အနာဂတ်မှာ အောင်မြင်ဖို့ ရှိသင့်တဲ့ အရည်အချင်းတစ်ခုအကြောင်း ပြောပြခဲ့တဲ့ Bill Gates

[email protected]

ကမ္ဘာကျော်သူဌေးကြီး Bill Gates ကိုတော့ လူတိုင်းနီးပါးသိကို သိရမယ့် လူတစ်ယောက်ပါပဲ။ ဘာကြေင့်လဲဆိုတော့ ဘဝကို သုညကစခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းဝင်အောင် လုပ်နိုင်ခဲ့တဲ့လူတွေထဲမှာ Bill Gates လဲ အပါအဝင်ဖြစ်ပါတယ်။ အခုလည်း Bill Gates ဟာ မနှစ်က ပြုလုပ်ခဲ့တဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲတစ်ခုမှာ ဒီခေတ်လူငယ်တွေ အနာဂတ်မှာ ကောင်းစားဖို့အတွက် ဘာလုပ်သင့်သလဲဆိုတဲ့ အကြောင်းအရာကို အလေးအနက်ထားပြီး ပြောကြားခဲ့ကြောင်း INC သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အမေရိကန်နိုင်ငံ၊ Washington ပြည်နယ်၊ Seattle မြို့မှာရှိတဲ့ Bill Gates ရဲ့ ငယ်ငယ်တုန်းက တက်ခဲ့တဲ့ Lakeside School ဆိုတဲ့ ကျောင်းရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်က အဲဒီစာသင်ကျောင်းမှာ ကျောင်းသားဟောင်းတွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ရာ အဲဒီကျောင်းသားဟောင်းတွေ့ဆုံပွဲကို Bill Gates ကိုယ်တိုင်တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီအချိန်မှာ အဆိုပါကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးဖြစ်သူ Bernie Noe က Bill Gates ကို မေးခွန်းတစ်ခုထမေးခဲ့ပါတယ်။

အဲဒီမေးခွန်းကတော့ ဒီခေတ်လူငယ်တွေ လာမယ့် အနာဂတ်ကာလဖြစ်တဲ့ ၂၀၃၀ ခုနှစ်နဲ့ ၂၀၄၀ ခုနှစ်တွေမှာ ကောင်းစားဖို့အတွက် အခုအချိန်ထဲက ဘာတွေ ကြိုတင်ပြင်ဆင်ပြီး ဘာတွေလုပ်သင့်သလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ မေးခွန်းဟာ နက်နဲသလောက် Bill Gates ရဲ့ အဖြေကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် အဲဒီရိုးရှင်းတဲ့ အဖြေဟာ လိုက်လုပ်ဖို့အတွက် အရမ်းခက်ခဲသလို ရေရှည်သွားရမယ့် အကျင့်တစ်ခုဖြစ်တာကြောင့် စိတ်ရှည်ပြီး ကိုယ်ကိုယ်တိုင်လဲ လိုက်နာနိုင်မှ အဆင်ပြေမှာပါ။ Bill Gates ရဲ့ အဖြေကတော့ ကိုယ်သိလို တတ်လို စူးစမ်းလိုတဲ့အရာမှန်သမျှကို Online ပေါ်မှာ အစဉ်မပြတ် လေ့လာနေတဲ့ အလေ့အကျင့်ရှိဖို့ပဲ ဖြစ်ပါတယ်။

“ဒီခေတ်မှာ Internet ကို လူတိုင်းသုံးတတ်နေပါပြီ။ ဒါပေမယ့် လူ(၁၀၀) မှာ အယောက် (၉၀) ကျော်လောက်က အကျိုးမရှိစွာ အသုံးချနေတာကို စစ်တမ်းတွေအရ ကျွန်တော်သိပြီးသားပါ။ နေ့တိုင်း ကိုယ်မသိတဲ့အကြောင်းအရာတွေဆိုတာ အများကြီးပါ။ ကိုယ်ကိုယ်တိုင် Online ပေါ်မှာ ရှာဖွေပါ။ လူတစ်ယောက်ကို မသိလို့ သင်ပေးတာက မေ့ကောင်းမေ့နိုင်တယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် မသိတဲ့အရာတစ်ခုကို ကိုယ့်ဟာကိုယ်သိအောင်လုပ်ပြီး ရလာတဲ့ သိရှိမှုက ဘယ်တော့မှ မေ့မသွားပါဘူး။ ဒါ့ကြောင့် အနာဂတ်မှာ ကောင်းစားချင်တယ်ဆိုရင် အခုကတည်း ကိုယ်မသိတာ မတတ်တာတွေကို Online ပေါ်မှာ ကိုယ့်ဟာကိုယ် ရှာဖွေလေ့လာသင်ယူတာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါပဲ” လို့ Bill Gates က ပြောကြားခဲ့ပါတယ်။

READ
Pre-wedding ဓာတ်ပုံမရိုက်ခင် သိထားသင့်တဲ့အချက်တွေ

Pyi Hein Kyaw

SHARE