ကိုဗစ်ကပ်ဆိုး ရှိနေသေးသော်လည်း ကျောင်းတွေဖွင့်သင့်ကြောင်း သူဌေးကြီး ဘီလ်ဂိတ်အကြံပြု

Instagram/BillGates

ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ကတော့ ကိုဗစ်ကပ်ဆိုးနဲ့ ကြုံနေရသော်လည်း ကျောင်းတွေ ပြန်ဖွင့်သင့်တယ်လို့ ထင်မြင်ချက်ပေးလိုက်ပါတယ်။ ဂိတ်ရဲ့ယူဆချက်မှာတော့ ဒီကနေ ထူးခြားတဲ့ အကျိုးရလဒ်တွေ ရလာနိုင်ကြောင်း ဆိုထားပါတယ်။

သမ္မတထရမ့်ကလည်း ဒီမတိုင်ခင်က အခုလို မှတ်ချက်မျိုး ပေးခဲ့ဖူးတာကြောင့် ဘီလ်ဂိတ်အနေနဲ့ ဒီနေရာမှာ ထရမ့်နဲ့ ရပ်တည်ချက်တူညီတယ်လို့ ဆိုရမှာပါ။ ဂိတ်က ကျောင်းသားမောင်မယ်တွေအတွက် ကျောင်းကို ပြန်သွားရေးဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အရေးကြီးတယ်လို့ သူက ဆိုတာပါ။

ဂိတ်က ပြီးခဲ့တဲ့ ဇူလိုင်(၃၀)ရက်က သတင်းမီဒီယာနဲ့ တွေ့ဆုံစဉ်မှာ“ ကျွန်တော်က လူငယ်တွေအတွက်၊ နောက်ပြီး နေရာတိုင်းရဲ့ အားသာချက်တွေအပေါ်မှာ အလွန်ယုံကြည်သူတစ်ယောက်ပါ … အထူးသဖြင့် ဆရာတွေကို ကောင်းကောင်း ကာကွယ်ပေးနိုင်မယ်ဆိုရင် ရလာမယ့်အကျိုးကျေးဇူးတွေက ကုန်ကျစာရိတ်ထက် သာလွန်မှာပါ ”လို့ ပြောပါတယ်။

သို့သော်လည်း အရွယ်ကြီးကြီး ကျောင်းသားတွေအတွက် ကျောင်းတွေဆီပြန်သွားဖို့ဆိုတာ ပိုပြီးရှုပ်ထွေးမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ သူက “ တကယ်လို့ ခင်ဗျားက အရွယ်နည်းနည်း ပိုကြီးနေမယ် … (၁၃)နှစ် ဒါမှမဟုတ် ဒီထက်ပိုပြီး ကြီးနေမယ်ဆိုရင် ခင်ဗျားအနေနဲ့ အထက်တန်းကျောင်းတွေနဲ့ ဘာဆက်လုပ်ရမလဲဆိုတာ ကိုယ့်ရဲ့ပင်ရင်းဒေသကို ကြည့်ဖို့လိုပါတယ် အဆင်မပြေဘူးဆိုရင်တော့ အွန်လိုင်းသင်ခန်းစာတွေနဲ့ ကြီးမားတဲ့ကြိုးစားအားထုတ်မှုတွေနဲ့ သွားသင့် သွားရမှာပေါ့ ”လို့ ပြောပါတယ်။

 

သမ္မထရမ့်က ကျောင်းတွေကို စက်တင်ဘာအမီမှာ ပြန်ဖွင့်မယ်လို့ မှတ်ချက်ပေးခဲ့ပြီး၊ ကိုဗစ်ကြောင့် ကျောင်းသားတွေရဲ့ ပညာရေးနှောင့်နှေးတာမျိုးဟာ မဖြစ်သင့်ဘူးလို့ သူက ပြောခဲ့ပါတယ်။ Centers for Disease Control and Prevention ကလည်း ကျောင်းတွေဆီကို ညွှန်ကြားချက်တွေ ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

 

 

View this post on Instagram

 

For my holiday reading list this year, I chose five books I loved in 2019 that I think you’ll also enjoy reading.

A post shared by Bill Gates (@thisisbillgates) on

နယူးယောက်ခ်မြို့တော်ဝန် Bill de Blasio ကလည်း လာမယ့်စက်တင်ဘာ (၁၀)ရက်မှာ အိမ်နဲ့ကျောင်းနဲ့ နှစ်လမ်းသွား ပညာရေးစနစ်ကိုကျင့်သုံးဖို့ တိုက်တွန်းခဲ့ရာ၊ လွတ်တော်အမတ် Jumaane Williams ကတော့ ကျောင်းတွေကို အေးအေးဆေးဆေးမှ ပြန်ဖွင့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

လင်းသူရိန်

SHARE