လူနေရပ်ကွက်ထဲ အစာရှာထွက်လာတဲ့ သတ္တဝါကြီးနဲ့ရင်ဆိုင်ခဲ့ရတဲ့ ရဲတွေရဲ့ဗီဒီယို

[email protected]

လူတွေ stay at home နေနေပေမယ့် တိရိစ္ဆာန်တွေကတော့ stay at home နေမနေပါဘူးနော်။ တချို့ဒေသတွေမှာ quarantine ကာလတွေအတွင်း လူခြေတိတ်လွန်းလို့ တောထဲက တောဝက်တွေ၊ သမင် ဒရယ်တွေအပြင် သားရဲတိရိစ္ဆာန်တွေကတောင် အတင့်ရဲပြီး လူနေရပ်ကွက်တွေထဲ မလာမဖူး လာရောက်နေခဲ့ကြပါပြီ။

အခုလည်း ဖလော်ရီဒါမှာ လမ်းမပေါ် လျှောက်သွားနေတဲ့ သတ္တဝါတစ်ကောင်တွေ့လို့တဲ့လေ။ တွေ့တဲ့ပြည်သူတွေကတော့ အန္တရာယ်ဖြစ်မှာဆိုးတဲ့အတွက် သက်ဆိုင်ရာကို လှမ်းအကြောင်းကြားခဲ့ကြပါတယ်။ နောက် မိချောင်းကြီးကလည်း ရန်လိုနေတဲ့သဘောပါပဲ။

[email protected]

သက်ဆိုင်ရာတွေအနေနဲ့ သူတို့ရောက်သွားတဲ့အခါ Canal Point လမ်းမပေါ်မှာ ဧရာမမိချောင်းကြီးတစ်ကောင်ကို တွေ့လိုက်ရပါတော့တယ်။ အရင်ကတည်းက ဖလော်ရီဒါဟာ မိချောင်းပေါများတယ်၊ ဒီအတွက်ုကြောင့် မိချောင်းတွေကျူးကျော်ဝင်ရောက်လာမှုနဲ့ ဖလော်ရီဒါနဲ့ မစိမ်းပေမယ့်လို့ အခုတွေ့ရတဲ့မိချောင်းကြီးကတော့ တွေ့ခဲ့ရတဲ့မိချောင်းတွေထဲ အကြီးဆုံးဖြစ်တယ်လို့ Miami Herald မှ သိခဲ့ရအပါတယ်။

READ
လည်ချောင်းကင်ဆာဖြစ်နေတဲ့ ညီမလေးကို ကယ်လိုက်နိုင်ခဲ့တဲ့အစ်ကို

နောက်တစ်နေ့မှာပဲ Palm Beach ရဲမှူးရဲ့ Twitter account မှာ သူတို့တွေ မိချောင်းနဲ့ရင်ဆိုင်ခဲ့ရပုံကို ဗီဒီယိုတင်လာခဲ့ပါသေးတယ်။ အနားကပ်လိုက်တာနဲ့ မိချောင်းကြီးက အမြီးနဲ့လည်းရမ်း လှမ်းဟပ်ဖို့လည်း ပြင်ဆင်နေတာ တွေ့ရမှာပါ။ တော်သေးတာပေါ့ မိချောင်းဖမ်းတဲ့ ကျွမ်းကျင်ပညာရှင်တွေရှိနေပေလို့။

Penny

SHARE