သမိုင်းတစ်လျောက် ကုမ္ပဏီကြီးတွေရဲ့ အဆိုးရွားဆုံး ဒေ၀ါလီခံခဲ့တဲ့ ဖြစ်ရပ်များ

လုံးဝပြိုလဲသွားလိမ့်မယ်လို့ လူတွေက ဘယ်တုန်းကမှ ထင်မထားတဲ့ ကုမ္ပဏီကြီးတွေက ပြိုလဲပြီး ဒေ၀ါလီခံတဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။အကြွေးနွံတွေထဲမှာနစ်မြုပ်ပြီး နှစ်တွေအကြာကြီး တည်တံ့လာတဲ့ ကုမ္ပဏီကြီးတွေ  ပြိုလဲသွားခဲ့တာပါ။(၁၉၈၀)နောက်ပိုင်း သမိုင်းတစ်လျောက် အဆိုးရွားဆုံး ဒေ၀ါလီခံခဲ့တဲ့ ဖြစ်ရပ်တွေ ကို ဖော်ပြ ပေးချင်ပါတယ်။

1. Lehman Brothers

reaction.life

Google မှာ နာမည်ထည့်ရိုက်လိုက်တာနဲ့ ချက်ချင်းကို သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထွက် လာတဲ့ အစဉ်အလာ ကြီးတဲ့ ကုမ္ပဏီကြီးတစ်ခုပါ။Lehman Brothers ကတော့ financial services ကုမ္ပဏီကြီးပါ။ (၁၈၅၀)ခုနှစ်တည်းက စတည်ဖွဲ့စည်းထူထောင်ခဲ့တဲ့ ဒီလိုကုမ္ပဏီကြီးဟာ နှစ်ပေါင်း (၁၅၈)နှစ် တည်တံ့ခဲ့ပေမယ့် (၂၀၀၈)ခုနှစ်မှာတော့ ပျောက်ကွယ်သွားခဲ့ရပါတယ်။အရည်အသွေးမပြည့်မီတဲ့ စံနှုန်းမမီတဲ့ အပေါင်စာချုပ်တွေကြောင့် ကြာလာတော့ ကုမ္ပဏီကို ဆုံးရှုံးမှုတွေဖြစ်ပြီး နောက်ဆုံး ကုမ္ပဏီကိုသတ်သွားတာလို့ သိရပါတယ်။

2. Washington Mutual

Time

Washington Mutual ကတော့ Banking company တစ်ခုပါ။ WaMu လို့ လူသိများပါတယ်။ကုမ္ပဏီရဲ့ saving တွေနဲ့ ချေးငွေတွေဟာ တစ်ချိန်တုန်းက တော့ လူလတ်တန်းစားတွေအတွက် တကယ့်ကို အားကိုး မှီ ခို ရာ တစ်ခုဖြစ်ခဲ့ပါတယ်။(၂၀၀၃)မှာတော့ ကုမ္ပဏီရဲ့ “Power of Yes” ad campaign က တော်တော်လေး ကို နာမည်ကြီး ခဲ့ပါတယ်။တခြားဘဏ်တွေ ဒေ၀ါလီခံရတဲ့ ဖြစ်ရပ်မျိုးလိုပါပဲ။နောက်ဆုံးမှာတော့ (၂၀၀၈) ခုနှစ် စက်တင်ဘာ (၂၆)မှာ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။

READ
Tesla ကုမ္ပဏီကိုဝယ်ယူပြီး Elon Musk ကို CEO ခန့်ဖို့ပြင်နေတဲ့ Apple

3. WorldCom

American telecommunications company  ပါ။(၁၉၈၃)ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ ကုမ္ပဏီပါ။ WorldCom ဟာဆိုရင် သူ့ခေတ်သူ့အခါကဆိုရင် AT&T ပြီးရင် အမေရိကန်ရဲ့ ဒုတိယမြောက် သက်တမ်း အရှည်ဆုံး ကုမ္ပဏီကြီးပါ။အမေရိကန်သမိုင်းတစ်လျောက် Accounting ပိုင်းတွေမှာ အဆိုးရွားဆုံး လို့ ပြောလို့ရတဲ့ ဒီကုမ္ပဏီဟာ (၂၀၀၂)မှာတော့ အဆုံးသတ်ခဲ့ပါတယ်။

4.CIT Group

People’s Daily

CIT Group ကလည်း Commercial banking company တစ်ခုပါ။CIT ဟာ  CIT Bank ဆိုတဲ့ လုပ်ငန်းကိုလည်း လုပ်ကိုင်ပါတယ်။Fortune  က ထုတ်ပြန်တဲ့ အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီ(၁၀၀၀)စာရင်းမှာ နံပါတ(၅၅၀) နေရာ ကနေ ရပ်တည်ခဲ့ဖူးပါတယ်။အမေရိကန်ရဲ့ အကြီးဆုံး ဘဏ်တွေထဲက တစ်ခုပါ။(၂၀၀၉) မှာတော့ ဒေ၀ါလီခံခဲ့ပါတယ်။

READ
ကိတ်မစ်ဒယ်လ်ဒန်အကြောင်း လူသိပ်မသိသေးတဲ့ အချက်များ

5.Enron

Share Why

Enron ကတော့ Energy company တစ်ခုပါ။ဝန်ထမ်းပေါင်း (29,000) လောက် ခန့်ထားခဲ့ပြီး လျှပ်စစ်နဲ့ သဘာဝဓါတ်ငွေ့၊ဆက်သွယ်ရေး၊စက္ကူ …အစရှိတဲ့ တကယ့်လုပ်ငန်းကြီးကုမ္ပဏီတစ်ခုပါ။(၂၀၀၀)ခုနှစ်မှာ ကုမ္ပဏီရဲ့  ၀င်ငွေစာ အမေရိကန်ဒေါ်လာ (၁၀၁)ဘီလီယံလို့တောင် ကြေညာခဲ့တဲ့ ကုမ္ပဏီကြီးပါ။ဒါပေမယ့် (2001) မှာ ဒေ၀ါလီခံခဲ့ပါတယ်။

6. Conseco 

Fortune

အမေရိကန်  insurance and finance company ပါ။အမေရိကန်သမိုင်းတစ်လျှောက် တတိယမြောက် အဆိုးရွားဆုံး ဒေ၀ါလီခံမှုကြီးပါ။ 

7.MF Global

MF Global ကတော့ Foreign exchange ကုမ္ပဏီကြီးပါ။(၂၀၀၇)မှာစတင်ဖွဲ့စည်းထူထောင်ပြီး (၂၀၁၁) မှာ လုပ်ငန်းတွေရပ်ဆိုင်းခဲ့ရပါတယ်။

Source .fool.com

SHARE