဘုရင်မင်းမြတ်အတွက် အကောင်းဆုံးလက်ဆောင်ဖြစ်လိမ့်မယ်လို့ ထပ်လောင်းပြောခဲ့ပါသေးတယ်။ ၀န်ကြီးချုပ် Lotay ရဲ့ မိန့်ခွန်းကို ကမ္ဘာတစ်ဝှမ်းက လူတွေကတော့ အားရကျေနပ်နေကြပါတယ်။ ပြည်သူတွေဟာ ဘူတန်ဘုရင်မင်းမြတ်အတွက် တန်ဖိုးရှိတဲ့လက်ဆောင်ကို လုပ်အားနဲ့ ကျေးဇူးဆပ်နိုင်ကြောင်းပြောပြတဲ့ မိန့်ခွန်းအတွက်လည်း ၀န်ကြီးချုပ်ကို ချီးမွမ်းလျက်ရှိနေကြောင်း boredpanda အရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE