မတ်လပထမအပတ်အတွင်း BILLBOARD TOP TEN ဝင် နိုင်ငံတကာ သီချင်းကောင်းများ

ဒီကနေ့မှာတော့ သီချင်းချစ်သူ ပရိသတ်တွေအတွက် မတ်လ ပထမအပတ်အတွင်း ရဲ့ BILLBOARD TOP TEN ဝင်ထားတဲ့ နိုင်ငံတကာ သီချင်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီအပတ်မှာရော ဘယ်သီချင်းတွေက နံပါတ်(၁) နေရာကို ရမယ်လို့ထင်ပါလဲ..။ နံပါတ် ၁၀ နေရာကနေ စပြီး တင်ဆက်ပေးလိုက်ပါတယ်။

10.Post Malone – “Wow”

ဒီသီချင်းကတော့ နာမည်ကျော်အဆိုတော် Post Malone က သီဆိုထားတာဖြစ်ပါတယ်။ အရင်အပတ်ကလည်း နံပါတ် ၁၀ နေရာမှာ ရှိခဲ့ပါတယ်။

9.Panic! At The Disco – High Hopes

ဒီသီချင်းကတော့ အရင်အပတ်ကတည်းက နံပါတ် ၉နေရာမှာပဲရှိနေတာဖြစ်ပါတယ်။

8.Ariana Grande – break up with your girlfriend, i’m bored

မြန်မာပရိသတ်တွေကြားမှာ စနိုက်ကြော်သီချင်းလို့ နာမည်ကြီးနေတဲ့ ဒီသီချင်းကတော့ ဒီအပတ်မှာ နံပါတ် ၈နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

READ
အိမ်ထဲဝင်ခွင့်ဖို့အတွက် လူတွေလို တံခါးခေါက်လေ့ရှိတဲ့ ချစ်စရာကြောင်လေး

7.Travis Scott – SICKO MODE ft. Drake

ဒီသီချင်းကတော့ BILLBOARD TOP TEN မှာ ဝင်နေတာ တော်တော်လေးကို ကြာနေပါပြီ။ အရင်အပတ်ကလည်း နံပါတ် ၇နေရာမှာ ရှိနေခဲ့ပါတယ်။

6.Marshmello ft. Bastille – Happier

ဒီသီချင်းကတော့ နံပါတ် ၆နေရာမှာ ရှိနေတာ ၂ပတ်ဆက်တိုက်ရှိနေပါပြီ။

5.Cardi B & Bruno Mars – Please Me

BILLBOARD TOP TEN ထဲကို အသစ်ဝင်လာတဲ့ သီချင်းလေးဖြစ်ပါတယ်။

4.Ariana Grande – Thank u, next

ဒီသီချင်းကလည်း အရင်အပတ်က နံပါတ် ၄နေရာမှာပဲ ရှိနေတာဖြစ်ပါတယ်။

READ
လမ်းပေါ်က သာမန်နေရာလေးတွေကို ပျော်ရွှင်စရာများအဖြစ် ပြောင်းလဲပေးနေတဲ့ Artist တစ်ဦး

3.Post Malone, Swae Lee – Sunflower

ဒီသီချင်းကတော့ နံပါတ် ၃ နေရာမှာ ရှိနေတာ သုံးပတ်ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။

2.Halsey – Without Me

ဒီသီချင်းကတော့ နံပါတ် ၂နေရာမှာပဲ ရှိနေတာ ရက်သတ္တပတ်အတော်လေးကြာပြီဖြစ်ပါတယ်။

1. Ariana Grande – 7 rings

ဒီသီချင်းကတော့ နံပါတ် ၁နေရာမှာပဲ ဆက်လက်ပြီးတော့ ရပ်တည်နေတာဖြစ်ပါတယ်။

Source: Billboard

SHARE