ဆွဲဆောင်မှုရှိတာလည်းအချစ်စစ်ရှာဖွေရာမှာ ဆူးခလုတ်တစ်ခုပါဆိုတဲ့ဘီကီနီမော်ဒယ်

ကလေးနှစ်ယောက်မိခင် Jenna Thompson ဟာ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် အချစ်စစ်ရှာဖွေရာမှာ တော်တော်လေးကို ခက်ခဲခဲ့ရတဲ့အတွက် အခုအချိန်မှာတော့ တစ်ယောက်တည်းနေနေခဲ့တာ နှစ်နှစ်လောက်ရှိနေပြီလို့ ရုပ်သံလိုင်းအစီအစဉ်တစ်ခုမှာ ဖွင့်ပြပြောပြခဲ့ပါတယ်။

REX
REX

ယခုခေတ်မှာကအရင်လို လူကိုယ်တိုင်တွေ့ကာမှ စိတ်ဝင်စားရတာမဟုတ်ဘဲ လူမှုကွန်ယက်တွေတဲ့ လက်တွဲဖော်ရှာပေးတဲ့ dating apps တွေလိုမျိုးမှာလည်း တစ်ယောက်နဲ့တစ်ယောက် ဓာတ်ပုံလေးတွေို အလွယ်တကူကြည့်ပြီး ကိုယ်စိတ်ဝင်စားတဲ့လူကို ရွေးချယ်လို့ရနေပါပြီ။ ဒီလိုမျိုး တစ်ဆင့်ခံတွေကနေ အသုံးပြုပြီး Jenna ကို ချဉ်းကပ်ခဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။

ITV
ITV
Instagram

Jenna ဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပေမယ့်လို့ သူမရဲ့အသက်အရွယ်နဲ့ ကိုယ်ခန္ဓာအချိုးအစားတို့ကို ကြည့်မယ်ဆိုရင် အမျိုးသားတွေ မျက်စိကျလောက်တဲ့ ပုံစံအနေအထားတစ်ခုမှာ ရှိလို့နေပါတယ်။ ဒီအပြင် ကိုယ်တိုင်ဟာလည်း ဘီကီနီမော်ဒယ်လုပ်နေတဲ့အတွက် သူမကြော်ငြာရိုက်ပေးထားတဲ့ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံတွေကို Jenna ရဲ့ လူမှုကွန်ယက်တွေပေါ်မှာ အလွယ်တကူ ကြည့်ရှုလို့ရနေပါတယ်။

အွန်လိုင်းပေါ်က ဓတ်ပုံခပ်မိုက်မိုက်နဲ့ လှလှလေးတွေကြောင့်သာ သူမကို ချဉ်းကပ်ဖို့ စိတ်ကူးရခဲ့ကြတာပါ။ ဒါကိုလည်း သူမသိလို့နေခဲ့ပါတယ်။ Jenna နဲ့ တွဲဖူးတဲ့လူတွေဟာ သူမကိုလေးလေးနက်နက်သဘောမထားကြဘဲ Jenna Thompson နဲ့ တွဲတယ်၊ ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ယောက်နဲ့ တွဲနေတယ်ဆိုတာကို လိုချင်တဲ့အတွက်ကြောင့်သာ ချဉ်းကပ်ခဲ့ကြတာဖြစ်တယ်လို့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြောပြခဲ့ပါတယ်။

READ
လူပေါင်း(၃၉)ယောက်အထိ သေဆုံးခဲ့ရတဲ့ မာဒါဂက်စ်ကာမီးလောင်မှု
Instagram

ဒါကြောင့်လည်း သူမရဲ့ဆွဲဆောင်မှုရှိတဲ့ အလှအပတွေဟာ အချစ်စစ်ကိုရှာတွေ့ဖိွုှ့တွက် ဆူးညှောင့်ခလုတ်တစ်ခုလို့ Jenna ပြောခဲ့တာပါ။ Jenna အနေနဲ့ အခုအချိန်မှာတော့ ၅ နှစ်အရွယ်နဲ့ ၁ နှစ်သားအရွယ် ရင်သွေးလေးနှစ်ယောက်နဲ့အတူတူ အလုပ်တွေလုပ်လိုက်နဲ့ အချစ်ကိုလည်း လိုက်ရှာမနေတော့ဘဲ တစ်ယောက်တည်းသာ ပျော်ရွှင်စွာဖြတ်သန်းနေခဲ့ပါတယ်။

Source: Mirror

Penny

SHARE