မတ်လ နောက်ဆုံးအပတ်အတွင်း Billboard Top Ten ဝင် နိုင်ငံတကာ သီချင်းကောင်းများ

နိုင်ငံတကာက နာမည်ကျော်ကြားတဲ့ သီချင်းကောင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် မတ်လ နောက်ဆုံးအပတ်အတွင်းမှာ Billboard Top Ten ဝင်ထားတဲ့ သီချင်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ နံပါတ် ၁၀ ကနေစပြီး တင်ဆက်ပေးလိုက်ပါတယ်။

10.Meek Mill – Going Bad feat. Drake

ဒီသီချင်းကတော့ ဒီအပတ်ထဲမှာမှ Billboard Top Ten ထဲကို ဝင်ရောက်လာတဲ့ သီချင်းသစ်လေးဖြစ်ပါတယ်။ ခပ်မိုက်မိုက် သီချင်းလေးတစ်ပုဒ်ဖြစ်လို့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။

9.J. Cole – MIDDLE CHILD

ဒီသီချင်းကတော့ အရင်အပတ်က နံပတ် ၈နေရာမှာ ရှိနေခဲ့တာဖြစ်ပြီး ဒီအပတ်မှာတော့ နံပါတ် ၉နေရာကို ရောက်သွားခဲ့တာဖြစ်ပါတယ်။

8.Jonas Brothers – Sucker

အရင်အပတ်က နံပါတ် ၆နေရာမှာ ရှိနေခဲ့ပြီး ဒီအပတ်မှတော့ နံပါတ် ၈နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

READ
ပရိသတ်တွေကို အံ့သြမှင်သက်သွားစေတဲ့ သင်ဇာဝင်ကျော့်ရဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်များ

7.Lady Gaga, Bradley Cooper – Shallow

ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၉နေရာမှာ ရှိနေခဲ့တာပါ။

6.Marshmello ft. Bastille – Happier

Billboard Top Ten မှာ အချိန်အတော်ကြာ ရှိနေခဲ့တဲ့ ဒီသီချင်းကတော့ ဒီအပတ်မှာ နံပါတ် ၆နေရာမှာ ရှိနေတာဖြစ်ပါတယ်။

5.Cardi B & Bruno Mars – Please Me

ဒီသီချင်းကတော့ အရင်အပတ်က နံပါတ်၎နေရာမှာ ရှိနေပြီး ဒီအပတ်မှတော့ နံပါတ် ၅နေရာကို ရောက်ရှိသွားတာဖြစ်ပါတယ်။

4.Post Malone – “Wow”

Billboard Top Ten ထဲမှာတော့ Post Malone ရဲ့ သီချင်းနှစ်ပုဒ်တောင်ရှိနေတာဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ အရင်အပတ်က နံပါတ် ၅နေရာမှာရှိနေခဲ့ပါတယ်။

READ
၂၀၁၈ခုနှစ်ထဲမှာ ထွက်ရှိလာမယ့် ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲ အသစ်များ

3.Post Malone, Swae Lee – Sunflower

ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၂နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

2.Halsey – Without Me

ဒီသီချင်းကတော့ Billboard Top 3မှာ အမြဲရှိနေတာဖြစ်ပါတယ်။ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

1.Ariana Grande – 7 rings

ဒီသီချင်းကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိနေတဲ့ သီချင်းတစ်ပုဒ်ပါ ။ ဒါကြောင့်လည်း နံပါတ် ၁ နေရာမှာ ရှိနေတာ တော်တော်လေးကို ကြာနေပြီဖြစ်ပါတယ်။

Source: Billboard

SHARE