စက်ဘီးစီးသမားတစ်ယောက်ရဲ့ဟာသဆန်ဆန် ကြည်နူးဖွယ်ရာ မှားယွင်းခဲ့တဲ့ ဖြစ်ရပ်

[email protected] Kharbi

Roadtrip နင်းတဲ့ စက်ဘီးသမားအများစုဟာ သူတို့ဒီလို စက်ဘီးတစ်စီးနဲ့ ခရီးထွက်မယ်ဆိုရင် များသောအားဖြင့် ပိုက်ဆံပဲ ယူလာခဲ့တာများပါတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပိုက်ဆံကိုသာ ယူလာပြီး မိုင်ပေါင်းများစွာ စက်ဘီးစီးပြီး ခရီးထွက်လေ့ရှိပါတယ်။ အခုပြောပြချင်တာကတော့ စက်ဘီးစီးသမားတစ်ယောက်ရဲ့ ဟာသဆန်ဆန် ကြည်နူးဖွယ်ရာ ဖြစ်ရပ်လေးတစ်ခုပါ။ မလေးရှားနိုင်ငံက စက်ဘီးစီးသမားတစ်ယော်ကဟာ စက်ဘီးစီးနင်းထွက်လာရင်း လမ်းမကြီးတစ်ခုရဲ့ ဘေးကအိမ်ကို စားသောက်ဆိုင်ထင်ပြီး ရုပ်တည်နဲ့ ဝင်ရောက်စားသောက်ခဲ့ကြောင်း Rachfeed သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Kharbi

Mohd Kharbi လို့ အမည်ရတဲ့ စက်ဘီးစီးသမားတစ်ယောက်ဟာ မနက်အာရုဏ်တက်ချိန်လောက်မှာ မလေးရှားနိုင်ငံ၊ Kuala Berang မြို့ကနေ မိုင်ပေါင်းများစွာ စက်ဘီးနင်ပြီး ခရီးထွက်ခဲ့ပါတယ်။ ဒီလိုနဲ့ မနက်နေထွက်လာတာအချိန်မှာ ဗိုက်ဆာလာတာကြောင့် သူနင်းလာတဲ့ လမ်းမကြီးဘေးတစ်လျှောက်မြှ စားသောက်ဆိုင်ရှိမရှိ ကြည့်ပြီး တောက်လျှောက်နင်းလာခဲ့ပါတယ်။ ဒီလိုနဲ့ လမ်းမကြီးရဲ့ တစ်နေရာအရောက်မှာတော့ လူကြီးတစ်ယောက်ရယ်၊ ကောင်မလေးနှစ်ယောက်ရယ်နဲ့ ကောင်လေးတစ်ယောက်တို့ဟာ အားရပါးရ ထမင်းစားနေတာကိုတွေ့ပြီး Kharbi တစ်ယောက် အပျော်ကြီးပျော်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာကို လမ်းလေးမှဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ဆိုင်လို့ ထင်ခဲ့ပြီး အထဲမှာလည်း စားသောက်ဆိုင်လို ခုံတစ်ချို့နဲ့ စားပွဲတွေခင်းထားတာ တွေ့ခဲ့လို့ပါပဲ။

Posted by Mohd Kharbi on Saturday, August 1, 2020

ဒီလိုနဲ့ Kharbi လဲ ဆိုင်ထဲဝင်ခဲ့ပြီး စားပွဲခုံတစ်ခုမှာထိုင်ကာ အနောက်ဝိုင်းကလူကြီးမိသားစုစားနေတာပဲ သူ့ကို ချပေးဖို့ ဆိုင်ထဲမှာ ထိုင်နေတဲ့ အမျိုးသမီးကြီးကို ပြောခဲ့ပါတယ်။ အဲဒီနောက် အဆိုပါအမျိုးသမီးကြီးကလည်း ဘာမှမပြောပဲ ဟိုဖက်ဝိုင်းက လူကြီးမိသားစုစားနေတဲအတိုင်း Kharbi အရှေ့ကို ပြုံးပြုံးပြုံးနဲ့ ချပေးခဲ့ပြီး ပြန်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာလည်း Kharbi ဟာ ဗိုက်ဆာနေတာကြောင့် ခေါင်းမဖော်တမ်း တောက်လျှောက်စားနေခဲ့ပါတယ်။ ဒီလိုနဲ့ Kharbi တစ်ယောက် စားလို့သောက်လို့ ပြီးတဲ့အချိန်မှာ သူစားထားတာတွေကို ရှင်းဖို့ bill လှမ်းတောင်းတော့မှ သူထိုင်စားနေတဲ့ ဆိုင်ဟာ စားသောက်ဆိုင်မဟုတ်ပဲ မိသားစုတစ်စုရဲ့ အိမ်ဆိုတာ သိလိုက်ရပါတယ်။

Posted by Mohd Kharbi on Saturday, August 1, 2020

“ကျွန်တော် တစ်ကယ်ကို အားနာသွားတာပါ။ ကျွန်တော့်အနောက်ဝိုင်းမှာ ထိုင်စားနေတဲ့ လူကြီးတစ်ယောက်နဲ့ ကလေး ၃ ယောက်က ကျွန်တော့်ကို စားစရာတွေ လာချပေးတဲ့ အမျိုးသမီးကြီးရဲ့ ခင်ပွန်းနဲ့ ကလေးတွေပါ။ ကျွန်တော် ပိုက်ဆံအတင်းပေးတာတောင်မှ မယူပါဘူး။ ကျွန်တော်ဗိုက်အရမ်းစာနေတာသိလို့ ဒီအတိုင်းကျွေးခဲ့တာလို့တောင် ကျွန်တော့်ကို ရှင်းပြပါတယ်။ ကျွန်တော်လည်း ဗိုက်ဆာနေတော့ ဆိုင်ထဲရောက်ရောက်ချင်း မမေးမမြန်းပဲ စားစရာတွေ တန်းချခိုင်းခဲ့တာ။ ကျွန်တော်နမော်နမဲ့နိုင်လို့ပါ။ သူတို့မိသားစုကတော့ တစ်ကယ့်ကို စေတနာရှိတဲ့ မိသားစုပါပဲ။ နောက်တစ်ခါ လမ်းကြုံရင်ဝင်စားပါအုံးလို့တောင် ဆိုင်ထဲကထွက်တော့ လှမ်းအော်ပြောခဲ့သေးတယ်”လို့ Kharbi က ပြောကြားခဲ့ပါတယ်။

READ
အပြင်မထွက်ရတဲ့ ကာလမှာ အေးအေးဆေးအေး အနားယူနေတဲ့ Annabelle

Pyi Hein Kyaw

SHARE