ငါးမန်းကိုက်ခံရဖူးပေမယ့် ငါးမန်းတွေနဲ့ရေးကူးနေဆဲ ဘလော့ဂ်ဂါမလေး

ဂျာမန်ဆိုရှယ်မီဒီယာလောကမှာ နာမည်တစ်လုံးနဲ့ ထင်ပေါ်ကျော်ကြားမှုတွေ စတင်ရရှိလာပြီဖြစ်တဲ့ Mareen ဟာ သူများ နဲ့ မတူတဲ့အမူအကျင့် ရှိသူဖြစ်ပါတယ်။ သူမကတော့ ငါးမန်းတွေနဲ့ ရေကူးရတာကို နှစ်သက်ကြောင်း၊ ငါးမန်းကိုက်တာကို တစ်ခါ ခံခဲ့ရပေမယ့် သူတို့နဲ့အတူ ရေကူးခြင်းကို မစွန့်လွှတ်နိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

သူမဟာ ခရီးသွားဘလောဂ့် misseverywhere.com ကို ဦးဆောင်နေသူဖြစ်ပြီး၊ သူမရဲ့ miss.everywhere အမည်ရ အင်စတာဂ ရမ်မှာလည်း သူမရောက်ရှိရာနေရာတိုင်းရဲ့ ဓာတ်ပုံတွေ တင်လေ့ရှိပါတယ်။ Mareen ဟာ  Bahamas နိုင်ငံရှိ Exuma ပြည်နယ်က Iguana Island ကျွန်းပေါ်ကို ရောက်ရှိစဉ် ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေ ကို ပြန်လည် မျှဝေခဲ့ပါတယ်။

အဲဒီဓာတ်ပုံတွေထဲမှာ အသည်းယားဖွယ်ရာ ငါးမန်းအနက်ရောင်များနဲ့ ရေကူးနေတဲ့ပုံလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ရေ၀က် လို့ ခေါ်တဲ့ Pig Beach လို့ ခေါ်တဲ့ ကမ်းခြေမှာလည်း ရေကူးနေတဲ့ ၀က်တွေနဲ့ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ပါသေးတယ်။Mareen ဟာ သူမကို ငါးမန်းကိုက်ခဲ့တဲ့နေ့က အဖြစ်အပျက်ကိုလည်း ရေးသားခဲ့ပါတယ်။

READ
ပထွေးနဲ့အပေါင်းအပါတွေရဲ့ (၉)နှစ်ကြာ အဓမ္မကျင့်တာကို ခံခဲ့ရတဲ့ ကောင်မလေး

သူမက ” အဲဒီနေ့က Compass Cay ကမ်းခြေမှာ ၀က်တွေ၊ ငါးမန်းတွေနဲ့အတူ ရေကူးနေခဲ့တာပါ .. ပျော်စရာလည်း အလွန်ကောင်းပါတယ် .. ဒါပေမယ့် ငါးမန်းတစ်ကောင်က ဆာနေလို့ဖြစ်မယ် ကျွန်မကို ကိုက်ဖို့ ဆုံးဖြတ်လိုက်ပုံ ရပါတယ် … ပြောရရင် သူ ကျမလက်ကို မဟတ်မီ ပါးစပ်ဖွင့်တာကို မြင်လိုက်ရတဲ့ ခဏ … ဒီအတွေ့အကြုံကို ဘာပြောရမှန်းတောင် မသိတော့ ပါဘူး “လို့ ရေးသားခဲ့ပါတယ်။

သူမက ဆက်လက်ပြီး ” တစ်ချို့က ပြောတယ် .. ငါးမန်းကိုက်ရင် စိတ်မလှုပ်ရှားကြဖို့ပေါ့ … တကယ်တော့ ကျမအ တွေ့အကြုံအရ ပြောရရင် ဒီလိုတည်ငြိမ်ဖို့ မဖြစ်နိုင်ပါဘူး .. ကြောက်စရာတွေထက် ကြောက်ဖို့ကောင်းပါတယ် “လို့ ဆိုခဲ့ပါ တယ်။ Mareen ဟာ အင်စတာရမ်မှာ ပရိသတ် 4 သိန်းနီးပါး ရရှိထားပြီး၊ Facebook မှာတော့ 106000 အထိ ရရှိဖူးသူ ဖြစ်ပါတယ်။

READ
သူငယ်ချင်းသေနေတာကို မသိပဲ အတင်းလှုပ်နှိုးနေတဲ့ ရက်ကွန်းဝံလေးရဲ့ သနားဖွယ်အဖြစ်

မဒီလေး (Shwemom)

source : thesun.co.uk

SHARE