ဇူလိုင်လ ဒုတိယအပတ်အတွင်း Billboard Top Ten ဝင် နိုင်ငံတကာသီချင်းကောင်းများ

youtube

ဒီကနေ့မှာတော့ သီချင်းချစ်သူ ပရိသတ်တွေအတွက် ဇူလိုင်လ ဒုတိယအပတ်အတွင်း Billboard top Ten ဝင်သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဒီအပတ်မှာတော့ နံပါတ် ၁နေရာမှာ ဘယ်သီချင်း ရှိနေလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

10.Post Malone – “Wow.”

ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၈ နေရာမှာ ရှိနေခဲ့တာဖြစ်ပြီး Billboard top Ten  မှာ အချိန်အတော်ကြာ ရှိနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

9.Chris Brown – No Guidance (Audio) ft. Drake

ဒီသီချင်းကတော့ နာမည်ကျော် အဆိုရှင်နှစ်ယောက်တွဲဖက်သီဆိုထားတာဖြစ်ပြီး အရင်အပတ်ကစပြီး Billboard top Ten ကို ဝင်လာခဲ့တာဖြစ်ပါတယ်။

8.Drake – Money In The Grave (Lyrics) ft. Rick Ross

Drake ရဲ့ သီချင်းအသစ်ကတော့ အရင်အပတ်က နံပါတ် ၇နေရာမှာ ရှိနေတာဖြစ်ပြီး ဒီအပတ်မှာတော့ နံပါတ် ၈နေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။

READ
အနုပညာလောကထဲက ပရိသတ်မသိသေးတဲ့အကြောင်းတွေကိုငိုပြီး ပြောပြလာတဲ့ ပတ်ထရစ်ရှာ

7.Dababy – Suge (Yea Yea)

ဒီသီချင်းကတော့ နံပါတ် ၉ နေရာကနေ ၇နေရာကို တက်လာခဲ့တာဖြစ်ပါတယ်။

6.Jonas Brothers – Sucker

ဒီသီချင်းကတော့ Billboard top Ten ထဲမှာ အချိန်အတော်ကြာ ရှိနေတာဖြစ်ပြီး အရင်အပတ်ကလည်း နံပါတ် ၆နေရာမှာပဲရှိခဲ့ပါတယ်။

5.Ed Sheeran & Justin Bieber – I Don’t Care

ဒီသီချင်းကတော့ စထွက်စ အချိန်ကတည်းက လူတိုင်းသဘောကျခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အရင်အပတ်ကလိုပဲ နံပါတ် ၅နေရာမှာရှိနေတာဖြစ်ပါတယ်။

4.Khalid – Talk

Billboard top fiveမှာ အမြဲရှိနေတဲ့ ဒီသီချင်းကတော့ ဒီအပတ်မှာ နံပါတ် ၄နေရာမှာ ရှိနေတာဖြစ်ပါတယ်။

READ
မြန်မာဆန်ဆန်လေးနဲ့ ကောင်မလေးတွေကို ဖမ်းစားလိုက်ပြန်တဲ့ ဖေမြိုင်နဲ့ ရစ်ချက်

3.Billie Eilish – bad guy

ဒီသီချင်းကလည်း အရင်အပတ်က နံပါတ် ၃နေရာမှာပဲ ရှိနေတာဖြစ်ပါတယ်။

2.Shawn Mendes, Camila Cabello – Señorita

ဒီသီချင်းကတော့ လက်ရှိမှာ လူကြိုက်အရမ်းများနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ဒီအပတ်မှာမှ Billboard top Tenကို ဝင်လာတဲ့ သီချင်းလေးဖြစ်ပါတယ်။

1.Lil Nas X – Old Town Road

Old Town Road သီချင်းကတော့ Billboard top Ten မှာ နံပါတ် ၁ နေရာမှာ ရှိနေတာ ရက်သတ္တပတ် အတော်လေးကြာပြီဖြစ်ပါတယ်။

source: youtube

SHARE