(၂၀၁၈) ခုနှစ်တွင်း တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားခြင်းခံရဆုံး သတင်းများ

နှစ်စဉ်နှစ်တိုင်းလိုလို ကမ္ဘာတစ်ဝန်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရပ်ရပ်တို့မှာ ထူးခြားချက်တွေ အမျိုးမျိုး ရှိနေပါတယ်။ အခုတစ်ခါမှာတော့ (၂၀၁၈) ခုနှစ်အတွင်းမှာ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားခြင်းခံရတဲ့ ထူးထူးခြားခြားသတင်းတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

ထိုင်းမယ်ဆိုင်ဂူ ကယ်ဆယ်ရေး

YouTube

(၂၀၁၈) ခုနှစ် နွေရာသီမှာ ထိုင်းနိုင်ငံက တောဝက်ဘောလုံးအသင်းသား (၁၂) ယောက်နဲ့ နည်းပြတို့ဟာ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်က မယ်ဆိုင်လိုဏ်ဂူထဲ ၀င်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ဂူထဲဝင်ပြီး မကြာခင်မှာပဲ မိုးကြီးပြီး လိုဏ်ဂူထဲက ထွက်လို့မရပဲ ရက်ပေါင်းအတော်ကြာအောင် ပိတ်မိနေခဲ့ပါတယ်။ (၁၈) ရက်ကြာပြီးနောက်မှာတော့ အပြည်ပြည်ဆိုင်ရာက ကျွမ်းကျင်ရေငုတ်သမားတွေရဲ့ အကူအညီနဲ့ ဂူထဲပိတ်မိနေကြတဲ့ ကလေးတွေနဲ့ နည်းပြကို ကယ်တင်နိုင်ခဲ့ပါတယ်။ စိတ်မကောင်းစရာပဲ မယ်ဆိုင်ဂူကယ်ဆယ်ရေးမှာ ဆာမန်ခွန်နန်အမည်ရတဲ့ ထိုင်းနိုင်ငံရေတပ်သားဟောင်းတစ်ဦးကတော့ အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့ပါတယ်။

ကင်ဂျုံအန်ရဲ့ နျူကလီးယားအရေး

Simple Wikipedia

(၂၀၁၈) ခုနှစ် ဇွန်လတုန်းက စင်ကာပူနိုင်ငံမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်ပ်တို့ တွေ့ဆုံခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်အစိုးရနဲ့ နှစ်ဦးသဘောတူညီချက်ရယူပြီး မြောက်ကိုရီးယားနိုင်ငံကို နျူကင်းစင်ဇုံအဖြစ် ပြန်လည်ဖန်တီးဖို့ လက်မှတ်ရေးထိုးခဲ့တာပါ။ ဒါပေမယ့် နျူစာချုပ်ပါ အချက်တွေဟာ အသေးစိတ်အစီအစဉ်တွေမဟုတ်ပဲ ဝေေ၀၀ါးဝါးဖြစ်နေကြောင်း တစ်ကမ္ဘာလုံးက ဝေဖန်ခဲ့ကြသလို ကင်ဂျုံအန်အနေနဲ့ သူ့ကတိကို ဘယ်အချိန်ထိ ထိန်းသိမ်းနိုင်မှာလည်းဆိုတာ အားလုံးက ဝေခွဲရခက်နေကြတုန်းပါပဲ။

READ
အကျဉ်းသားတွေက အာဏာနဲ့ပြန်ကြီးစိုးထားတယ်ဆိုတဲ့ ကမ္ဘာ့အဆိုးသွမ်းဆုံးထောင်အကြောင်း

ပေါ်တိုရီကိုက လျှပ်စစ်မီးပြတ်တောက်မှု

Business Insider

ပေါ်တိုရီကိုကျွန်းနိုင်ငံလေးဟာ ဟာရီကိန်းမာရီယာပြီးတဲ့နောက် (၁၁) လကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။ ဟာရီကိန်းပြီးတဲ့နောက် ကျွန်းနေပြည်သူ (၁.၄) သန်းကျော်ကို လျှပ်စစ်မီးတွေ ပြန်လည်ဖြန့်ဝေပေးဖို့ နိုင်ငံပိုင် ကုမ္ပဏီတွေခမျာ အတော်ကြီး ကြိုးစားခဲ့ရပါတယ်။ ဟာရီကိန်းဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင်စီမံမှု နည်းပါးခဲ့တဲ့အတွက် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးက အလှူရှင်တွေစုပေါင်းပြီး ပေါ်တိုရီကို ကို သောက်ရေနဲ့ နေရောင်ခြည်သုံးစွမ်းအင်ရနိုင်ဖို့ အကူအညီပေးခဲ့ကြပါတယ်။

ဗြိတိန်မင်းသားရဲ့ တော်ဝင်မင်္ဂလာပွဲ

Wikimedia Commons

တစ်ကမ္ဘာလုံး ၀မ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေတဲ့အချိန်မှာ အင်္ဂလန်နိုင်ငံ ဗြိတိန်မှာတော့ ကြည်နူးဖွယ်မင်္ဂလာပွဲတစ်ခုကျင်းပခဲ့ပါတယ်။ ဗြိတိန်မင်းသားဟယ်ရီဟာ အမေရိကန်မင်းသမီး မီဂန်မာကယ်နဲ့ မေလ(၁၉) ရက်နေ့မှာ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို ကြည့်ရှုသူဦးရေဟာ မင်းသားဝီလျံနဲ့ ကိတ်မစ်ဒယ်တန်တို့ရဲ့ မင်္ဂလာပွဲကို ကြည့်ရှုသူဦးရေထက် အများကြီး ပိုများပါတယ်။ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံ နှစ်နိုင်ငံပေါင်း ကြည့်ရှုသူအရေအတွက်ဟာ သန်း(၅၀) ကျော်ပါတယ်။

READ
ရှားရှားပါးပါးမွေးရာပါအမှတ်အသားများနဲ့ လူသားများ

လင်းလင်း (ShweMom)

Ref: thisisinsider

SHARE