အအေးဒဏ်ကို အန်တုကာ ဘီကီနီဝတ်ပြီး နှင်းလျှောစီးခဲ့တဲ့ ရုရှားလှပျိုဖြူများ

ပြီးခဲ့တဲ့ ကြာသပတေးနေ့ (၅.၄.၂၀၁၈)က ရုရှားနိုင်ငံ ဆိုချီသဘာဝဥယျာဉ်မှာ ရုရှားလှပျိုဖြူပေါင်းများစွာ ဘီကီနီကိုယ်စီဝတ်ပြီး နှင်းလျှောစီးဖို့ ရောက်ရှိလာကြပါတယ်။ သူတို့လေးတွေဟာ အဲဒီနေ့မှာ ကျင်းပမယ့် “ကမ္ဘာ့အဆန်းအထွင်ဆုံး နှင်းလျှောစီး” ပွဲတော်မှာ ပါဝင်ဖို့ အခုလိုမျိုး အအေးဒဏ်ကို အန်တုပြီး ၀တ်စားဆင်ယင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲတော်ကို Boogel Woogle လို့လည်း နာမည်ပေးထားပြီး နှစ်စဉ် မတ်လ ပထမဦးဆုံး ရက်သတ္တပတ်တိုင်း ဆိုချီသဘာဝဥယျဉ်မှာ ကျင်းပသွားဖို့လည်း ရည်ရွယ်ထားပါတယ်။

Daily Mail
DailyMail
DailyMail

ဒီပွဲတော်မှာ အမျိုးသမီးတွေအပြင် အမျိုးသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးဦးရေဟာ သိသိသာသာကို ပိုမိုများပြားခဲ့ပြီး စုစုပေါင်းလူဦးရေ (၂)သောင်းကျော်လောက် ဒီပွဲကို ဆင်နွှဲခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်မှာလည်း ရေကူးဝတ်စုံနဲ့ လူအများဆုံး နှင်းလျှောစီးတဲ့ ပွဲတော်အဖြစ် မှတ်တမ်းဝင်သွားပါပြီ။ ရေးကူးဝတ်စုံလေးဝတ်ပြီး နှင်းတောင်ပေါ်မှာ မချမ်းသလိုပုံစံနဲ့ ပျော်ရွှင်နေ တဲ့ ရုရှားလှပျိုဖြူလေးတွေရဲ့ ပုံတွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

READ
Singleဘဝကိုပဲနှစ်သက်နေတယ်ဆိုတာ သေချာစေတဲ့လက္ခဏာရပ်များ

Daily Mail
DailyMail

Ref : Dailymail / 9gag

SHARE