ဧရာမကြွက်ကြီးတစ်ကောင်ကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရတဲ့ Mexico City မြို့ခံများ

Youtube-Encuentran Una Rata Gigante en La Ciudad De Mexico Tras Fuertes Lluvias/Giant Rat Appears In Mexico.

သာမန်ကိုယ်တွေနေကျ တိရစ္ဆာန်လေးတစ်ကောင်ကို ရုတ်တရက် ကိုယ့်ထက်ကြီးတဲ့ အရွယ်အစားပုံစံနဲ့ မမျှော်လင့်ပဲ တွေ့လိုက်ရရင် ဘယ်သူမဆို သွေးပျက်သွားမှာတော့ အမှန်ပါပဲ။ စိတ်ထဲမှာတော့ ငါကပဲသေးသွားတာလား၊ တိရစ္ဆာန်တွေကပဲ ကြီးသွားတာလား အစရှိသဖြင့် ရူးကြောင်ကြောင် မေးခွန်းတွေတောင် ကိုယ့်ကိုယ်ကို ပြန်မေးရတဲ့ အခြေအနေတွေပါ ရောက်သွားမှာပါ။ အခုလည်း Mexico City ရဲ့ မြေအောက်ထဲမှာ အမှတ်မထင်တွေ့ခဲ့ရတဲ့ လူနှစ်ရပ်စာ ကြွက်ကြီးကြောင့် လူတော်တော်များများ အထိတ်တလန့်ဖြစ်ခဲ့ကြပြီး အဆိုပါကြွက်ကြီးရဲ့ ဓာတ်ပုံဟာလည်း ဆိုရှယ်မီဒီယာမှာ တော်တော်လေး ပျံ့နှံ့ခဲ့ကြောင်း Kalinga Tv သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Encuentran Una Rata Gigante en La Ciudad De Mexico Tras Fuertes Lluvias/Giant Rat Appears In Mexico.

Mexico မြို့ရဲ့ အလုပ်သမားတစ်ချို့ဟာ ရေရှိဖို့အတွက် မြေကြီးထဲကို တူးနေကြတုန်း အဆိုပါ ကြွက်ကြီးကို မလှုပ်မယှက် ရုတ်တရက်တွေ့ခဲ့ရတာကြောင့် အထိတ်တလန့်ဖြစ်ခဲ့ကြပြီး တစ်ချို့ဆိုရင် မြေတူးပေါက်ပြားတွေကိုပါ လွှတ်ချပြီး ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အလုပ်သမား တော်တော်များများဟာ အဆိုပါကြွက်ကြီးကို သေနေတဲ့ ကြွက်သေကြီးတစ်ခုလို့ ယူဆပြီး မြေကြီးပေါ်ဆွဲတင်ခဲ့ကြပါတယ်။

READ
အစာခွက်ထဲ ကိုယ်လုံးညှပ်နေတာတောင် အစားသောင်းကျန်းနိုင်သေးတဲ့ ကိုလောဘလေး

အလုပ်သမားတစ်ယောက်ဆိုရင် အဆိုပါမြေကြွက်ကြီးဟာ မြေကြီးတွေနဲ့ ညစ်ပတ်နေတာကြောင့် ရေပိုက်လေးတစ်ချောင်းနဲ့ ရေတောင် ဆေးပေးနေလိုက်ပါသေးတယ်။ သိပ်မကြာခင်အချိန်မှာတော့ အာဏာပိုင်တွေ ရောက်လာပြီး စစ်ဆေးကြည့်တဲ့အချိန်မှာတော့ အဆိုပါ ကြွက်ကြီးဟာ အရုပ်ကြီးဖြစ်နေကြောင်း သိခဲ့ရပါတယ်။

Youtube-Encuentran Una Rata Gigante en La Ciudad De Mexico Tras Fuertes Lluvias/Giant Rat Appears In Mexico.

အာဏာပိုင်တွေ ရောက်လာပြီး သိပ်မကြာခင်အချိန်မှာလည်း Evelin Lopez လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ရောက်လာခဲ့ပြီး အဆိုပါ ကြွက်ရုပ်ကြီးဟာ သူမအပိုင်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ “အဲဒီကြွက်ရုပ်ကြီးဟာ လွန်ခဲ့တဲ့ နှစ်တော်တော်များများကတည်းက ကျွန်မကိုယ်တိုင် ဟောလိုးဝင်းပွဲတော်အတွက် ပြုလုပ်ထားတဲ့ အရုပ်ကြီးပါ။ မိုးတွေရွာပြီး ရေတွေကြီးလို့ အဲဒီအရုပ်ကြီးဟာ ရေစီးနဲ့ မျောပါသွားပြီး ပျောက်သွားတာ တော်တော်ကြာပါပြီ။ အခုပြန်တွေ့တော့ ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိပါဘူး”လို့ Evelin က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE