ဖေဖော်ဝါရီလ ပထမအပတ်အတွင်း BILLBOARD TOP-10 ဝင် နိုင်ငံတကာသီချင်းကောင်းများ

ဒီကနေ့မှာတော့ သီချင်းချစ်သူ ပရိသတ်တွေအတွက် ဖေဖေါ်ဝါရီလ ပထမပတ်ရဲ့ BILLBOARD TOP TEN ဝင်ထားတဲ့ နိုင်ငံတကာ သီချင်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီအပတ်မှာရော ဘယ်သီချင်းတွေက နံပါတ်(၁) နေရာကို ရမယ်လို့ထင်လဲ။ နံပါတ် ၁၀ နေရာကနေ စပြီး တင်ဆက်ပေးလိုက်ပါတယ်။

10. Lil Baby x Gunna – Drip Too Hard

အရင်အပတ်က နံပါတ် ၈ နေရာမှာ ရှိခဲ့တဲ့ ဒီသီချင်းလေးကတော့ ဒီအပတ်မှာ နံပါတ် ၁၀နေရာကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

9. Maroon 5 – Girls Like You ft. Cardi B

Youtube ပေါ်မှာ ကြည့်ရှုသူ ဘီလျံနဲ့ချီ ရရှိထားတဲ့ ဒီသီချင်းလေးကတော့ BILLBOARD TOP TEN မှာ ဝင်နေတာ တော်တော်လေးကြာနေပါပြီ။ ဒီအပတ်မှာတော့ နံပါတ် ၉ နေရာကို ရောက်နေတာဖြစ်ပြီး အရင်အပတ်ကတော့ နံပါတ် ၇ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

8. Post Malone – “Wow”

Post Malone သီဆိုထားတဲ့ ဒီသီချင်းလေးကတော့  အရင်အပတ်က နံပါတ် ၉ နေရာမှာ ရှိနေပြီး ဒီအပတ်မှာတော့ နံပါတ် ၈ နေရာကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

READ
အမိုက်စား ဘော်ဒီကောက်ကြောင်းတွေကို ပြသလိုက်တဲ့ ရွှေအိမ်စည်

7. Marshmello ft. Bastille – Happier

ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၆ နေရာမှာ ရှိခဲ့ပြီး ဒီအပတ်မှာတော့ နံပါတ် ၇ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

6. Panic! At The Disco – High Hopes

အရင်အပတ်က နံပါတ် ၄ နေရာမှာ ရှိခဲ့တဲ့ ဒီသီချင်းကတော့ ဒီအပတ်မှာ နံပါတ် ၆ နေရာမှာ ရောက်နေတာဖြစ်ပါတယ်။

5. Travis Scott – SICKO MODE ft. Drake

BILLBOARD TOP TENထဲမှာ အချိန်အတော်ကြာရှိနေတဲ့ သီချင်းလေးကတော့ အရင်အပတ်က နံပါတ် ၃ နေရာမှာ ရှိခဲ့ပြီး ဒီအပတ်မှာတော့ နံပါတ် ၅ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

READ
ဝေဖန်တိုက်ခိုက်လာတဲ့ Comment ကို စုလှိုင်ဝင်း ပြန်တုံ့ပြန်

4. Ariana Grande – Thank u, next

အရင်အပတ်က နံပါတ် ၅ နေရာမှာ ရှိခဲ့ပြီး ဒီအပတ်မှာတော့ နံပါတ် ၄ နေရာကို ရောက်လာတာဖြစ်ပါတယ်။

3. Post Malone, Swae Lee – Sunflower

အရင်အပတ်က နံပါတ် ၂ နေရာမှာ ရှိခဲ့တဲ့ ဒီသီချင်းလေးကတော့ ဒီအပတ်မှာ နံပါတ် ၃ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

2.Halsey – Without Me

ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၁ နေရာကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဒီအပတ်မှာတော့ နံပါတ် ၂ နေရာကို ရောက်ရှိသွားတာဖြစ်ပါတယ်။

1.Ariana Grande – 7 rings

Ariana ကတော့ သူ့ရဲ့ သီချင်းအသစ်နဲ့ နံပါတ် ၁ နေရာကို ပြန်လည်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

Source: Billboard

SHARE