Billboard Music Awards 2017 သို့တက်ရောက်ခဲ့တဲ့ Cele တို့ရဲ့ Fashion များ

နှစ်စဉ်နှစ်တိုင်း Celebrity တွေရဲ့ Fashion အဆန်းအပြားတွေနဲ့သတင်းမွှေးခဲ့တဲ့ Billboard Music Awards ပွဲဟာ 2017 မှာလည်းရိုးရာမပျက်ခဲ့ပါဘူး။ 71 နှစ်ရှိပြီဖြစ်တဲ့ Cher ရဲ့အနက်ရောင်ကိုယ်ကျပ်ဝတ်စုံအစ၊ Rita Ora ရဲ့ bum-baring skirt(အောက်ပိုင်းဖော် skirt) နဲ့ Miley Cyrus ရဲ့ပေါ့ပေါ့ပါးပါးဝတ်စုံအဆုံးဆန်းပြားလို့နေပါတယ်။ ဒီပွဲကိုတက်ရောက်ခဲ့တဲ့ Cele တွေထဲကမှဆန်းပြားတဲ့ပွဲတက်ဝတ်စုံတွေဝတ်ဆင်ခဲ့ကြတဲ့ Cele တွေကတော့….

1) Cher


If I Could Turn Back Time သီချင်းကိုသီဆိုဖျော်ဖြေဖို့အတွက် Cher ဟာ 1989 တုန်းကဝတ်ခဲ့ဖူးတဲ့ဝတ်စုံနဲ့ဆင်တူတဲ့အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကိုဝတ်ဆင်ခဲ့ပြီး၊

နောက်သီချင်းတစ်ပုဒ်မှာတော့ရင်သားကို Sticker ကပ်လျက်ကျိုးတိုကျဲတဲကြိုးတွေနဲ့ငွေရောင်ဝတ်စုံကိုဝတ်ဆင်ခဲ့ပါတယ်။

2) Nicki Minaj


Nicki Minaj ကတော့Chain ကြိုးအပြည့်နဲ့အမည်းရောင်မှန်နိုင်လွန်သားဝတ်စုံကိုဝတ်ဆင်ခဲ့ပါတယ်။

READ
Cosplay အ၀တ်အစားကြောင့် ဝေဖန်ပြောဆိုခံခဲ့ရတဲ့ Beery Good အဖွဲ့ ရဲ့ Johyun

3) Vanessa Hudgens

Host အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့တဲ့ Vanessa ကတော့ဒီပွဲမှာ ဝတ်စုံအများဆုံးပြောင်းလဲအဝတ်နိုင်ဆုံးအဖြစ်စံချိန်တင်သွားသူပါ။
Vanessa ကတော့ပထမဆုံးအနေနဲ့ ဖဲပြားပွင့်ဝတ်စုံကိုဝတ်ဆင်ခဲ့ပါတယ်။
ဒုတိယအနေနဲ့ ဆန်းပြားတဲ့ Patern တွေနဲ့လှပတဲ့ဝတ်စုံကိုပြောင်းလဲဝတ်ဆင်ခဲ့ပြီး၊
တတိယဝတ်စုံအဖြစ် အနီရောင်ဂါဝန်ရှည်ကိုလဲဝတ်ခဲ့ပါတယ်။
Stage ပေါ်မှာဖျော်ဖြေတင်ဆက်တဲ့အခါမှာတော့ Vanessa ဟာလက်လက်ထနေတဲ့ sequin သားငွေရောင်ဝတ်စုံနဲ့ခေါင်းစွပ်ကိုဝတ်ဆင်ခဲ့ပါတယ်။

4) Hailee Steinfeld

Hailee ရဲ့ညို့အားပြင်းတဲ့မျက်ဝန်းတွေနဲ့ ငွေရောင်ချောသားကိုအမည်းရောင်အတွင်းခံထားတဲ့ဝတ်စုံဟာလည်းလိုက်ဖက်လို့နေပါတယ်။

5) Miley Cyrus

Miley ကတော့အဖြူရောင်အမွှေးပွကုတ်အင်္ကျိရှည်ကို အမည်းရောင်ခါးပတ်ပတ်လို့ဝတ်ဆင်ခဲ့ပါတယ်။ ဒီဝတ်စုံဟာ Miley ဝတ်ဖူးသမျှထဲမှာအလုံခြုံဆုံးဝတ်စုံလို့ဆိုနိုင်ပါတယ်။
Malibu သီချင်းနဲ့သီဆိုဖျော်ဖြေချိန်မှာတော့ Miley ဟာအဖြူရောင်​Off-shoulder အင်္ကျီ၊ အဖြူရောင်ဘောင်းဘီတိုနဲ့ cowboy ဦးထုပ်ကိုဝတ်ဆင်ထားပါတယ်။

6) Rita Ora

Rita ကတော့ Francesco Scognamiglio ကဆင်ပေးထားတဲ့အဖြူရောင်ကိုယ်ကျပ်ဝတ်စုံနဲ့မှန်သား skirt ကိုဝတ်ဆင်လျက်​Giuseppe Zanotti heels နဲ့ထင်ရှားလို့နေပါတယ်။

READ
ဒစ်စနေးကာတွန်းကားထဲက မင်းသမီးလေးတစ်ပါးလို လှလွန်းနေတဲ့ မိုးစက်ဝိုင်

7) Nicole Scherzinger

Nicole တစ်ယောက်ကတော့ ဇာဖက်တွေနဲ့လိမ္မော်ရောင်ဝတ်စုံကို Sexy ကျကျဝတ်ခဲ့ပါတယ်။

8) Gwen Stefani

Presenter အဖြစ်ပါဝင်တင်ဆက်ခဲ့တဲ့ Gwen ကတော့ရွှေရောင်​mini-dress ​လေးကိုဝတ်ဆင်ခဲ့ပါတယ်။

9) Kate Beckinsale


Kate တစ်ယောက်ကတော့ရိုးရိုးလေးနဲ့ဆန်းနေတဲ့ မီးရှူးမီးပန်းအကွက်တွေနဲ့ Dress ကိုဝတ်ဆင်ခဲ့ပါတယ်။

10) Z Lala

အဆိုတော်​Lala တစ်ယောက်ကတော့အဖြူနဲ့အမည်းဖောက်စပ်ထားတဲ့အကွက်တွေနဲ့ရာဘာဝတ်စုံကိုဝတ်ဆင်ထားပါတယ်။ဆံပင်ကိုလည်းဧရာမအလုံးပုံစံလုပ်လျက်ထူးထူးဆန်းဆန်းပြင်ဆင်ထားပါတယ်။

11)Dencia

အဆိုတော်Dencia ကတာ့ပျားသလပ်နဲ့တူနေတဲ့အဝါရောင်ခေါင်းစွပ်ကိုဝတ်လျက်အဝါကွက်တွေနဲ့အမည်းရောင်ကိုယ်ကျပ်ကိုဝတ်ဆင်ထားပါတယ်။

Grinny (Shwemom)

Source: Glamour magazine

SHARE