သိပ်အေးတဲ့ ဂျာမဏီနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရေပန်းဥယျာဉ်

ရေပန်း ဥယျာဉ်တွေ အကြောင်းပြောကြတဲ့အခါမှာ ဂျာမဏီနိုင်ငံမှာ မရှိသလိုပဲ ပြောနေဆိုနေကြတာကို တွေ့ရပါတယ်။ နိုင်ငံကလည်း အအေးပိုင်းမှာရှိတော့ ရေပန်းဥယျာဉ်တွေဘာတွေ မရှိဘူးပဲ ထင်ကြတယ်လို့ ယူဆရတယ်။

tropical island resort

ဘာလင်မြို့တော်ကနေ တောင်ဘက် မိုင် (၃၀) ကို သွားရင် အဲ့ဒီမှာ အပူပိုင်း ကျွန်းပုံစံ အပန်းဖြေစခန်းရှိပြီး ကမ္ဘာပေါ်မှာ အကြီးမားဆုံး မိုးလုံလေလုံ ရေပန်းဥယျာဉ်ဖြစ်ပါတယ်။ တည်နေရာကတော အရင် လေယာဉ်ရုံဟောင်းကြီး ရှိတဲ့နေရာမှာ ဖြစ်ပြီး ဆောင်ရာသီဆို အဲ့ဒီနေရာက အမြဲ ရေခဲနေတယ်လို့ သိရပါတယ်။ အတွင်းပိုင်မှာတော့ နွေးပြီး လေထုစိုထိုင်းမှုရှိတယ်။

tropical island resort

ဒီ အပန်းဖြေ စခန်းက (၁၆) ဧကကျော် ကျယ်ဝန်းပြီး တစ်ချိန်တည်းမှာ ဧည့်သည် (၆,၀၀၀) လောက် ၀င်ဆံ့ပါတယ်။ ကလေးကနေစပြီး အရွယ်ရောက်တဲ့ သူတွေအထိ မတူညီကွဲပြားတဲ့ ၀န်ဆောင်မှုတွေကို ရရှိနိုင်တယ်။

READ
အကောင်းဆုံးဟိုတယ်တွေရဲ့ အံ့မခန်း ရေချိုးခန်းပြင်ဆင်မှုများ

Torpino Club မှာ လှေ၊ ရေထဲမှာ ခြေနင်းပြီး သွားရတဲ့ကားတွေရှိပြီး အဲဟော့ကီလည်း ကစားလို့ရတယ်။ အရွယ်ရောက်ပြီးတဲ့ သူတွေဆို ရေလွှာလျှောကြီးတွေ၊ အိုလံပစ် စံနှုန်းရှိတဲ့ ကန် အနက်တွေကို သွားရောက်နိုင်ပြီး ကူးလူး ဆော့ကစားနိုင်တယ်လို့သိရတယ်။

tropical island resort

ကြည်လင်တဲ့ အမိုးတွေနဲ့ မိုးကာထားလို့ နေရောင်ခြည်ကို ထိတွေ့ခံစားနိုင်တယ်။ နောက်ပြီး ၀န်ဆောင်မှု အပြည့်ပေးတဲ့ Spa လည်း ၀င်လို့ရပါတယ်။ အဲ့ဒီ့မှာ Amazonia လို့ ခေါ်တဲ့ ပြင်ပနေရာတစ်ခုရှိပြီး ဆောင်းရာသီဆို ဘာဆိုဘာမှ မရှိအောင် ရှင်းလင်းနေတယ်လို့ သိရပါတယ်။

tropical island resort

နေ့ပိုင်းလာရောက် အပန်းဖြေကြတာ အများအားဖြင့်တွေ့ရပေမယ့် ညပါနေချင်ပါတယ်ဆိုလည်း ရပါတယ်။ ညအိပ် အနားယူနိုင်ဖို့ အဆောင်တွေ၊ အခန်းတွေ၊ ရွက်ဖျင်တဲတောင် ရနိုင်ပါတယ်။ ဒီ ရေပန်းဥယျာဉ်ကို တည်ဆောက်ထားပုံက လုံးဝ အပူပိုင်းဒေသတစ်ခုကို ရောက်နေသလို ခံစားရအောင်ကို တည်ဆောက်ထားတာပါ။

READ
ကလေးတွေ အငိုပြိုင်ကြရတဲ့ ဂျပန်နိုင်ငံက နာကီဇူမိုပွဲတော်
tropical island resort
tropical island resort

ကဲ သင့်အနေနဲ့လည်း ဂျာမဏီမှာ ဒါမျိုးမရှိဘူးပဲ တစ်လျှောက်လုံး ထင်ကောင် ထင်နေနိုင်ပါတယ်။ အခုလိုသိရပြီးတဲ့နောက် ရောက်ဖြစ်ခဲ့ရင် သွားဖြစ်အောင်ကို သွားခဲ့ပါလို့သာ အမှာပါးလိုက်ပါရစေ….

Ref: Elite Reader

Matthew 

 

 

 

SHARE