Billboard မှာ ရေပန်းအစားဆုံး သီချင်း(၁၀)ပုဒ် (January 18, 2020)

Image:Youtube/screenshot

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ Billboard  မှာ ဘယ်လိုသီချင်းတွေက ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့လဲ ဆိုတာ ကို Shwemom စာဖတ်သူတွေ အတွက် ဖော်ပြ ပေးချင်ပါတယ်။ ပရိသတ်အကြိုက် သီချင်းတွေ ရော ပါရဲ့လား၊ ဘယ်သီချင်းကို အကြိုက်ဆုံးလဲ ဆိုတာ ပြောခဲ့အုံးနော်..။

(10)Lose You to Love Me

“Lose You to Love Me” ဆိုတဲ့ သီချင်းကတော့ ပရိသတ်ကြားမှာ အရမ်းအရမ်းကို ရေပန်းစားခဲ့တဲ့ သီချင်းလေးပါ။ Selena Gomez ရဲ့ သီချင်းလေး ဖြစ်ပြီး October 23, 2019 က ထွက်ရှိလာခဲ့တာပါ။ အချစ်ဟောင်းကို မမေ့နိုင် သေးသူတွေ အတွက် Feel လို့ ကောင်းတဲ့ သီချင်းလေးပါ။

(9)”Roxanne”

“Roxanne” ဆိုတဲ့ သီချင်းက တော့ အ မေ ရိကန် အဆိုတော် ၊တေးရေး၊ ရက်ပ်ပါ Arizona Zervas ရဲ့ သီချင်းလေးပါတယ်။ October 10, 2019 က ထွက်ရှိခဲ့တာပါ။ Roxanne ဆိုတာကတော့ အရမ်း Hot အရမ်းညှို့ အားပြင်းတဲ့ ကောင်မလေး မျိုးဆိုပြီး အဓိပ္ပါယ်ရပါတယ်။

READ
အိချောပိုနဲ့ အတူ ရုပ်ရှင်ကား ရိုက်ကူးမယ့် မစ်ကီ

(8)Good As Hell

Good As Hell ဆိုတဲ့ သီချင်းလေးကတော့ Lizzo  သီဆိုထားတဲ့ သီချင်းလေးပါ ။အမေရိကန် ရက်ပ်ပါ တေးရေး  အဆိုတော် Lizzo ရဲ့  သီချင်းကောင်းလေးပါ။

(7)Dance Monkey

“Dance Monkey” ဆိုတဲ့ သီချင်းကတော့ သြစတြေးလျ အဆိုတော် Tones and I ရဲ့ သီချင်းပါ။ (၂၀၁၉) မေ မှာ ထွက်ရှိခဲ့တာပါ။

(6)Someone You Loved

“Someone You Loved” ကတော့  Lewis Capaldi ရဲ့ သီချင်းလေးပါ။ 8 November 2018 က ထွက်ရှိခဲ့တာပါ။

(5)10,000 Hours

Dan + Shay, Justin Bieber  တို့ သီဆိုထားတဲ့ သီချင်းလေးပါ။ JB နဲ့ သူ့ရဲ့ ဇနီးချောလေး ပါဝင် သရုပ်ဆောင်ထားပါတယ်။ ကိုယ်ချစ်ရတဲ့ ကောင်မလေးနဲ့ ပတ်သက်လာရင် အကုန်လုံးကို သိချင်နေပါတယ် ဆိုတဲ့ အရမ်းကို နားထောင် လို့ ကောင်းတဲ့ အချစ်သီချင်းလေးပါ။

READ
Liu Yifei အကြောင်း သင်မသိသေးတဲ့ အချက်(၁၃)ချက်

(4)Memories

“Memories” ကိုတော့ အ မေရိကန်  pop rock band Maroon 5 က သီဆိုထားတာပါ။ ဒီသီချင်းလေး ကတော့  September 20, 2019 က ထွက်ရှိခဲ့တာပါ။ Everybody hurts sometimes ..Everybody hurts someday, ay ay … But everything gon’ be alright.. ဆိုတဲ့ သီချင်းစာသားလေးတွေ ကတော့ ကြားရသူတိုင်းကို စိတ်အားတက်စေမယ့် သီချင်းကောင်းလေးပါ။

(3)Circles

Post Malone  ရဲ့ သီချင်းလေးပါ။ September 3, 2019 မှာ mv ထွက်ရှိခဲ့တာပါ။

(2)Yummy

“Yummy” ကတော့ Justin Bieber ရဲ့ သီချင်းသစ်လေးပါ။ January 3, 2020 ကမှ ထွက်ထားတာပါ။

(1)The Box

ရက်ပ်ပါ အဆိုတော် Roddy Rich ရဲ့ သီချင်းလေးပါ။

Source:billboard

SHARE