ဒီကနေ့မှာတော့ သီချင်း ချစ်သူ ပရိသတ်တွေအတွက်မေလ တတိယအပတ်အတွင်း Billboard Top ten ဝင်နိုင်ငံတကာ သီချင်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီအပတ်မှာလည်း ဘယ်သူတွေရဲ့ သီချင်းတွေက နံပါတ် ဘယ်လောက်မှာ ရှိနေလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ နံပါတ် ၁၀ ကနေ စပြီး ဖေါ်ပြပေးလိုက်ပါတယ်။
10.Halsey – Without Me
ဒီသီချင်းကတော့ Billboard Top ten ထဲမှာ ရှိနေတာအတော်လေးကြာပြီဖြစ်ပြီး အရင်အပတ်ကတော့ နံပါတ် ၈နေရာမှာ ရှိနေခဲ့ပါတယ်။
9.Khalid – Talk
ဒီသီချင်းကတော့ ဒီအပတ်မှာမှ Billboard Top ten ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။
8.Taylor Swift – ME! (feat. Brendon Urie of Panic! At The Disco)
စထွက်စ အချိန်ထဲမှာ Billboard Top ten ထဲမှာ ရှိနေခဲ့တဲ့ ဒီသီချင်းကတော့ ဒီအပတ်မှာ နံပါတ် ၈နေရာမှာ ရှိနေပါတယ်။
7.Sam Smith, Normani – Dancing With A Stranger
ဒီသီချင်းကတော့ အရင်အပတ်က Billboard Top ten ထဲမှာ ရှိမနေခဲ့ပါဘူး။ဒီအပတ်မှာမှ နံပါတ် ၇နေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။
6.Post Malone, Swae Lee – Sunflower
ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၇နေရာမှာ ရှိနေခဲ့ပါတယ်။
5.Post Malone – “Wow”
ဒီသီချင်းကတော့ နံပါတ် ၆နေရာမှာ ရှိခဲ့ပြီး ဒီအပတ်မှာတော့ နံပါတ် ၅နေရာမှာ ရှိနေတာဖြစ်ပါတယ်။
4.Billie Eilish – bad guy
ဒီအပတ်မှာတော့ Billboard Top ten ရဲ့ နံပါတ် ၄နေရာကို ရောက်ရှိနေပါတယ်။
3.Jonas Brothers – Sucker
အရင်အပတ်က နံပါတ် ၄နေရာမှာ ရှိခဲ့တဲ့ ဒီသီချင်းကတော့ နံပါတ် ၃နေရာကို ရောက်ရှိနေပြီဖြစ်ပါတယ်။
2.Ed Sheeran & Justin Bieber – I Don’t Care
အသစ်ထွက်ထားတဲ့ ဒီသီချင်းလေးကတော့ နံပါတ် ၂ နေရာမှာရှိနေတာဖြစ်ပါတယ်။.
1.Lil Nas X – Old Town Road
ဒီသီချင်းကတော့ နံပါတ် ၁ နေရာမှာ ရှိနေတာ ရက်သတ္တပတ်တော်တော်လေးကြာပြီဖြစ်ပါတယ်။
Source: billboard