K-pop အရူးအမူးကြိုက်တဲ့ ညီမအတွက် Surprise birthday ပါတီလုပ်ပေးခဲ့တဲ့ အစ်ကိုကြီး

[email protected] de Souza

K-pop ဂီတဟာ လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးအနှံ့မှာ အချိန်တိုအတွင်း ခေတ်အစားဆုံးနဲ့ ဂီတရေစီးကြောင်းထဲမှာ အအောင်မြင်ဆုံး ဂီတအမျိုးအစားတစ်ခုလို့တောင် ပြောရပါမယ်။ K-pop အဖွဲ့တွေထဲမှာတော့ BTS, BIGBANG, Blackpink အစရှိတဲ့ အဖွဲ့တွေကတော့ ကိုရီးယားနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးကို ထိုးဖောက်နေနိုင်ပြီဖြစ်တဲ့ K-pop အဖွဲ့တွေပဲ ဖြစ်ပါတယ်။ အခုလည်း Brazil နိုင်ငံက K-pop ဂီတကို အသည်းစွဲကြိုက်တဲ့ ညီမဖြစ်သူရဲ့ မွေးနေ့မှာ အကိုဖြစ်သူက ပြုလုပ်ပေးခဲ့တဲ့ Surprise birthday ပါတီလေးဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေးပျံ့နှံ့ပြီး လူကြိုက်များနေကြောင်း News 18 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

#BTS #방탄소년단 #MAP_OF_THE_SOUL_7 Concept Photo version 3

A post shared by BTS official (@bts.bighitofficial) on

Brazil နိုင်ငံရှိ Emanuel လို့ အမည်ရတဲ့ ကောင်မလေးဟာ K-pop ဂီတကို ရူးရူးမူးမူး နှစ်ခြိုက်တဲ့ K-poper လေးတစ်ယောက်ဖြစ်သလို သူမအခန်းရှိ နံရံတွေမှာလည်း K-pop အဖွဲ့တွေရဲ့ ဓာတ်ပုံတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ Emanuel ဟာ K-pop ကို ဘယ်လောက်တောင် ရူးသလဲဆိုရင် သူသောက်တဲ့ ရေခွက်တွေမှာကအစ BTS အဖွဲ့ဝင်တွေရဲ့ ပုံပါရှိတဲ့ ခွက်နဲ့ပဲ ရေသောက်ကြောင်း သိရပါတယ်။ ဒီလိုနဲ့ ပြီးခဲ့တဲ့ စက်တာဘာလ ၁၉ ရက်နေ့ဟာ Emanuel ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Emanuel ရဲ့ အကိုဖြစ်သူ Vitor de Souza ဟာ ညီမဖြစ်သူမွေးနေ့မှာ အမှတ်တရဖြစ်အောင်အတွက် ကိုရီးယားနာမည်ကြီးတစ်ယောက်ရဲ့ ပုံတွေကို ဗီနိုင်းထုတ်ပြီး surprise လုပ်ပေးဖို့ အကြံရခဲ့ဟန်တူပါတယ်။

READ
ပြန်လည်ဖန်တီးတဲ့အခါ စိတ်ကူးနဲ့ တစ်ခြားစီဖြစ်ခဲ့ရတဲ့ ခရစ္စမတ်အစားအစာများ
[email protected] de Souza

K-pop ကို လုံးဝမသိတဲ့ Vitor ဟာ ကိုရီးယားရဲ့ နာမည်အကြီးဆုံးလူရဲ့ ပုံကို ဗီနိုင်းထုတ်ပြီး ညီမဖြစ်သူကို surprise လုပ်ခဲ့ပါတယ်။ Vitor ထုတ်လိုက်တဲ့ ဗီနိုင်းပုံကတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ရဲ့ ပုံပဲဖြစ်ပါတယ်။ Vitor က တော့ သူ့ညီမ Emanuel တစ်ယောက်ကြိုက်မယ်ထင်ပြီး မွေးနေ့ကိတ်မှာတော့ Kin Jong-un ပုံသေးသေးလေးတွေတောင် စိုက်ထားခဲ့ပါသေးတယ်။ Emanuel ရဲ့ ပုံကတော့ အောက်မှာ တွေ့မြင်ရတဲ့ အတိုင်းပါပဲ။

[email protected] de Souza

အဆိုပါပို့စ်ဟာ ဆိုရှယ်မီဒီယာမှာ အချိန်ခဏလေးအတွင်း တောမီးသဖွယ်ပျံ့နှံ့ခဲ့ပြီး လူတိုင်းနီးပါးက အကိုဖြစ်သူရဲ့ လုပ်ရပ်ကို ရယ်မောခဲ့ကြပါတယ်။ Vitor ရဲ့ ပို့စ်ကိုလည်း အချိန်တိုအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ share လုပ်သူ 70k အထိ ရှိခဲ့သလို Vitor ကတော့ သူ့ညီမမွေးနေ့မှာ အခုလို အမှတ်တရလေးဖြစ်ခဲ့တာကြောင့် သူ့အနေနဲ့ တော်တော်လေးပျော်ရွှင်ကြောင်း ပြောခဲ့ပါတယ်။

Hoje é aniversário da minha irmã, ela é fã de K-pop, fiquei por conta da decoração, como eu não conheço essas bandas, fiz o tema do Coreano mais famoso que eu conhecia. Ela amou.

Posted by Vitor de Souza on Saturday, September 19, 2020

Pyi Hein Kyaw

SHARE