ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း Billboard Top Ten ဝင် သီချင်းကောင်းများ

youtube

ဒီကနေ့မှာတော့ Shwemom ပရိသတ်တွေအတွက် ဒီဇင်ဘာလ စတုတ္ထပတ်အတွင်းမှာ Billboard Top Ten ဝင်နေတဲ့ နာမည်ကျော် သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဒီအပတ်မှာရော ဘယ်သီချင်းတွေက Billboard မှာ နေရာယူထားလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

10. A Holly Jolly Christmas

ခရစ်စမတ်ကာလဖြစ်တာကြောင့် ၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ Michael Buble’ ရဲ့ ဒီသီချင်းလေးကတော့ Billboard Top Ten ထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။ မြူးမြူးကြွကြွနဲ့ ခရစ်စမတ်အရသာကို အပြည့်အဝပေးနိုင်တဲ့ သီချင်းကောင်းလေးဖြစ်ပါတယ်။

9. Dance Monkey

ဒီသီချင်းကိုတော့ Tones And I ကသီဆိုထားတာဖြစ်ပြီး တစ်ခေါက်နားထောင်တာနဲ့ နားထဲစွဲစေမယ့် သီချင်းမျိုးပါ။

8.Lucid Dream

ဒီသီချင်းကတော့ Billboard Top Ten ထဲမှာ ရှိနေတာ လနဲ့ချီနေပြီဖြစ်ပါတယ်။ ဒီအပတ်မှာတော့ နံပါတ် ၈နေရာမှာ ရှိနေပါတယ်။

READ
လှပခမ်းနားလွန်းတဲ့ ဗယ်လင်တိုင်းဒေးစပရိုက်ကို ရရှိခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

7. Memories

သီချင်းချစ်သူတွေ ပါးစပ်ဖျားမှာ မချနိုင်ဖြစ်နေတဲ့ Maroon 5 ရဲ့ ဒီသီချင်းကတော့ နံပါတ် ၇ နေရာမှာ ရောက်ရှိနေပါတယ်။

6. Roxanne

ဒီသီချင်းကတော့ Arizona Zervas သူ့ကို ပြန်မကြိုက်တဲ့ ကောင်မလေးကို ရွဲ့ပြီးပြန်ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

5. Good As Hell

Lizzo ရဲ့ Good As Hell ကတော့ Billboard Top Ten ထဲမှာရှိနေတာ ရက်သတ္တပတ်အတော်လေးကြာပါပြီ။

4. Someone You loved

ဒီသီချင်းကတော့ Billboard Top five ထဲမှာ ရှိနေတာ အတော်ကြာပြီဖြစ်ပြီး ဒီအပတ်မှာတော့ နံပါတ် ၄နေရာမှာ ရှိနေတာဖြစ်ပါတယ်။

3. Rokin’ Around The Christmas Tree

ဒီသီချင်းလေးကတော့ 2000 ခုနှစ်မတိုင်ခင်ကတည်းက ထွက်ခဲ့တာဖြစ်ပြီး ယနေ့တိုင် ခရစ်စမတ်ကာလရောက်တိုင်း နားဆင်နေကြဆဲဖြစ်ပါတယ်။

READ
ဆယ်လီမိဘတွေရဲ့ ခြေရာကိုမီကြတယ်လို့ဆိုနိုင်တဲ့ ခပ်မိုက်မိုက်သားသမီးများ

2. Circles

အရင်အပတ်တွေက နံပါတ် ၁ နေရာမှာ ရှိခဲ့တဲ့ ဒီသီချင်းကတော့ ဒီအပတ်မှာ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။

1. All I Want For Christmas Is You

ခရစ်စမတ်ရဲ့ သီချင်းလို့တောင် ဆိုလို့ရတဲ့ Mariah Carey ရဲ့ All I Want For Christmas Is You ကတော့ နံပါတ် ၁ နေရာမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

 

SHARE