ဇန်နဝါရီလ ပထမပတ်အတွင်း BILLBOARD TOP TEN ဝင်တေးသီချင်းကောင်းများ

နိုင်ငံတကာသီချင်းတွေကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ၂၀၁၉ ခုနှစ်ရဲ့ ပထမဆုံးအပတ်မှာ BILLBOARD TOP TEN ဝင် နိုင်ငံတကာ သီချင်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို အကြိုက်ဆုံးလဲ ပရိသတ်ကြီးရေ။ နံပါတ် ၁၀ ကနေစပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။

10.Burl Ives – A Holly Jolly Christmas

ဒီသီချင်းလေးတော့ BILLBOARD TOP TEN ထဲကို အသစ်ဝင်လာတဲ့ သီချင်းလေးဖြစ်ပါတယ်။ အရင်အပတ်ကတော့ နံပါတ် ၁၀ နေရာမှာMaroon 5 ရဲ့ Girls Like You သီချင်းရှိနေခဲ့တာဖြစ်ပါတယ်။

9.BRENDA LEE – Rockin’ Around the Christmas Tree

ဒီခရစ်စမတ်သီချင်းလေးကလည်း BILLBOARD TOP TEN ထဲကို အသစ်ဝင်လာတဲ့ သီချင်းလေးဖြစ်ပါတယ်။

8.Jingle Bell Rock / Bobby Helms 1957

ခရစ်စမတ်ကာလပြီးတဲ့ နောက်မှာလည်း အရင်ကတည်း နာမည်ကျော်ခဲ့တဲ့ ခရစ်စမတ် သီချင်းကောင်းတွေကတော့ BILLBOARD TOP TEN ထဲမှာ နေရာယူနေဆဲဖြစ်ပါတယ်။

READ
ခပ်မိုက်မိုက်ပုံလေးတွေနဲ့ ပရိသတ်တွေရဲ့ အကြည့်တွေကို ဖမ်းစားလိုက်ပြန်တဲ့ မိုးမြင့်သဇင်

7.Marshmello ft. Bastille – Happier

ကာလာ အတော်ကြာ BILLBOARD TOP TEN ထဲမှာ ရှိနေတဲ့ သီချင်းကောင်းလေးပါ။ အရင်အပတ်ကတော့ နံပါတ် ၄နေရာမှာ ရှိနေတာဖြစ်ပါတယ်။

6.Panic! At The Disco – High Hopes

ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၅နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

5.Post Malone, Swae Lee – Sunflower

အရင်အပတ်က နံပါတ် ၇နေရာမှာ ရှိနေခဲ့တဲ့ ဒီသီချင်းကတော့ နံပါတ် ၅နေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။

4.Travis Scott – SICKO MODE ft. Drake

ဒီသီချင်းကလည်း BILLBOARD TOP TEN ထဲမှာ ရှိနေတာ တော်တော်လေးကြာပါပြီ။ အရင်အပတ်ကတော့ နံပါတ် ၃နေရာမှာ ရှိနေခဲ့ပါတယ်။

READ
အမိုက်စား ခရီးသွားပုံရိပ်လေးတွေ ထပ်တင်လိုက်တဲ့ နွယ်နွယ်ထွန်း

3.Mariah Carey – All I Want For Christmas Is You

ခရစ်စမတ်မရောက်ခင် အပတ်ထဲမှာ BILLBOARD TOP TEN ကို ဝင်လာခဲ့တဲ့ ဒီသီချင်းဟောင်းလေးကတော့ အခုအချိန်အထိ BILLBOARD TOP TEN မှာ ရှိနေဆဲပါ။

2.Halsey – Without Me

အရင်အပတ်က နံပါတ် ၂ နေရာမှာ ရှိခဲ့တဲ့ ဒီသီချင်းက ဒီအပတ်မှာလည်း နံပါတ် ၂ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

1.Ariana Grande – thank u, next

နံပါတ် ၁ နေရာကို Ariana ရဲ့ “thank u, next” က ဆက်ပြီးတော့ အပိုင်သိမ်းထားဆဲဖြစ်ပါတယ်။

Source: Billboard

SHARE