ဘ၀မှာ နောင်တအရဆုံး အမှားကြီးတစ်ခုကို ဖွင့်ထုတ်ပြောလိုက်တဲ့ ဘီလ်ဂိတ်

Shutterstock/ JStone

အခုခေတ်မှာ Android နဲ့ iOS တို့ဟာ ကမ္ဘာတစ်ဝှမ်းမှာ အသုံးများဆုံး OS တွေ ဖြစ်နေပါပြီ။ iOS ကိုတော့ Apple ဖုန်းတွေမှာသာ အသုံးပြုလို့ရနိုင်ပေမယ့် Android OS ကတော့ Apple မဟုတ်တဲ့ စမတ်ဖုန်းတိုင်းလိုလိုမှာ အသုံးပြုနေကြတာ ဖြစ်ပါတယ်။ အချို့လူတွေက စမတ်ဖုန်းလောကမှာ Android နဲ့ iOS နှစ်မျိုးပဲ ရှိတယ်လို့ ထင်ကြမှာပါ။ ဒါပေမယ့် စမတ်ဖုန်းလောကမှာ မိုက်ကရိုဆော့ဖ်ကလည်း သူ့ကိုယ်ပိုင် OS နဲ့  Windows ဖုန်းတွေ ထုတ်လုပ်ခဲ့ပါသေးတယ်။ မအောင်မြင်ခဲ့တာကြောင့် (၂၀၁၇) ခုနှစ်မှာ Windows 10 မှာတင် ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ မိုက်ကရိုဆော့ဖ်အတွက် ကြီးမားတဲ့ သက်ရောက်မှုကြီးကို ဖြစ်စေခဲ့တာပါ။

Shutterstock/ Volodymyr Kyrylyuk

မိုက်ကရိုဆော့ဖ်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဘီလ်ဂိတ်ကတော့ သူ့ဘ၀ရဲ့ အကြီးမားဆုံးနဲ့ သူနောင်တအရဆုံး အမှားကြီးတစ်ခုဟာ Google ကို Android တီထွင်ဖန်တီးခွင့်ပေးလိုက်တာပါပဲလို့ ဆိုပါတယ်။ ဒီအကြောင်းတွေကိုတော့ ၀ါရှင်တန်မြို့က နာမည်ကျော် Economic Club ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

READ
ခွေးထီးကိုတောင် အလွတ်မပေးသူကို အရေးယူဖို့ တိုင်တန်းခဲ့တဲ့ ပိုင်ရှင်အမျိုးသမီး

တစ်ချိန်က မိုက်ကရိုဆော့ဖ်ဟာ စမတ်ဖုန်းတွေ ခေတ်မစားခင် Window based ပီစီတွေ၊ လက်ပ်တော့တွေ ဖန်တီးထုတ်လုပ်မှုမှာ အားသာနေခဲ့တာပါ။ သူ့အနေနဲ့ Apple iOS မဟုတ်တဲ့ ပလတ်ဖောင်းကို တီထွင်မယ်ဆိုရင် ကောင်းကောင်းတီထွင်လို့ ရခဲ့တဲ့အနေအထားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မိုက်ကရိုဆော့ဖ်ဟာ စမတ်ဖုန်း OS ဖန်တီးမှုကို ဖိဖိစီးစီးမလုပ်ခဲ့တာကြောင့် Google ဟာ အားသာသွားခဲ့ပါတယ်။ နောက်ပိုင်းကျတော့ မိုက်ကရိုဆော့ဖ်ဟာ Window OS နဲ့ ဖုန်းတွေထပ်ထုတ်ခဲ့ပေမယ့် ရှေ့ရောက်နေပြီးဖြစ်တဲ့ Android ကို မယှဉ်နိုင်တော့ပဲ စမတ်ဖုန်းဈေးကွက်မှာ ပြိုလဲခဲ့ရတာ ဖြစ်ပါတယ်။

Shutterstock/ Frederic Legrand – COMEO

သူ့မှာ လုပ်နိုင်အားလည်း ရှိခဲ့တယ်၊ နည်းပညာလည်း ရှိခဲ့ပေမယ့် သူ့ရဲ့တွေးခေါ်ဆင်ခြင်မှုမှားယွင်းခဲ့တဲ့အတွက် မိုက်ကရိုဆော့ဖ်ဟာ နောက်ကျကျန်ခဲ့ရတယ်လို့ ဘီလ်ဂိတ်က အင်တာဗျူးတစ်ခုမှာ နောင်တရစွာ ပြောပြခဲ့တာပါ။ ဘီလ်ဂိတ်ဟာ အလုပ်နဲ့ ပတ်သက်လို့ အလုပ်ကို တန်ဖိုးထားလေးစားသူလည်း ဖြစ်ပါတယ်။ အလုပ်လုပ်ရာမှာ အလုပ်ပင်ပန်းလို့ အနားယူတာတွေ၊ အားလပ်ရက်ခရီးထွက်တာတွေကို သူဟာ ယုံကြည်သူမဟုတ်ကြောင်းလည်း သိရပါသေးတယ်။

READ
ဥပဒေက လွတ်နေတဲ့မုဒိမ်းသမားကို ဒေါသထွက်နေတဲ့လူအုပ်ကြီးက အသေရိုက်နှက်ခဲ့

လင်းလင်း (ShweMom)

SHARE