၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင်းမှာ အကြီးအကျယ်ဂယက်ထစေခဲ့တဲ့ ဖြစ်စဉ် ၅ ခု

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာအရပ်ရပ်မှာ ဂယက်ထစေခဲ့တဲ့ ထူးခြားဖြစ်စဉ်များစွာ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာဆိုလည်း အနုပညာလောက၊ ဆေးပညာလောက၊ နိုင်ငံရေး၊ လူမျိုးရေး စတဲ့ နယ်ပယ်ပေါင်းစုံမှာ နိုင်ငံကို ထူးထူးခြားခြား သက်ရောက်မှု ဖြစ်စေခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ နာမည်အကြီးဆုံး ဖြစ်စဉ် ၅ မျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။

Fan BingBing

EPA-EFE

တရုတ်နိုင်ငံရဲ့ ထိပ်တန်းမင်းသမီး Fan BingBing ကတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ အခွန်တိမ်းရှောင်မှုနဲ့ ၃ လကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။ မေလတုန်းက အစီအစဉ်တင်ဆက်သူ Cui Yongyuan က Fan ရဲ့ အနုပညာကြေး စာချုပ် ၂ ခုကို တင်ခဲ့ရာမှ အာဏာပိုင်တွေက Fan ကို စတင် စစ်ဆေးခဲ့တာပါ။ Fan ဟာ အခွန်တိမ်းရှောင်မှု စာချုပ်အတု ဖန်တီးမှုတွေနဲ့ အခွန်ဌာနကို ယွမ် သန်းပေါင်း ၈၈၄ သန်း ပေးလျော်ခဲ့ရပါတယ်။ Fan ရဲ့ အမှုပြီးနောက် တရုတ်အာဏာပိုင်တွေဟာ ဆယ်လီများစွာရဲ့ အခွန်ပေးဆောင်မှုနဲ့ ပတ်သက်လို့ စတင်တင်းကြပ်လာခဲ့ပါတယ်။

Shwemom မှ အထက်ပါအကြောင်းအရာနဲ့ ပတ်သက်လို့ တင်ခဲ့တဲ့ သတင်းတွေကိုလည်း အောက်ပါ လင့်ခ်တွေမှာ ပြန်ဖတ်ကြည့်လို့ ရပါတယ်။

Fan Bingbing ထူးဆန်းစွာ ပျောက်ဆုံးနေမှုရဲ့ အကြောင်းအရင်းအမှန် ထွက်ပေါ်

ကောလဟာလတွေကို ဖြေရှင်းဖို့အတွက် လူရှေ့ထွက်လာပြီဖြစ်တဲ့ Fan Bingbing

ဒဏ်ကြေးငွေအချိန်မီပေးနိုင်ဖို့ ပိုင်ဆိုင်တဲ့အဆောက်အဦးတွေကို ရောင်းချလိုက်တဲ့ Fan Bingbing

နှစ်ရက်အတွင်းမှာ အခွန်ငွေယွမ်သန်းပေါင်း (၈၈၀)ကို ပေးချေလိုက်ပြီဖြစ်တဲ့ Fan Bingbing

DNA အပြောင်းခံလိုက်ရတဲ့ အမြွှာသန္ဓေသားလောင်း

Sam Tsang

၂၀၁၈ နိုဝင်ဘာလတုန်း တရုတ်သိပ္ပံပညာရှင် He Jiankui က မျိုးရိုးဗီဇ ပြုပြင်တဲ့ CRISPR-Cas9 နည်းစနစ်ကို အသုံးပြုကာ သန္ဓေသားလောင်း နှစ်ခုရဲ့ DNA တွေကို ပြုပြင်ခဲ့ပါတယ်။ အမြွှာသန္ဓေသားလောင်းရဲ့ ဖခင်ဟာ HIV ပိုးရှိနေခဲ့တာကြောင့် ကလေး ၂ ယောက်ကို HIV ပိုးမရှိအောင် မျိုးဗီဇတွေကို ပြုပြင်ခဲ့တာပါ။ သန္ဓေသားလောင်းတွေကို DNA ပြောင်းလိုက်တဲ့ ပထမဆုံးဖြစ်စဉ်ပါပဲ။ ဒါကြောင့် သာမန်မျိုးဗီဇတွေနဲ့ မွေးလာတော့မှာ မဟုတ်တဲ့ ကလေး ၂ ယောက်ရဲ့ အနာဂတ်ကို ထည့်မတွက်ဘဲ စမ်းသပ်မှု လုပ်ခဲ့တဲ့ He Jiankui ကို တရုတ်နိုင်ငံ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနက ခေါ်ယူစစ်ဆေးကာ အရေးယူခဲ့ပါတယ်။

READ
လိမ်နေတယ်ဆိုတာကို ပြနေတဲ့ ခန္ဓာကိုယ်အမူအရာလက္ခဏာ(၇)မျိုး

Shwemom မှ အထက်ပါအကြောင်းအရာနဲ့ ပတ်သက်လို့ တင်ခဲ့တဲ့ သတင်းတွေကိုလည်း အောက်ပါ လင့်ခ်တွေမှာ ပြန်ဖတ်ကြည့်လို့ ရပါတယ်။

သန္ဓေသားလောင်းကို သာမန်လူတွေနဲ့ ကွဲထွက်အောင် DNA ပြောင်းလိုက်တဲ့ သိပ္ပံပညာရှင်

သိပ္ပံလောကမှာ လက်မခံနိုင်လောက်သေးတဲ့ စမ်းသပ်မှုမျိုး လုပ်ခဲ့လို့ အဖမ်းခံလိုက်ရသူ

Dolce & Gabbana

AFP

အီတလီက luxury ဖက်ရှင် brand တစ်ခုဖြစ်တဲ့ Dolce & Gabbana ကတော့ တရုတ်နိုင်ငံမှာ ခြေချလောက်စရာ မရှိလောက်အောင် ဖြစ်သွားစေတဲ့ ဖြစ်စဉ်တစ်ခု ၂၀၁၈ နိုဝင်ဘာတုန်းက ဖြစ်သွားခဲ့ပါတယ်။ ဖက်ရှင်လောကရဲ့ စောင့်ကြည့်သူတစ်ဦးဖြစ်တဲ့ Diet Prada ဟာ Dolce & Gabbana ကို တည်ထောင်သူထဲက တစ်ဦးဖြစ်တဲ့ ဒီဇိုင်နာ Stefano Gabbana နဲ့ စကားပြောထားတဲ့ screenshot တွေကို တင်ခဲ့ရာ ထို screenshot တွေထဲမှာ Gabbana က တရုတ်နိုင်ငံကို ရှုံ့ချပြောဆိုထားတာတွေ ပါနေခဲ့ပါတယ်။ ထိုကစလို့ တရုတ်နိုင်ငံသားတွေအကုန် ဆယ်လီတွေကအစ D&G brand ကို ဆန့်ကျင်ခဲ့ကြတာတွေ၊ D&G က တရုတ်မှာ လုပ်မယ့် ဖက်ရှင်ရှိုးပွဲတွေမှာ ဝင်လျှောက်ဖို့ မော်ဒယ်တွေက ငြင်းဆိုခဲ့တာတွေ ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံက D&G ဆိုင်တွေလည်း ပိတ်ခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

Sabrina Meng Wanzhou

AP

တရုတ်နိုင်ငံက နာမည်ကြီးဖုန်းကုမ္ပဏီ Huawei တည်ထောင်သူရဲ့ သမီးဖြစ်သူနဲ့ ကုမ္ပဏီဆက်ခံသူ Sabrina Meng Wanzhou ဟာ ၂၀၁၈ ဒီဇင်ဘာ ၁ ရက်နေ့တုန်းက ကနေဒါနိုင်ငံ Vancouver မှာ အဖမ်းခံခဲ့ရပါတယ်။ အမေရိကန်ဘက်က သတင်းအချက်အလက်တွေကို အီရန်နိုင်ငံသို့ တရားမဝင် ခိုးရောင်းခဲ့လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။ ရက်ပိုင်းအကြာမှာတော့ Wanzhou ကို ဒဏ်ငွေ ကန်ဒေါ်လာ ၇.၅ သန်း ပေးဆောင်စေကာ ခံဝန်နဲ့ လွှတ်ပေးခဲ့ပြီး အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ Wanzhou ကို ဖမ်းဆီးမှုအပြီး ၉ ရက်အကြာမှာတော့ တရုတ်နိုင်ငံမှာလည်း ကနေဒါ လူမျိုး ၂ ဦးကို နိုင်ငံ့လုံခြုံရေးကို အန္တရာယ်ရှိစေမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန်၊ ကနေဒါတို့ကြားက တင်းမာမှုတွေပါပဲ။

READ
လူတိုင်းမသိသေးတဲ့ဦးနှောက်ရဲ့ လျှို့ဝှက်ချက်(၁၀)မျိုး

Shwemom မှ အထက်ပါအကြောင်းအရာနဲ့ ပတ်သက်လို့ တင်ခဲ့တဲ့ သတင်းတွေကိုလည်း အောက်ပါ လင့်ခ်မှာ ပြန်ဖတ်ကြည့်လို့ ရပါတယ်။

နာမည်ကြီးတရုတ်ဖုန်းကုမ္ပဏီမှ တည်ထောင်သူရဲ့သမီး သတင်းရောင်းမှုဖြင့်အဖမ်းခံရ

#MeToo

Thomas Yau

အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖော်ထုတ်ဆန္ဒပြတဲ့ #MeToo Movement ကတော့ တရုတ်နိုင်ငံမှာဆို ၂၀၁၈ အတွင်း အတော်ဂယက်ထသွားစေခဲ့ပါတယ်။ သြဂုတ်လတုန်းကဆို နာမည်ကြီး e-commerce ကုမ္ပဏီ JD.com ရဲ့ စီအီးအို Richard Liu ဆိုရင် ထို #MeToo movement က စွပ်စွဲမှုတွေကြောင့် အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် သက်သေမခိုင်လုံမှုနဲ့ ပြန်လွတ်လာခဲ့ပါတယ်။ တရုတ်အမျိုးသမီးတွေက သူတို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေကို ဖော်ထုတ်ခဲ့ကြပေမယ့်လည်း အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်ပေးခြင်း မရှိမှုနဲ့ လူ့အဖွဲ့အစည်းက မထောက်ခံမှုတို့ကြောင့် များစွာ အခက်အခဲတွေ ကြုံခဲ့ကြရပါတယ်။ တရုတ်လူမှု အဖွဲ့အစည်းတွေက ထင်ရှားကျော်ကြားတဲ့ အမျိုးသားအချို့ပါ စွပ်စွဲခံခဲ့ရတာတွေလည်း ရှိပြီး သူတို့ကို စွပ်စွဲတဲ့ အမျိုးသမီးတွေကိုလည်း တန်ပြန်တရားစွဲဆိုခဲ့ခြင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Ref: South China Morning Post

SHARE