ကြိုးဝိုင်းထဲက အလှပြမော်ဒယ်လေးကို ငမ်းနေတဲ့ လက်ဝှေ့သမားရဲ့ဗီဒီယို နာမည်ကြီးနေ

Bilal Fawaz/Facebook

အင်္ဂလန်နိုင်ငံက Semi Pro လက်ဝှေ့သမားတစ်ယောက်ဖြစ်တဲ့ ဘီလယ် ဖာဝက်ဇ် ကတော့ လက်ဝှေ့ထိုးသတ်မှုကြောင့် နာမည်မကြီးပဲ ကြိုးဝိုင်းထဲက ဗီဒီယိုတစ်ခုကြောင့် ပိုပြီးတော့ နာမည်ကြီးလာခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ ဖာဝက်ဇ် ရဲ့ ဗီဒီယိုဖိုင်လေးက လူပြောအများဆုံးဖြစ်နေခဲ့ပြီး ကြည့်ရှုသူတွေအတွက် ရယ်စရာဖြစ်စေခဲ့တာပါ။

Bilal Fawaz/Facebook

အင်္ဂလန်ရဲ့အပျော်တမ်းလိုက်မစ်ဒယ်ဝိတ်ချန်ပီယံဆုကို ဆွတ်ခူးထားခဲ့တဲ့ ဖာဝက်ဇ်ဟာ ပြီးခဲ့တဲ့ လအတွင်းက လက်ဝှေ့ပွဲတစ်ခုကို ထိုးသတ်ခဲ့ပြီး အဲဒီပွဲမှာ ပြိုင်ဖက်လက်ဝှေ့သမားကို ရှုံးနိမ့်ခဲ့တာပါ။

ဒါပေမယ့် အဲဒီပွဲ မစတင်မှီ ကြိုးဝိုင်းထဲမှာ လက်ဝှေ့သမားတွေ နေရာယူနေကြချိန် ၊ ကြိုးဝိုင်းထဲက အချီအရေအတွက်ကို ဖော်ပြပေးတဲ့အလှပြမော်ဒယ်လေးကို ဖာဝက်ဇ်က သတိထားမိသွားခဲ့တာပါ။

ဗီဒီယိုဖိုင်ထဲမှာတော့ တင်ပါးလှုပ်ပြီးလျှောက်နေတဲ့ မော်ဒယ်မလေးကိုကြည့်ရင်း ဖာဝက်ဇ်တစ်ယောက် သဘောတွေကျနေခဲ့တာကိုတွေ့ရမှာပါ။ သူက သူ့နံဘေးမှာရှိနေတဲ့နည်းပြကိုတောင် လက်တို့ပြီး ပြလိုက်သေးတယ်။ အဲဒီကောင်မလေး ဘယ်လောက်မိုက်တယ်ဆိုတဲ့အကြောင်းကိုပေါ့။

READ
သာမန်ထဲက ထူးထူးခြားခြား ကွဲထွက်နေတဲ့ အိုင်ဒီယာအလန်းနဲ့ တက်တူးများ
Bilal Fawaz/Facebook

တကယ်တမ်းထိုးသတ်ရတဲ့အချိန်ရောက်တော့ ဖာဝက်ဇ်တစ်ယောက် ပြိုင်ဖက်ကို အရှုံးပေးလိုက်ရပါတယ်။

သူ့ရဲ့ပရိသတ်တွေက ဖာဝက်ဇ်ဟာ ပွဲမတိုင်မှီမှာ ဒါမျိုးတွေ လုပ်ခဲ့တာကြောင့် ကောင်းကောင်းမထိုးသတ်နိုင်တာလို့ မှတ်ချက်ပေးနေကြတယ်။

အဲဒီ ဗီဒီယိုကြောင့်ပဲ ဖာဝက်ဇ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပိုလို့ လူသိများလာခဲ့တာပါ။

အသက် (၁၄)နှစ်အရွယ်ကတည်းက အင်္ဂလန်နိုင်ငံကိုရောက်နေခဲ့တဲ့ ဖာဝက်ဇ်ဟာ နိုင်ငံကိုယ်စားပြုလက်ဝှေ့သမားအဖြစ် (၆)ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် အခုအချိန်မှပဲ ပိုပြီး လူသိများလာခဲ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

Linn

Source : TheGuardian / Facebook

SHARE