ဘူတန်ဘုရင်ရဲ့ မွေးကင်းစ ဒုတိယသားတော်လေးရဲ့ပုံတွေကို ပထမဆုံးအကြိမ် ထုတ်ပြ

Instagram- @queenjetsunpema

ဘူတန်နိုင်ငံဆိုတာ အာရှတစ်ခွင်မှာသာမကဘဲ ကမ္ဘာရဲ့ အငြိမ်းချမ်းဆုံးနိုင်ငံတစ်ခုအဖြစ် အသိမှတ်ပြုခံထားရတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့မြေနေရာကလည်း ရေမြေတောတောင်သဘာဝမှာလည်း သာယာဝပြောပြီး နိုင်ငံတွင်းမှာလည်း ငြိမ်းချမ်းမှုအပြည့်ရှိတဲ့အတွက် ကမ္ဘာမှ နိဗ္ဗာန်ဘုံလို့တောင် ခရီးသွားပညာရှင်တွေက တင်စားထားခဲ့ကြတာပါ။

နိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်ကတော့ ဘုရင်စနစ်ဖြစ်ပြီး လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင်ကတော့ Jigme Khesar Namgyel Wangchuck ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းဆိုတော့ အုပ်ချုပ်လာခဲ့တဲ့ဘုရင်သက်တမ်းဟာ ဆယ်စုနှစ်တစ်ခုကြာနေခဲ့ပါပြီ။ မိဖုရား Jetsun နဲ့အတူတူ အခုဆိုရင် သားတော်လေးနှစ်ဦး ထွန်းကားနေပါပြီ။

Instagram- @queenjetsunpema
Instagram- @queenjetsunpema

မင်းသားအကြီးလေးကတော့ ၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Jigme Namgyel ဖြစ်ပြီး ဒုတိယမင်းသားလးကတော့ မကြာသေးခင်ကမှ မွေးဖွားလာခဲ့တဲ့ သားတော်လေးပဲဖြစ်ပါတယ်။

ဒုတိယသားတော်လေးကိုတော့ လွန်ခဲ့တဲ့ ၂ လလောက်ကမှ မွေးဖွားခဲ့တာမလို့ ၂ လသားအရွယ်သာရှိပါသေးတယ်။ မိသားစု လေးယောက်ရဲ့ပုံလေးကိုတော့ ဇွန်လ ၁ ရက်နေ့မက တင်ထားရင်း ဒုတိယသားတော်လေးကိုပါ တိုင်းသူပြည်သားတွေတွေ့အောင် ပြသခဲ့ပါတယ်။

READ
ယနေ့ခေတ်ရဲ့ခါးသီးလှတဲ့အမှန်တရားတွေကို ပုံဖော်ထားတဲ့ရုပ်ပုံများ
Instagram- @queenjetsunpema
Instagram- @queenjetsunpema
Instagram- @queenjetsunpema

မင်းသားလေးရဲ့ မျက်နှာလေးဟာ မျက်နှာမြင်ချစ်ခင်ပါစေလို့တောင် ဆုတောင်းထားခဲ့သလားအောက်မေ့ရတယ်။ နှာတံပေါ်ပေါ် ပါးဖောင်းဖောင်းလေးနဲ့ မျက်နှာလေးဟာလည်းအရမ်း ရှင်းလင်းပြီး ကျက်သရေရှိရှိနဲ့ချစ်ဖို့ကောင်းနေပါတော့တယ်။

Instagram- @queenjetsunpema
Instagram- @queenjetsunpema

ဒါကတော့ ဘူတန်ဘုရင်မကြီး သူမရဲ့ Instagram account မှာ တင်ထားခဲ့တဲ့ပုံတွေပါ။

Penny

SHARE