ဇန်နဝါရီလ ဒုတိယပတ်အတွင်း BILLBOARD TOP TEN ဝင် နိုင်ငံတကာသီချင်းကောင်းများ

နိုင်ငံတကာသီချင်းတွေကို အားပေးကြတဲ့ ပရိသတ်တွေအတွက် နှစ်သစ်ရဲ့ ဒုတိယအပတ်မှာ BILLBOARD TOP TEN ဝင် နိုင်ငံတကာ သီချင်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို အကြိုက်ဆုံးလဲ ပရိသတ်ကြီးရေ။ နံပါတ် ၁၀ ကနေစပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။

10.Post Malone – Better Now

ဒီသီချင်းကိုတော့ Post Malone က သီဆိုထားတာဖြစ်ပြီး ဒီအပတ်မှာ BILLBOARD TOP TEN ထဲကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

9.Kodak Black – ZEZE (feat. Travis Scott & Offset)

BILLBOARD TOP TENမှာ အချိန်အတော်ကြာရှိနေတဲ့ ဒီသီချင်းလေးကတော့ ဒီအပတ်မှာ နံပါတ် ၉နေရာမှာ ရှိနေတာဖြစ်ပါတယ်။

8.Lil Baby x Gunna – Drip Too Hard

ဒီသီချင်းကတော့ အရင်အပတ်တုန်းက BILLBOARD TOP TENကနေထွက်သွားခဲ့ပြီး ဒီအပတ်မှာတော့ နံပါတ် ၈နေရာကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

READ
Jumpsuit ဖက်ရှင်နဲ့ Sexy ကျကျ Night Out ထွက်လာတဲ့ Demi Rose

7.Maroon 5 – Girls Like You ft. Cardi B

နံပါတ် ၁ နေရာကို ကာလအတော်ကြာ သိမ်းပိုက်ခဲ့တဲ့ ဒီသီချင်းကတော့ ဒီအပတ်မှာ နံပါတ် ၇နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

6.Marshmello ft. Bastille – Happier

လူကြိုက်များတဲ့ ဒီသီချင်းလေးကတော့ အရင်အပတ်က နံပါတ် ၇နေရာမှာ ရှိနေခဲ့ပြီး ဒီအပတ်မှတော့ နံပါတ် ၆နေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။

5.Panic! At The Disco – High Hopes

ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၆နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

4.Travis Scott – SICKO MODE ft. Drake

top five မှာ အမြဲရှိနေတဲ့ ဒီသီချင်းကတော့ ဒီအပတ်မှာ နံပါတ် ၄နေရာမှာ ရှိနေတာဖြစ်ပါတယ်။

READ
အိမ်ထောင်ရေးအဆင်မပြေမှုနဲ့ပတ်သက်ပြီး ရင်ဖွင့်ပြောဆိုလာတဲ့ မျိုးစန္ဒီကျော်

3.Post Malone, Swae Lee – Sunflower

ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၅နေရာမှာ ရှိနေခဲ့ပြီး ဒီအပတ်မှာတော့ နံပါတ် ၃နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

2.Ariana Grande – thank u, next

နံပါတ်၁နေရာကို သီချင်းစထွက်ချိန်ကတည်းက အပိုင်စီးထားတဲ့ ဒီသီချင်းလေးကတော့ ဒီအပတ်မှာ နံပါတ် ၂နေရာမှာ ရှိနေတာဖြစ်ပါတယ်။

1.Halsey – Without Me

နံပါတ် ၁နေရာမှာ ရှိနေတဲ့ Halsey ရဲ့ Without Me သီချင်းကတော့ အရင်အပတ်က နံပါတ် ၂နေရာမှာ ရှိနေတာဖြစ်ပါတယ်။

Source: Billboard

SHARE